ကိုယ်ရောက်ပါပြီ

ကိုယ်ရောက်ပါပြီ

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာ သွားတယ်။

ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ် တစ်စောင်ပို့လိုက်တယ်။

ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင် မသိလိုက်ဘူး။

အဲဒီအီးမေးလ်ကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ….

ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောကျ်ားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။

နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေးလို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။

ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့ … ချစ်ဇနီး

အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ

နေ့စွဲ ။ ။ ၁၇ ရက် ဇန်နဝါရီလ ၂၀၁၉

မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။

သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်းမနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။

မင်းကိုချစ်တဲ့

မောင်…

Credit: Orginal Uploader


မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ