World Wide Web တို့ရဲ့ ဖန်တီးသူ Sir Tim Berners-Lee

World Wide Web တို့ရဲ့ ဖန်တီးသူ Sir Tim Berners-Lee

Sir Tim Berners-Lee ကိုယ်ရေးအကျဉ်း

မွေးသက္ကရာဇ် ၈.၆.၁၉၅၅။
TimBL ဟုလည်း ခေါ်ကြသော ဆာတင်မ်သည် World Wide Web (www) ကို တီထွင်သူအဖြစ် အထင်ရှားဆုံးအင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ၊ ကွန်ပျူတာ သိပ္ပံပညာရှင်ဖြစ်သည်။

တင်မ်သည် Time မဂ္ဂဇင်း၏ ၂၁ ရာစု အရေးပါဆုံး ပုဂ္ဂိုလ်စာရင်းမှာပါဝင်ပြီး ကွန်ပျူတာသိပ္ပံပညာဆိုင်ရာ စွမ်းဆောင်မှုတွေကြောင့် Turing ဆုရခဲ့သည်။ (ထိုဆုသည် လျို့ဝှက်ကုတ်တွေကို အဓိပ္ပာယ်ဖွင့်ရာမှာ ကျော်ကြားတဲ့ သင်္ချာနဲ့သိပ္ပံပညာရှင် အယ်လင်တူရင်းကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။)

သူဟာ ၂၀၁၂ ခုနှစ် အိုလံပစ်အားကစားပွဲမှာ ဂုဏ်ပြုခံရပြီး ဗြိတိန်အဲလ်စဘက် ဘုရင်မကြီးကချီးမြှင့်တဲ့ 'ဆာ' ဘွဲ့ကိုရရှိခဲ့ပါသည်။
ယခုအခါ အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် M.I.T (မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်) တို့တွင် ကွန်ပျူတာသိပ္ပံ ဘာသာဌာနပါမောက္ခ အဖြစ်အမှုထမ်းလျက်ရှိသည်။

၁၂.၃.၁၉၈၉ တွင် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခုကို အဆိုပြုပြီး HTTP (Hypertext Transfer Protocol) သုံးသူတစ်ဦးနှင့် ကွန်ပျူတာဆာဗာကို ထိုနှစ် နိုဝင်ဘာလလယ်၌ အင်တာနက်မှ ပထမဆုံးအောင်မြင်စွာ ဆက်သွယ်ပေးခဲ့သည်။

W3C (World Wide Web Consortium) ၏ ညွှန်ကြားရေးမှူး WWW Foundation တည်ထောင် သူနှင့် CSAIL.IMIT (ကွန်ပျူတာသိပ္ပံနှင့် လူ့ဉာဏ်ရည်အရဓာတ်ခွဲခန်း)၏ အကြီးတန်းသုတေသီနှင့် တည်ထောင်သူ ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည်။

အင်တာနက်သိပ္ပံသုတေသနစီမံချက် (WSRI) ညွှန်ကြားရေးမှူး၊ MIT ၏ စုပေါင်းအသိ ဉာဏ်ဗဟိုဌာန အကြံပေးအဖွဲ့ဝင်၊ Ford ဖောင်ဒေးရှင်း၏ ဂေါပကအဖွဲ့ဝင်၊ Open Data Institute စွမ်းဆောင်သူနှင့် ဥက္ကဋ္ဌ၊ လတ်တလော၌ ဆိုရှယ် မီဒီယာ MeWe အတွက် အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ အောက်တိုဘာလတွင် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များမှ ကွန်ပျူတာနှစ်ခုအ ကြား အချက်အလက်များကို အပြန်အလှန်ဖလှယ်နိုင် ရန် ကြိုးပမ်းခြင်းမှာ World Wide Web ၏ ကနဦးအစပင်ဖြစ်ပြီး၊ ယင်းတို့၏ မူလရည်ရွယ်ချက်မှာ “LOG” ဟူသည့် အက္ခရာသုံးလုံးကိုရိုက်၍ ယင်းစာလုံးများအား အခြားကွန်ပျူတာထံသို့ Binary ပုံစံ (၀ နှင့် ၁ ကိန်းဂဏန်းနှစ်ခုကိုအသုံးပြု၍ ရေးသည့်ကုဒ်) ဖြင့် ပေးပို့ရန်ဖြစ်ကာ နောက်ပိုင်းတွင် “LOGIN” ဟူ၍ ဖြစ်လာစေရန်အတွက် ကျန်အက္ခရာနှစ်လုံးကို ထပ်မံဖြည့်သွင်းခဲ့ပါသည်။ ယင်းတို့၏ ဒုတိယကြိုးပမ်းမှုမှာလည်းအောင်မြင်ခဲ့ပြီး အမေရိကန်နိုင်ငံကာကွယ်ရေးဌာန၏ငွေကြေးပံ့ပိုးမှုဖြင့် APRANET စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

အင်တာနက်၏ ဖခင်ဟုယူဆနိုင်သည့်စနစ်မှာ တက္ကသိုလ်နှင့် တပ်မတော်ဆိုင်ရာကွန်ရက်များတွင် အသုံးပြုသော ကွန်ပျူတာများအားချိတ်ဆက်ထားသည့်စနစ်ဖြစ်ပြီး၊ ယင်းစနစ်တွင် မူလကကွန်ပျူ တာလေးလုံးသာရှိခဲ့ရာမှ ၁၉၇၀ ပြည့်နှစ်တွင် ကွန်ပျူတာ ၁၃ လုံးနှင့် ၁၉၈၁ ခုနှစ်တွင် ကွန်ပျူတာ ၂၁၃ လုံးအထိ များပြားလာခဲ့ပါသည်။

၁၉၇၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသား Ray Tomlinson မှ APRANET တွင် ပထမဆုံးအီးမေးလ်ကိုပေးပို့ခဲ့ပြီး၊ ယင်းအား အသိအမှတ်ပြုသောအားဖြင့် အသုံးပြုသူ၏ အမည်နှင့် ယင်းအသုံးပြုလျက်ရှိသည့် ကွန်ရက်ကြားတွင် ဏ္ဍသင်္ကေတကို ထည့်သွင်းလျက်ခွဲခြားပေးခဲ့ပါသည်။

တူညီသောကွန်ရက်ပေါ်ရှိ ကွန်ပျူတနှစ်ခုအကြား သတင်းအချက်အလက်များကို ဖလှယ်နိုင်ရန်အ တွက် ''ပရိုတိုကောလ် (Protocol)'' ဟုခေါ်သည့် ဆက်သွယ်ရေးဆိုင်ရာစည်းမျဉ်းများနှင့်အညီ ထိန်းချုပ်ဆောင် ရွက်သောအဆင့်အလိုက် လုပ်ငန်းစဉ်များရှိရန် လိုအပ်ပါသည်။

၁၉၇၀ ကျော်နှစ်များတွင် အမေရိကန်နိုင်ငံသားများဖြစ်သည့် Robert Kahn နှင့် Vinton Cerf တို့မှ TCP/ IP ပရိုတိုကောလ်ကို ဖန်တီးခဲ့ကြပြီး၊ ယင်းမှာ တူညီသောကွန်ရက်၊ သို့မဟုတ် အခြားသောကွန်ရက်များပေါ်ရှိ ကွန်ပျူတာများအကြား အချက်အလက်များကို အပြန်အလှန်ပေးပို့နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကာ ယင်းပရိုတိုကောလ်ကို လက်ရှိအချိန်အထိအသုံးပြုနေဆဲဖြစ်ပါသည်။

ထိုသို့အခြားသော ကွန်ပျူတာကွန်ရက်များ အထူးသဖြင့် တက္ကသိုလ်များ၏ ကွန်ပျူတာကွန်ရက်များ နှင့် ချိတ်ဆက်နိုင်ရန်အတွက် ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပရိုတိုကော်လ်ကို APRANET ၌ စတင် အသုံးပြုခဲ့ပြီး၊ ထိုသို့ကွန်ပျူတာကွန်ရက်များအကြား ချိတ်ဆက်ခြင်းဖြင့် အင်တာနက်စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

ဥရောပ၏ ရူပဗေဒဆိုင်ရာသုတေသနဓာတ်ခွဲ ခန်း CERN တွင် တာဝန်ထမ်းဆောင်နေသည့် ဗြိတိသျ ရူပဗေဒပညာရှင် Tim Berners-Lee မှ သတင်းအချက်အလက်စီမံခန့်ခွဲမှုအား ခွဲဝေထိန်းချုပ်သည့်စနစ်အား ၁၉၈၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် အဆိုပြုခဲ့ပြီး၊ ယင်းမှာ World Wide Web ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ယင်းထောက်ပြသည့်အချက်မှာ CERN တွင် ဝန်ထမ်းထောင်ပေါင်းများစွာရှိပြီး၊ အချိန်တိုင်းတွင် ဝန်ထမ်းအသစ်များ ထပ်မံရောက်ရှိနေသည့်အတွက် ယင်းတို့နှင့်ဆက်စပ်သည့် သတင်းအချက်အလက်များကို ရှာဖွေရန်မှာ အလွန်ရှုပ်ထွေးပြီး၊ ယင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းသိမ်းဆည်းထားမှုမရှိသည့် အချက်ပင်ဖြစ်ပါသည်။

သို့ဖြစ်ရာ Hypertex အစနစ်ကို ယင်းမှအဆိုပြုခဲ့ပြီး၊ ယင်းစနစ်တွင် အကြောင်းအရာတစ်ခု၏ အဓိကစကားစု (Key Words) ကို အသုံးပြုကာရှာဖွေခြင်းဖြင့် ယင်းတို့နှင့်သက်ဆိုင်သည့် အင်တာနက်စာမျက်နှာကို ရောက်ရှိစေခြင်းဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အခြားသော အင်တာနက်စာမျက်နှာများနှင့် ချိတ်ဆက်ပေးခြင်းဖြစ်ပါသည်။
၁၉၉၀ ပြည့်နှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံသား Robert Cailliau မှာ ယင်း၏တီထွင်ဖန်တီးမှုများကို မြှင့်တင်နိုင်ရန်အတွက် Berners-Lee တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ယင်း၏ဆောင်ရွက်သည့် လုပ်ငန်းမှာ အင်တာနက်စာမျက်နှာရေးသားဖန်တီးရန် အသုံးပြုသည့် ကုဒ် (Code) တစ်ခုဖြစ်သော HTML Language နှင့် အသုံးပြုသူ၏တောင်းဆိုချက်နှင့် ဆက်စပ်သည့် အင်တာနက်စာမျက်နှာကိုရရှိစေရန် ဆောင်ရွက်ပေးသည့် စနစ်ဖြစ်သော HTTP Hypertext ဖလှယ်ပေးသည့် ပရိုတိုကောလ်စသည့် ကဏ္ဍရပ်နှစ်ခုကို အခြေခံဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ယင်းနောက် အင်တာနက်စာမျက်နှာများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများအပြင် ပထမဆုံး Website တို့ စုစည်းထားသည့် ပထမဆုံးဆာဗာ (Server) ကွန်ပျူတာမှာ ဒီဇင်ဘာလတွင် စတင်လည်ပတ်ခဲ့ပါသည်။

''ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ Web တစ်ခုကိုဖန်တီးဖို့ ''မဖြစ်နိုင်လောက်တော့ဘူး'' လို့ ယူဆတာတွေ ဖြစ်လာနိုင်ပါတယ်''လို့ Berners-Lee က ပြောခဲ့ပါတယ်။ Web ဟာ ၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ သက်တမ်းနှစ်ပေါင်း ၃၀ ပြည်ခဲ့ပြီး ယင်းရဲ့ဖန်တီးသူ Tim Berners-Lee ကတောာ့ နောက်ထပ်နှစ်ပေါင်း ၃၀ အထိ မျော်တွေးထားပြီး ဖြစ်ပါတယ်။

Web ရဲ့ နှစ်ပတ်လည်မွေးနေ့သို့ ပေးပို့တဲ့ ယင်းရဲ့စာမှာ Berners-Lee အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးခုအတွင်း Web ဘယ်လိုတိုးတက်လာလဲဆိုတဲ့ အကြောင်းအရာတွေအတွက် အချိန်အနည်းငယ်သာအသုံးပြုခဲ့ပြီး၊ နောက်ဆယ်စုနှစ် သုံးခုအတွင်း ဘာတွေလုပ်လို့ရနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုသာ အကောင်းဘက်မှ ရှုမြင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

''လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ Web ဘယ်လောက်ပြောင်းလဲခဲ့တယ်ဆိုတာကို ကြည့်လိုက်ရင် နောင် နှစ် ၃၀ အတွင်းမှာ ဒီထက်ပိုကောင်းအောင်ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆပြီး လက်လျော့လိုက်တာမျိုးအ ထိ ဖြစ်စေနိုင်ပါတယ်'' လို့ Berners-Lee က ပြောခဲ့ပါ တယ်။
''အခုအချိန်မှာ ပိုကောင်းတဲ့ Web တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့ လက်လျော့လိုက်ကြမယ် ဆိုရင် Web က ကျွန်တော်တို့ လက်အောက်မှာ ကျရှုံးမှာမဟုတ်ဘဲ ကျွန်တော်တို့ကသာ Web ရဲ့ အောက်မှာကျရှုံးမှာ ဖြစ်ပါတယ်'' လို့လည်း ပြောကြားခဲ့ပါတယ်။

နျူကလီးယားသုတေသနအဖွဲ့ဖြစ်တဲ့ CERN မှာ တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ Berners-Lee ဟာ အချက်အလက်၊ အကြောင်းအရာများအား အလျင်အမြန်ပေးပို့နိုင်ရန် ရှုပ်ထွေးတဲ့ နည်းလမ်းများအသုံးပြုနေကြရတဲ့ ကမ္ဘာတစ်ဝန်းမှ ပညာရေးဆိုင်ရာအဖွဲ့များကို အထောက်အပံ့ဖြစ်စေရန်အတွက် ''တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်ထားသော သတင်းအချက်အလက်စနစ်'' နဲ့ပတ်သက်ပြီး ရေးသားထုတ်ဝေခဲ့ပါတယ်။

ယင်းအချိန်မှစပြီး Web ပေါ်ထွက်လာခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိ လူသားဘီလီယံများစွာမှာ အင်တာနက်နဲ့ ချိတ်ဆက်ခြင်းနဲ့ တစ်ဦးနှင့်တစ်ဦးချိတ် ဆက်ခြင်းတို့ကို ဆောင်ရွက်လာနိုင်ပါတယ်။

အခြားသော ၃၀ နှစ်သားအရွယ်များကဲ့သို့ပင် Web မှာလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမယ့် ကိစ္စရပ်များ ရှိနေဆဲဖြစ်ပါတယ်။ အဆိုပါအချက်များနဲ့ စပ်လျဉ်းပြီး ယင်းရဲ့စာမှာ Berners-Lee မှ ကမောက်ကမမှုများကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းသုံးချက်ကို ဖော်ပြထားပါတယ်။ ယင်းတို့အနက် ပထမအချက်မှာ ရည်ရွယ်ချက်ရှိစွာဖြင့် အလွဲသုံးစားပြုလုပ်ခြင်း (နိုင်ငံအစိုးရများ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် အချက်အလက် ခိုးယူမှု၊ ရာဇဝတ်မှုမြောက်သည့် အပြုအမူများနှင့် အကြမ်းဖက်ခြင်း)၊ ဒုတိယအချက်မှာ အသုံးပြုသူများအားသတင်းမှားများနဲ့ ကလစ်နှိပ်မိစေဖို့များခေါ်တဲ့ အကြောင်းအရာများကို ဖြန့်ဝေရန် ငွေကြေးပေးကာ စေခိုင်းမှုကိုဖြစ်ပေါ်စေတဲ့ မိမိတို့စနစ်ရဲ့ အားနည်းချက်များဖြစ်ပြီး၊ တတိယအချက်မှာ နာကြည်းမှုနဲ့ အယူဝါဒကွဲပြားစေဖို့ ရေးသားပြောဆိုမှုများကို ဖြစ်ပေါ်စေခြင်းကဲ့သို့ လုပ်ငန်းဒီဇိုင်းပိုင်းဆိုင်ရာ မမျော်မှန်းထားတဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ Berners-Lee အနေဖြင့် အဆိုပါ စိန်ခေါ်မှုအန္တရာယ်တွေကို တိုက်ထုတ်ဖို့ ယင်းတို့ရဲ့ စုပေါင်းစွမ်းအားကို အပြုသဘောရှုမြင်ထားဆဲဖြစ်ပြီး၊ ယင်းတို့အနေဖြင့် အလေးထားဆောင်ရွက်မယ်ဆိုပါက မည်ကဲ့သို့သော ပြဿနာရပ်ကမျ ယင်းတို့အား လမ်းလွဲစေဖို့ ပြုလုပ်နိုင်ဟုတ်ဟု ယုံကြည်ထားပါတယ်။

''အစိုးရတစ်ခု၊ လူမှုကွန်ရက်တစ်ခု၊ ဒါမှမဟုတ် လူတို့ရဲ့ စိတ်ဓာတ်တစ်ခုတည်းကိုပဲ အပြစ်တင်လို့ မရပါဘူး။ အဆိုပါပြဿနာများဖြစ်ရတဲ့ အကြောင်းအရင်းကို အာရုံစိုက်ဆောင်ရွက်ရမယ့်အစား ယင်းပြဿနာရပ်များရဲ့ သွင်ပြင်လက္ခဏာများကို တိုက်ဖျက်ဖို့ပဲ ဆောင်ရွက်နေမယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ဖြစ်ရပ်တွေကတောင် ကျွန်ုပ်တို့ရဲ့စွမ်းအင်တွေကိုကုန်ဆုံးသွားစေနိုင်ပါတယ်'' လို့ သူက ပြောကြားခဲ့ပါတယ်။

မိမိတီထွင်မှုမှ တိုက်ရိုက်အမြတ်အစွန်းမရ Web ကို စောင့်ရှောက်ထိန်းသိမ်းထားနိုင်ဖို့ တစ်သက်လုံးနီးပါး ကြိုးစားလာခဲ့တဲ့ Sir Tim Berners-Lee ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ထဲမှ Web ကို ပြန်သိမ်းပြီး ယင်းရဲ့ ဒီမိုကရက်တစ်ဇာစ်မြစ်ဆီ ပြန်ပို့ရန် Solid ဆိုသော ပလက်ဖောင်းအသစ်တစ်ခုကို တီထွင်စမ်းသပ်လျက်ရှိပါတယ်။

စီးပွားရေးကုမ္ပဏီကြီးတွေအစား တင်မ်ဟာ Developer အဖွဲ့ငယ်တစ်ဖွဲ့နဲ့ လက်တွဲပြီး လူတစ်ဦးချင်း စီကို ယင်းတို့ရဲ့ဒေတာတွေ ထိန်းချုပ်ခွင့်ရစေမယ့် ပလက်ဖောင်းအသစ် Solid အတွက် အချိန်ပိုပေးပြီး ဆောင်ရွက်နေပါတယ်။

Solid ဟာ သတင်းအတုတွေကြောင့် ပျက်ပြယ်သွားသော အောင်မြင်မှုနဲ့ ရင်ခုန်မှုတချို့ကို ပြန်ဖြည့်ပေးလိမ့်မည်ဟု တင်မ်ကပြောပါတယ်။ သူဟာ ယခုပြုပြင် ပြောင်းလဲမှုရဲ့ ခေါင်းဆောင်မဟုတ်ပေမယ့် ဒီတိုက်ပွဲမှာ အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ Web ရဲ့ ဗဟိုချုပ်ကိုင်မှု ရုပ်သိမ်းရေးဟာ မူလက အဲဒါကို တီထွင်ရတာထက် ပိုခက်ခဲမယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်ပါတယ်။
သတင်းမီဒီယာတွေရဲ့ ရှုတ်ချမှုနဲ့ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်မှုတွေကြောင့် ထိပ်သီးနည်းပညာကုမ္ပဏီ ကြီးတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းကုမ္ပဏီတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပြီး သုံးစွဲသူတွေကို ကာကွယ် စောင့်ရှောက်မယ့် ပြောင်းလဲမှုတွေလုပ်ဖို့ ယင်းတို့ဆန္ဒရှိ တယ်လို့ ဆိုကြတယ်။

''အမှားကို အမှန်ဖြစ်အောင် ပြင်ပေးဖို့ ကျွန်တော်ကတိပြုပါတယ်'' လို့ မာ့ခ်ဇပ်ကာဘာ့ဂ်က ၂၀၁၈၊ ဧပြီလက ကွန်ဂရက်လွှတ်တော်မှာ ပြောခဲ့တယ်။ Google ကလည်း မကြာသေးခင်က Gmail သုံးသူအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးတဲ့ Feature အသစ်တွေ တပ်ဆင်ထည့်သွင်းပေးခဲ့တယ်။ အစိုးရအဖွဲ့တွေကလည်း ပြောင်းလဲမှုတွေလုပ်ဖို့ တွန်းအားပေးနေပါတယ်။

Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ