မိမိဆိုတဲ့ အမှတ်တံဆိပ်

မိမိဆိုတဲ့ အမှတ်တံဆိပ်

ဒီနေ့အချိန်အခါမှာ အမှတ်တံဆိပ်လို့ဆိုရင် ကုန်ပစ္စည်းဝန်ဆောင်မှုသာမကလူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့လည်းသက် ဆိုင်နေပါတယ်။ ဥပမာဆိုရရင် နိုင်ငံတကာ အားကစားသမားတွေမှာဆိုရင် ဒေးဗစ်ဘက်ခမ်း၊ မိုဟာမက်အလီ၊ ဝီလီယံညီအစ်မ စသဖြင့်၊ နိုင်ငံတကာစီး ပွားရေးသမားတွေဆိုရင် ဒေါ်နယ်ထရန့်ပ်၊ ဝါရင်ဘူးဖက်၊ ရစ်ချဒ်ဘရင်ဆင် စသဖြင့်၊ နိုင်ငံတကာ အနုပညာရှင်တွေဆိုရင် ဂျွန်လီနွန်၊ အဲဗစ်ပရက်စလေ၊ ABBA ၊ မက်ဒေါနား၊ ဂျက်စတင်ဘီဘာ စသဖြင့် နိုင်ငံတကာ နိုင်ငံရေးခေါင်းဆောင်တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ အိုဘားမား၊ မာဂရက်သက်ချာ တို့ဟာ အမှတ်တံဆိပ် (Brand) တွေပါပဲ။

ဒါပေမဲ့ ပြောင်းလဲတိုးတက်လာတဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆိုရှယ်မီဒီယာတွေကြောင့် အမှတ် တံဆိပ်တစ်ခုဟာ ထိလွယ်ရှလွယ်လွန်းလှပါတယ်။ အဲဒါကို သတိပြုပြင်ဆင်ထားမှသာ မိမိရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်ကလို 'မိမိဆို တဲ့အမှတ်တံဆိပ်' လို့ဆိုရင် သာမန်ကျွန်တော်တို့ ခင်ဗျားတို့နဲ့မသက်ဆိုင်ဘဲ နာမည်ကြီးအနုပညာရှင်တွေနိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်ဆိုတာ မဟုတ်တော့ဘူးလို့ သတိထားဖို့လိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာလိုပဲ Facebook ပေါ်မှာ မိမိထမင်းစားနေတဲ့ကုမ္ပဏီမကောင်းကြောင်း၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်မကောင်းကြောင်းတွေကို သားပုပ်လေလွင့် ရေးသားမိတဲ့အတွက် အလုပ်ထုတ်ခံ ရတဲ့ကိစ္စတွေ အများအပြားရှိလာပါတယ်။ တစ်ခု သတိပြုဖို့က ဘာအကြောင်းအရာပဲဖြစ်ဖြစ် Facebook ပေါ်မှာ တင်ထားမိရင် ဘယ်အချိန် ဘယ်နေရာကျရင် ပြန်ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ စိတ် လိုက်မာန်ပါ ဒေါနဲ့မောနဲ့ အငြိုးကြီးစွာ အမုန်းတရားတွေနဲ့ ရေးသားတာမျိုး မှတ်ချက်ချတာမျိုးမပြုမိအောင် လုံးဝသတိပြုဖို့ လိုပါတယ်။

ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် အခုအချိန်မှာ မြန်မာကုမ္ပဏီတစ်ခုအကြောင်းသိချင်ရင် အချိန်အကြာကြီးမလိုတော့ဘဲ Website ၊ Facebook ၊ LinkedIn တို့ကနေသိနိုင်သလို နိုင်ငံခြားကနေ အလုပ် လျောက်သူတွေကလည်း အဲဒီကုမ္ပဏီ၊ ဒါမှမဟုတ် အ ကြီးအကဲအကြောင်းကို မိနစ်အနည်းငယ်အတွင်းမှာပဲ Website ၊ Facebook ၊ LinkedIn ၊ Twitter တို့ကနေ တစ်ဆင့် ကြိုတင်လေ့လာသိရှိထားပြီး အင်တာဗျူး တွေမှာ ဖြေကြားပြောဆိုလာတာကို သတိပြုဖို့ လိုပါတယ်။ နိုင်ငံတကာလေ့လာသုံးသပ်ချက်စစ်တမ်းများ အရ ဆုံးဖြတ်ချက်ချသူ ၉၈ ရာခိုင်နှုန်းဟာ ကုမ္ပဏီ တစ်ခုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆိုရှယ် မီဒီယာကနေတစ်ဆင့် လေ့လာသုံးသပ်ကြသလို ပစ္စည်း ဝယ်မယ့်သူ၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုရဲ့ဝန်ဆောင်မှု ကို အသုံးချမယ့်သူတစ်ယောက်ဟာ Google Search ကနေတစ်ဆင့် ၈၄ ရာခိုင်နှုန်း၊ LinkedIn ကနေ ၆၅ ရာခိုင်နှုန်း၊ Facebook ကနေ ၅၈ ရာခိုင်နှုန်း၊ Twitter ကနေ ၄၈ ရာခိုင်နှုန်းလေ့လာပြီးမှ ဆုံးဖြတ်ကြောင်း သိရပါတယ်။

ဒါကြောင့်လည်း အခုလို ပြိုင်ဆိုင်မှုပြင်းထန် လာမယ့်ရှေ့ရေးမှာ 'မိမိ' ရဲ့အမှတ်တံဆိပ်ကို သေ သေချာချာဂရုတစိုက်ပြုစုပျိုးထောင်စောင့်ရှောက်နေဖို့ လိုပါတယ်။ ဒီနေ့ဆယ်ကျော်သက်မှစပြီး လူလတ် ပိုင်း အရွယ်တွေအနေနဲ့ တစ်သက်တာလုံး ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာကို ဖက်ပြီး အသက်ရှင်သွားရမှာ ဖြစ်တဲ့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။
ဒါကြောင့် လည်း BRAND AID စာအုပ်ထဲမှာပါတဲ့ Seven Steps to a Great Brand ကို ဝေမျလိုက်ရပါတယ်။

အဆင့် (၁) လတ်တလော 'မိမိ' ကို အများက မည်သို့ တွေးထင်သိမြင်သိရှိထားပါသနည်း။

ရှေးဦးစွာ မိမိကိုယ် တိုင်စိတ်ထင်နားလည်သိရှိထားတဲ့ မိမိရဲ့ အားသာချက်၊ အားနည်းချက် စတာတွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သုံးသပ်ပြီးချရေးဖို့ လိုပါတယ်။ပြီးမှ တခြားမိမိနဲ့သိတဲ့ ရင်းနှီးတဲ့သူတွေရဲ့ ရိုးသားပွင့်လင်းတဲ့ အမြင်တွေကို မေးပြီးချရေးပါ။ သတိပြုရမှာကတော့ အများစုက ကောင်းတာကိုပဲ ဦးစားပေးပြောကြမှာဖြစ်ပြီး အားနာတတ်တဲ့အတွက် အားနည်းချက်တွေကိုတော့ ရဖို့ခက်ခဲပါလိမ့်မယ်။ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်း ေ၀ ဖန်ဖို့ မေတ္တာရပ်ခံကြည့်ပါ။ တစ်ခါတလေ မိမိရဲ့လုပ် ငန်းခွင်ထဲက အမည်မဖော်လိုသူအနေနဲ့ ဝေဖန်ရင် လည်း အကျိုးရှိပါတယ်။

ဥပမာ- အလုပ်ကြိုးစားခြင်း၊ စည်းကမ်းရှိ ခြင်း၊ ထက်မြက်ခြင်း၊ တည်ငြိမ်ခြင်း၊ ဂရုစိုက်တတ် ခြင်း၊ ရက်ရောစွာလှူဒါန်းခြင်း၊ ပြတ်သားခြင်း၊ စွန့် စားရဲခြင်း၊ ချဉ်းကပ်လွယ်ခြင်း၊ တာဝန်ယူတတ်ခြင်း။


အဆင့် (၂) မိမိရှေ့ရေးကို စဉ်းစားဆင်ခြင်ပါ။

မိမိရဲ့ ဘဝရည်မှန်းချက်တွေ အထူးသဖြင့် အလုပ်အ ကိုင်၊ မိသားစု၊ အမွေအနှစ်ကောင်း အဲဒါတွေကို စဉ်း စားပြင်ဆင်ထားပါ။ ပြီးရင် အဲဒီဘဝရည်မှန်းချက် တွေဖြည့်ဆည်းဖို့ ဘယ်လိုလုပ်ဖို့လိုသလဲဆိုတာ ပြင် ဆင်ထားပါ။ ဖြစ်နိုင်ရင် အထိရောက်ဆုံးနဲ့အမြန်ဆုံး နည်းနဲ့ရောက်နိုင်ဖို့ ချရေးထားပါ။ ကိုယ့်ရဲ့အားသာ ချက်၊ အားနည်းချက်တွေကိုလည်း ချရေးထားပါ။ မြင်သာတဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့လိုသလို မိမိရဲ့ ရည်မှန်းချက်ကို အစဉ်စူးစိုက်လုပ်ကိုင်နေဖို့ လည်း လိုအပ်ပါတယ်။ တစ်ခုသတိပြုဖို့က ဘဝရည် မှန်းချက်တွေဟာ တိကျဖို့၊ ဖြစ်နိုင်ခြေရှိဖို့၊ တိတိကျ ကျရှိဖို့ လိုအပ်ပါတယ်။ မိမိမျော်မှန်းထားတဲ့အရည် အချင်းတွေဖြစ်တဲ့ 'အလုပ်ကြိုးစားသူ၊ အပေါင်းအ သင်းများသူ၊ နည်းပညာကျွမ်းကျင်တတ်မြောက်သူ' ဆိုတာတွေဟာ ယေဘုယျကျလွန်းပြီး အခုခေတ်အခြေ အနေမှာ လူတိုင်းမျော်မှန်းထားတာဖြစ်နေတဲ့အတွက် အခြားသူတွေနဲ့ ခြားနားတဲ့အရည်အချင်းတွေကို စဉ်း စားပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီလိုပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ အရည်အသွေးတွေကို စဉ်းစားပြင်ဆင်ရာမှာ တစ်မူကွဲပြားဖို့ လိုပါတယ်။

ဥပမာ - ထက်မြက်ခြင်း၊ ပြဿနာဖြေရှင်းနိုင် ခြင်း၊ တီထွင်နိုင်စွမ်းရှိခြင်း၊ ရိုးသားခြင်း၊ စည်းကမ်း သေဝပ်ခြင်း၊ အသေးစိတ်စဉ်းစားတတ်ခြင်း၊ ဦးတည် ချက်ရှိခြင်း၊ ရလဒ်ကိုအခြေခံခြင်း။


အဆင့် (၃) အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်လေ့လာခြင်း။

အဆင့် တစ် မှာရှိတဲ့ 'မိမိအမှတ်တံဆိပ်' ရဲ့ လက်ရှိ အခြေအနေနဲ့ အဆင့် နှစ် မှာရှိတဲ့ ဖြစ်လိုတဲ့အနာဂတ် အခြေအနေနှစ်ခုကို နှိုင်းယှဉ်လေ့လာဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းဟာ ခက်ခဲတတ်ပြီး အဓိက လိုချင်တာကတော့ မိမိဖြစ်ချင်တဲ့အမှတ်တံဆိပ်အရည် အချင်းတွေ ပြည့်စုံဖို့ ကိုယ်ပြင်ရမယ့်အချက်တွေ၊ တိုး တက်အောင်လုပ်ဖို့လိုတဲ့အားနည်းချက်တွေကို နှိုင်း ယှဉ်ပြီးလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ဥပမာ- အဆင့်နှစ်မှာပဲပါတဲ့အရည်ချင်းတွေ က ပြဿနာဖြေရှင်းတတ်ခြင်း၊ တီထွင်ကြံဆတတ် ခြင်း၊ ရိုးသားခြင်း၊ အသေးစိတ်လုပ်ကိုင်ခြင်း၊ ဦး တည်ချက်ရှိခြင်းနဲ့ ရလဒ်ကိုအခြေခံခြင်း။


အဆင့် (၄) 'မိမိ' ဖြစ်ချင်တဲ့ အမှတ်တံဆိပ်ဖြစ်လာဖို့အတွက် လုပ်ဆောင်ရမယ့် စီမံကိန်းချမှတ်ပြင်ဆင်ခြင်း။

မိမိဖြစ်ချင်တဲ့အမှတ်တံ ဆိပ်ဖြစ်လာဖို့၊ ဘာလုပ်လုပ် အဓိပ္ပာယ်ရှိရှိ တစ်သမတ်တည်းရှိနေဖို့၊ စနစ်တကျ ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။
ဥပမာ - တီထွင်ကြံဆတတ်သူဖြစ် လာချင်ရင် အစည်းအဝေးတိုင်းမှာ မိမိ ရဲ့အကြံအစည်တွေကို အများလက်ခံနိုင် အောင် 'ရောင်း' ကြည့်ဖို့လိုပါတယ်။ အတွေးအခေါ် အယူအဆအသစ်တွေ ကြုံတွေ့ရရင်လည်း လက်ခံနိုင်ဖို့ ပြင်ဆင်ထားပါ။ မိမိအနေနဲ့ အတွေးအခေါ်အသစ်တွေကို အမြဲစဉ်းစား၊ ကြံစည်နေတယ်ဆိုတာ မိမိပတ်ဝန်းကျင်ကို သိရှိပါစေ။


အဆင့် (၅) 'မိမိ အမှတ်တံဆိပ်'ကို ဂရုစိုက်ကာကွယ်စောင့် ရှောက်ပါ။

'မိမိ အမှတ်တံဆိပ်' နဲ့ပတ်သက်တဲ့ မိမိရဲ့ဝတ်စား ဆင်ယင်မှုကအစ နေပုံထိုင်ပုံ ပြောဆိုဆက်ဆံပုံနဲ့အသုံး အနှုန်း၊ မိမိရဲ့မိတ်ဆွေပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ကျန်းမာရေး၊ Facebook မှာတင်တဲ့အကြောင်းအရာနဲ့ ဓာတ်ပုံအဆုံး အမြဲဂရုစိုက်နေဖို့ လိုပါတယ်။ ဘယ်လို အကြောင်းအရာဖြစ်ဖြစ် ပြောဆိုရေးသားဆက်သွယ်တင်ပြရာမှာလည်း အများက 'မိမိ' ကို အပြုသဘော ဆောင်တဲ့ကောက်ချက်၊ မှတ်ချက်တွေပေးနိုင်ဖို့ သတိ ထားဖို့လိုပါတယ်။ အထူးသဖြင့် Facebook မတင်ခင် ရေရှည်ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာ အမြဲသတိပြုဖို့ လိုပါတယ်။

ဥပမာ- တီထွင်ကြံဆတတ်သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံချင်ရင် ခေါင်းဆောင်တွေ၊ မန်နေဂျာတွေနဲ့ တွေ့ကြုံတိုင်း မိမိရဲ့အတွေးအခေါ်သစ် တွေကို တင်ပြဆွေးနွေးပါ။ သူတို့ရဲ့အကြံပြုချက်၊ ေ၀ ဖန်ချက်တွေကို သေချာလေ့လာပြီး ပိုမိုကောင်းမွန်ပြည့် စုံအောင် ပြင်ဆင်ထားပါ။


အဆင့် (၆) 'မိမိ' အမှတ်တံဆိပ်ကို ကာကွယ်စောင့်ရှောက်ဖို့လို အပ်တဲ့အချက်တွေကို ပြင်ဆင်ထားပါ။

အဲဒါဟာ အလွန်အရေးပါပြီး သေသေချာချာ ပြင်ဆင် ထားမှ 'မိမိ' အမှတ်တံဆိပ်ကို ထိခိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။ အခုခေတ်က လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာနဲ့ ဗီဒီယိုပါတော့ အထူးသဖြင့် လူကြားသူ ကြားမှာ နေထိုင်ပြောဆိုပြုမူမှုတွေဟာ အလွန်ပဲဂရုစိုက်ဖို့ လိုပါတယ်။

ဥပမာ- တီထွင်ကြံဆတတ်သူအနေနဲ့ သေ သေချာချာအသေးစိတ်မလေ့လာထားဘဲနဲ့ အတွေးအ ခေါ်အသစ်ကို ဆွေးနွေးတင်ပြတာမျိုး မလုပ်ဖို့လိုပါ တယ်။ ပြင်ဆင်မှုအားနည်းပြီး မပြည့်စုံတဲ့အတွေးအ ခေါ်သစ်မျိုးဟာ မိမိကို ထိခိုက်စေနိုင်ပါတယ်။


အဆင့် (၇) အချိန်ပေးပြီး အမြဲတမ်းဆန်းစစ်လေ့လာပါ။

ခြောက်လပြည့်တိုင်း အပေါ်ကဖော်ပြထားတဲ့အဆင့် တစ်ကနေ ခြောက်ကို ပြန်ဆန်းစစ်လေ့လာဖို့ လိုအပ် ပါတယ်။ အပြောင်းအလဲမြန်တဲ့ ယနေ့ခေတ်အချိန်အခါ နဲ့ နည်းပညာရဲ့အကျိုးဆက်ကြောင့် အမှတ်တံဆိပ်တွေ ဟာ အပြောင်းအလဲ၊ အတိုးအဆုတ်တွေဖြစ်နိုင်ဖွယ်ရှိ နေပါတယ်။ အဓိကသတိထားရမယ့်အချက်က အချိန် ပြောင်းလဲလာတာနဲ့အမျ မိမိအမှတ်တံဆိပ်ရဲ့ နဂိုမူလ ရည်မှန်းချက်တွေနဲ့ သွေဖည်မှုရှိ မရှိ အမြဲဆန်းစစ်နေ ဖို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ နိုင်ငံရေးပုံစံပြောင်းလဲသွား တာနဲ့အမျ ရရှိလာမယ့်အခွင့်အရေးတွေ၊ စိန်ခေါ်မှုတွေ အတွက် မိမိ၊ ဒါမှမဟုတ် ကုမ္ပဏီအဖွဲ့အစည်းအတွက် အမှတ်တံဆိပ်ကောင်းတစ်ခုအနေနဲ့ စနစ်တကျပြင် ဆင်ထားဖို့လိုပါကြောင်း . . .


မောင်သာ

Credit: CEO Myanmar Facebook Page


မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ