တရုတ်နိုင်ငံမှ အောင်မြင်သော Startup ခြောက်ခု

တရုတ်နိုင်ငံမှ အောင်မြင်သော Startup ခြောက်ခု
တရုတ်နိုင်ငံမှ အောင်မြင်သော Startup ခြောက်ခု

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ChinaBang Awards 2018 ဆုပေးပွဲကို TechNode မှ မကြာသေးခင်က စီစဉ်ခဲ့ပါတယ်။ အဲဒီဆု ပေးပွဲကို တက်ရောက် ဖို့ အတွက် တရုတ်ပြည် တွင်းမှာရှိကြတဲ့ အလားအလာအရှိဆုံး Tech Startup တွေနဲ့ Investor တွေကို ဖိတ်ကြား ခဲ့ပါတယ်။ အဲဒီလိုအောင်မြင်ပြီး အလား အလာ အရမ်း ကောင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ လက်ရှိနေရာကို ဘယ်လိုများ ရောက်လာခဲ့ကြပါသလဲ။ အဲဒါကို လေ့လာဖို့ အတွက် ဆုပေးပွဲမှာ ဆုတံဆိပ်တွေ ရရှိခဲ့ကြတဲ့ကုမ္ပဏီ ခြောက်ခုက လူတွေကိုတွေ့ဆုံပြီး သူတို့ရဲ့ အောင်မြင် မှု တွေက ဘာတွေလဲဆိုတာနဲ့ အခုလိုအောင်မြင်လာဖို့အတွက် သူတို့မှာရှိတဲ့ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မား စေတဲ့ အားသာ ချက်တွေက ဘာတွေလဲဆိုတာကို ပြန်လည် ဝေမျှလိုက်ရပါတယ်။

၁။ VIPKID (တစ်နှစ်တာအတွက် အကောင်းဆုံး ကုမ္ပဏီဆုရှင်)

VIPKID ကုမ္ပဏီဟာ ပညာရေး နယ်ပယ်ထဲကို ၂၀၁၇ တုန်းက အသစ်တစ်ဖန် ပြန်လည် မွေးဖွားသလို ဝင်ရောက်လာခဲ့တဲ့ ဒေါ်လာသန်းချီ တန်ကြေးရှိတဲ့ Startup လုပ်ငန်း တစ်ခုဖြစ်ပြီး အသက်ငါးနှစ်နဲ့ ၁၂ နှစ်အရွယ်ကြား ကလေး ငယ် တွေကို အွန်လိုင်း ကနေ တစ်ဆင့် အင်္ဂလိပ်စာ သင်ခန်းစာတွေကို တစ်ဦးချင်းစီ သင်ကြားပေးနေပါတယ်။ ပေကျင်း အခြေစိုက်တဲ့ အဆိုပါလုပ်ငန်း ဟာ မြောက်အမေရိကမှ အင်္ဂလိပ်စာဆရာ၊ ဆရာ မပေါင်းလေးသောင်းကို ခန့်ထားပြီး အခုလို ဘာသာစကား သင်ကြားပေးတဲ့ ဝန်ဆောင်မှု ကိုလုပ်ကိုင်နေ တာဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဆီမှာ အခကြေးငွေပေးပြီး လေ့လာနေကြ သူပေါင်း သုံးသိန်းခန့်ရှိနေပါပြီ။ VIPKID ရဲ့အွန်လိုင်း ပလက်ဖောင်းကနေ စာသင်ကြား ပေးတဲ့ ဆရာမတွေဟာ ၂၅ မိနစ် စာသင်ကြားမှုအတွက် ဒေါ်လာ ၁၄ ဒေါ်လာကနေ ၂၂ ဒေါ်လာကြားအထိ ရရှိကြပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးတွေ၊ အထူးသဖြင့် အမေရိကန်နိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်းက လာတဲ့ အမျိုးသမီးတွေက အဆိုပါ ပလက်ဖောင်းနဲ့ ချိတ်ဆက်ထားကြ တာဖြစ်ပါတယ်။ VIPKID မှ အဖွဲ့ဟာ အဆိုပါအမျိုးသမီးတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ၊ Empowerment တွေ ပြုလုပ် ပေးပါတယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာ VIPKID က ဆရာမတစ်ယောက်ဟာ အလုပ်ပြုတ်သွားပြီးတဲ့နောက် ကုမ္ပဏီနဲ့ပတ် သက်ပြီး အွန်လိုင်း ပေါ်မှာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ VIPKID ဘက်ကတော့ သူတို့ဆီက ဆရာတွေအတွက် မန်နေဂျာတွေခန့်ထားပြီး ဆရာ၊ ဆရာမတွေနဲ့ ထိတွေ့ခိုင်းထားကြောင်းနဲ့ အဲဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်ပေးထားတယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် သူတို့ဟာ VIPKID အစည်းအဝေးနဲ့ Seminar တွေကို Utah မြို့မှာ ပြုလုပ်ပြီး အမေရိကန် တစ်လွှားက ရာနဲ့ချီတဲ့ဆရာ၊ ဆရာမတွေပါဝင်တဲ့ Community တစ်ခု တည်ထောင်ဖို့ အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ "တရုတ်ကလေးငယ်တွေကို အင်္ဂလိပ်စာ သင်ကြားပေး နေရင်းနဲ့ အမေရိကန်က မိခင်တွေဖြစ်ကြတဲ့ ဆရာမတွေဟာ တရုတ်ပြည် အကြောင်းကို ပိုပြီးနားလည် သဘောပေါက်လာကြပါတယ်။ နောက်မကြာခင်မှာပဲ သူတို့ဟာ သူတို့ရဲ့သားသမီး တွေကို VIPKID ရဲ့ နောက်ထပ်လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Lwingo Bus မှာတရုတ်စာ သင်ကြားစေကြတယ်။ Lingo Bus ရဲ့ လုပ်ငန်းပုံစံကလည်း VIPKID နဲ့ဆင်ပါတယ်။ နိုင်ငံတကာက ကလေးငယ်တွေကို တရုတ်ဆရာမတွေက အင်္ဂလိပ်စာ သင်ကြား ပေးတာပါ။ အဲဒါကြောင့် သင်တန်းတက် ရောက်ကြတဲ့ User တွေနဲ့ သင်ကြားပေးတဲ့ ဆရာမတွေဟာ အပြန်အလှန် ဆက်နွှယ်နေ ကြတာပဲဖြစ်ပါတယ်" လို့ VIPKID မှ တာဝန်ရှိသူက ဆိုပါတယ်။

၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ VIPKID ဟာ သူတို့ရဲ့ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်မှမိတ် ဆက်ခဲ့ပါတယ်။ Northern Light Venture Capital အပါအဝင် တခြားသော ဆန်းသစ်တီထွင်မှုရှိတဲ့ လုပ်ငန်းတွေရဲ့ Founder နဲ့ CEO ဖြစ်တဲ့ လီကေဖူဟာ VIPKID ရဲ့ဝန်ဆောင်မှုကို သူ့ရဲ့ကလေးနဲ့ ပထမဆုံး စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း လေး ထောင်အထိ ခန့်ထားရပါတယ်။

၂။ UCOMMUNE (တစ်နှစ်တာအတွက် အကောင်းဆုံး စွန့်ဦးတီထွင်ဝန်ဆောင်မှုဆုရှင်)

UrWork ဟာ တရုတ်ယွမ်ငွေသန်း လေးရာ (ဒေါ်လာ ၅၈ သန်း) တန် Series B ကို တရုတ်ယွမ်ငွေခုနစ်ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၀၂ ဘီလီယံ) တန်ကြေးရှိတဲ့လုပ်ငန်း တစ်ခုအဖြစ် မြင့်တက်စေခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်မှာ တရုတ်ပြည်ရဲ့ ပထမဆုံးသော ဒေါ်လာသန်းချီပြီး တန်ကြေးရှိပြီဖြစ်တဲ့ Startup လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ဟာ UCOMMUNE အဖြစ် အမှတ်တံဆိပ်ကို ပြောင်းလဲ ခဲ့တယ်။ "ကျွန်တော်တို့ကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရာမှာ အသာစီးရစေတဲ့အချက်က တော့ အဓိကအားဖြင့် နှစ်ချက်ပဲရှိတယ်။ ပထမတစ်ချက်က ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပထမတန်းမြို့တွေနဲ့ ဒုတိယ တန်းမြို့တွေပေါင်း ၃၇ မြို့အထိ ချဲ့ထွင်နိုင်ခဲ့တယ်။ ဒါကြောင့် တည်ထောင်သူတွေအနေ နဲ့ အဲဒီမြို့တွေကို လှည့်လည်သွားလာပြီး အလုပ်လုပ်နိုင်ခဲ့တယ်။ ဒုတိယ အချက်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်ကိုအခြေခံပြီးတော့ ကုမ္ပဏီတွေကို ကျွန်တော်တို့ရဲ့ ကွန်ရက်နဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင် ခဲ့တယ်" လို့ UCOMMUNE ရဲ့ စီနီယာဒါရိုက်တာဖြစ် သူ ယောင်ဖန်က ဆိုပါတယ်။

၃။ Atzuche (တစ်နှစ်တာအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဆုရှင်)

P2P ကားအငှား ဝန်ဆောင်မှုပေးတဲ့ Atzuche ဟာ ကားပိုင်ရှင်တွေအနေနဲ့ အသုံး မပြုတော့တဲ့ သူတို့ရဲ့ကားတွေကို Atzuche ရဲ့ ပလက်ဖောင်းပေါ်ကနေ ပြန်လည် ငှားရမ်းခြင်းအားဖြင့် ဝင်ငွေတွေရရှိ အောင်ဖန်တီးပေးထားတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။
"ကျွန်တော်တို့ ဝန်ဆောင်မှုကိုရယူကြတဲ့ User တွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ခရီး သွားလာ ဖို့အတွက် ကားတစ်စီးစီးကို ငှားရမ်း ကြတာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ လုပ်ငန်း သုံးအတွက်၊ ဒါမှမဟုတ် အထူးကား တွေကိုမောင်းဖို့အတွက် သက်သက်ငှားရမ်း ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပလက် ဖောင်းပေါ် ကနေငှားရမ်းလို့ရတဲ့ Brand ရှိတဲ့ကားတွေ ဖြစ်တဲ့ Subaru နဲ့ Maserati တို့လို ကားတွေရဲ့ငှားရမ်းခဟာ တခြားကုမ္ပဏီ တွေထက် ပိုပြီးသက်သာပါတယ်" လို့ Atzuche ရဲ့ CMO ဖြစ်သူ ရွှယ့်ဇယိုမင်ကပြောပါတယ်။

Atzuche လုပ်ငန်းကို ရှန်ဟိုင်းမှာ မွေးဖွားခဲ့ကြတဲ့ Founder တွေက ၂၀၁၃ ခုနှစ်၊ မေလမှာ စတင်တည်ထောင် ခဲ့တာဖြစ်ပြီး ငါးနှစ်အတွင်း တရုတ်ပြည်ရဲ့ မြို့ပေါင်း ၆၂ မြို့အထိလုပ်ငန်းကို ချဲ့ထွင် နိုင်ခဲ့ကြပါတယ်။ အခုလည်း ဆက်လက်ချဲ့ထွင်နေဆဲဖြစ်ပါ တယ်။ ၂၀၁၆ ခုနှစ်၊ မေလမှာတော့ JD ရဲ့ Private Equity Crowdfunding ပလက် ဖောင်းတစ်ခုဖြစ်တဲ့ JD Dongjia ကနေတစ် ဆင့် တရုတ်ယွမ်ငွေ ၉၅ ဒသမ ၅ သန်း (ဒေါ်လာ ၁၄ ဒသမ ၇ သန်း) ကို မတည်ခဲ့ကြ တယ်။ အကြောင်းကတော့ ၂၀၁၅ ခုနှစ်ဟာ တရုတ်ပြည်ရဲ့ P2P ကားအငှားဝန်ဆောင်မှု ပလက်ဖောင်းတွေဟာ အလျှိုအလျှိုနဲ့အများ ဆုံးပေါ်ပေါက်လာ ခဲ့ကြပြီး ၂၀၁၆ မှာတော့ အများစုက သူတို့ရဲ့ဝန်ဆောင်မှုတွေကို ရပ်ပစ်လာကြလို့ဖြစ်ပါတယ်။ "နောက်ပိုင်းမှာ သူတို့အားလုံးကျရှုံး ခဲ့ကြတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ဟာ မားကက်တင်းမှာ ငွေတွေအလွန်အကျွံသုံး ခဲ့ကြပေမဲ့ အသုံး ပြုသူတွေ ကိုယ်တိုင်တွေ့ကြုံရ တာက အလွန်ဆိုးဝါးနေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ အရင်းအနှီးရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိကို Operation ပိုင်းမှာပုံအောပြီး သုံးစွဲထားပါတယ်။ ဥပမာ- ပို့ဆောင်ရေးတို့၊ အာမခံတို့၊ နောက်ပြီး အသုံး ပြုသူတွေရဲ့ Claim လုပ်မှု စတာတွေနဲ့ပတ်သက်ပြီး အဓိကအသုံးပြုထားတာဖြစ်ပါ တယ်။"

၄။ TalkingData (တစ်နှစ်တာအတွက် အကောင်းဆုံး Enterprise ဝန်ဆောင်မှုဆုရှင်)

TalkingData လုပ်ငန်းဟာ Data Analysis ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုကိုပေးနေတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ အထူးသဖြင့် Tencent နဲ့ Baidu တို့လို တရုတ်ကုမ္ပဏီ တွေ၊ Google ၊ Yahoo နဲ့ Zynga တွေလို အမေရိကန်ကုမ္ပဏီတွေနဲ့ China UnionPay ၊ China Merchants Bank နဲ့ CITIC တို့လို သမားရိုးကျ ကုမ္ပဏီတွေအတွက် Data Analysis ပြုလုပ်ပေးနေတာပါ။

"အခုတစ်လောမှာဆို ဧရာမလက်လီလုပ်ငန်းကြီးတွေက ကျွန်တော်တို့ဝန်ဆောင်မှုကို အသုံးပြုလာ ကြပါပြီ။ သူတို့ရဲ့ အွန်လိုင်း Solution ကို Offline Business အဖြစ် Channel လုပ်တဲ့အခါမှာ OMO ခေါ် Online Merge Offline Trend နဲ့ အတူ Supply Chain နဲ့ Store Management အတွက် Data Science ကိုလျှောက် ရမှာဖြစ်ပါတယ်" လို့ Bao Zhongtie ၊ TalkingData ရဲ့ Senior Analyst ဖြစ်သူ ဘာအိုဇောင်းတီက ပြောပါတယ်။ သူတို့ရဲ့တိုး တက်မှုနဲ့ ပတ်သက်ပြီးပြောရရင် ကျွန်တော့်အနေနဲ့ အပြု သဘော ဆောင်စွာရှုမြင်ပါတယ်။ လက်လီလုပ်ငန်းတွေအသစ်အနေနဲ့ ပေါင်းစည်းမှုတွေ လုပ် ဆောင်နိုင်ပြီဆိုရင် Offline လုပ်ငန်းတွေ အခြေအနေ ပိုကောင်းလာကြပါ လိမ့် မယ်လို့လည်းဆိုပါတယ်။

၅။ Shukun (တစ်နှစ်တာအတွက် တီထွင်ဆန်းသစ်နိုင်မှုအရှိဆုံး ကုမ္ပဏီဆုရှင်)

Shukun Technology လုပ်ငန်း ဟာ ဆေးရုံတွေရဲ့ ရောဂါရှာဖွေမှုကိုတိုးတက် ကောင်းမွန်လာအောင် AI (Artificial Intelligence) ခေါ်မှတ်ဉာဏ်တုနည်းပညာ ကိုအသုံးပြုပါတယ်။ Shukun ဟာ ဆရာဝန် ရော လူနာတွေအတွက်ပါ ကျန်းမာရေးဝန် ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ အဆင့်အတန်းကို ပိုမိုမြင့်မားလာစေ ဖို့အတွက် အထူးကျွမ်းကျင်မှုဉာဏ်ရည်နဲ့ စက်ပစ္စည်းရဲ့ဉာဏ်ရည်ကို အသုံးပြုနေတာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းရဲ့ Founder & CEO ဖြစ်တဲ့ အန်းမာ့ဟာအရင်က IBM ကုမ္ပဏီကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ တာဖြစ်ပြီး အဲဒီ တုန်းက ကျန်းမာရေးစောင့်ရှောက်မှုတိုးတက် ကောင်းမွန်ဖို့အတွက် ရည်ရွယ်တဲ့ Artificial Intelligence (AI) နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံ ၁၀ နှစ်ကျော် ရှိခဲ့သူလည်းဖြစ် ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ IBM Watson၊ GE Health and Alibaba တို့ကနေရောက်လာကြတဲ့ အဖွဲ့ဝင် တွေနဲ့ Shukun ကို စတင်တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် ပေကျင်းအခြေစိုက်တဲ့ အဖွဲ့ ဟာ AI ဆရာဝန် ပေါ်ပေါက်လာအောင် ဖန်တီးတီထွင်နေကြပြီး စီးပွားရေး လုပ်ငန်းပုံစံ ကိုလည်း အဲဒီအပေါ်မှာ အဓိကတည်ဆောက် ထားပါတယ်။ သူတို့ရဲ့ထုတ်ကုန် တစ်ခုဖြစ်တဲ့ CoronaryDoc ဟာ နှလုံးရောဂါကိုစမ်းသပ် ရှာဖွေနိုင်စွမ်းရှိတဲ့ ပထမ တန်းစားအဆင့် AI ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ အခုဆိုရင် စမ်းသပ်အသုံးပြုတဲ့ အဆင့်ကို ရောက်ရှိနေ ပါပြီ။

"၂၀၁၈ ဆိုရင် တရုတ်ပြည်ရဲ့ကျန်းမာရေးကဏ္ဍရဲ့ AI နယ်ပယ်မှာ ကုမ္ပဏီ ပေါင်းတစ်ရာ ကျော်ရှိလာလိ့မ်မယ်။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး စိန်ခေါ် မှုအချို့ ရှိနေသေးတယ်ဆိုပေမဲ့ လည်း ရောဂါ စူးစမ်း ရှာဖွေမှုမှာဆိုရင်တော့ ထူးခြားတိုး တက် မှုတွေ ထင်ထင်ရှားရှားကို မြင်တွေ့နေရ ပါတယ်။ ဒီ AI ကို တကယ်ထူးချွန်တဲ့ ဆရာ ဝန်တွေက ကြိုဆိုကြတယ်။ ဘာဖြစ်လို့လဲဆို တော့ ရောဂါရှာဖွေရာမှာ စွမ်းဆောင်ရည် မြင့်မားမှုနဲ့ ထိရောက်မှုကိုဖြစ်စေလို့ပါ" လို့ မာ့က ဆိုပါတယ်။

၆။ Huizuche (တစ်နှစ်တာအတွက် Outbound Startup ဆုရှင်)

Huizuche ဟာ အွန်လိုင်းခရီးသွား အေဂျင်စီတွေအတွက် Ctrip ကနေတစ်ဆင့် ကားငှားရမ်းဝန်ဆောင်မှု ကို ပံ့ပိုးပေးနေသလို အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ Didi ရဲ့ အင်တာနေရှင်နယ် ပလက်ဖောင်းကနေပါ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဒါ့ပြင် China Eastern Airline ရဲ့ App ကိုအသုံးပြုပြီး လေဆိပ်ကြိုတဲ့ ဝန်ဆောင်မှုကိုပါ ပေးနေတဲ့လုပ်ငန်းတစ်ခုပါ။

"ကျွန်တော်တို့မှာရှိတဲ့ ယှဉ်ပြိုင်နိုင်စွမ်းကတော့ ကျွန်တော်တို့ဟာ အသုံးပြုသူတွေကို ဈေးတွေ ယှဉ်ကြည့်လို့ရအောင် စီစဉ်ပေးထားတယ်။ ပြီးတော့ တခြားသူတွေထက် ပိုသက်သာတဲ့ ဝန်ဆောင်မှုကိုပေးနိုင်လို့ပဲဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကို ခရီးသွားကြတဲ့ သူတွေထဲက ၂၀ ရာခိုင်နှုန်းဟာ ကားကိုကိုယ် တိုင်မောင်းနှင်ချင်ကြတယ်ဆိုတဲ့ Trend ကို ကျွန်တော်တို့တွေ့ရတယ်" လို့ Huizuche ရဲ့ CEO & Founder ဖြစ်တဲ့ ဟွမ်ဟောင်မင် က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ သူတို့သွားချင်တဲ့ နိုင်ငံပေါ်မူတည်ပြီး လိုအပ်ချက် အမျိုးမျိုးရှိကြ ပါတယ်။ မြောက် အမေရိကတိုက်ကိုခရီးသွားတဲ့ ဖောက်သည် တွေဟာ ကားကို ကိုယ်တိုင်မောင်းနှင်ချင်တာ တွေ့ရပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားကြ တဲ့သူတွေကတော့ဒေသခံကားသမား တွေကိုငှားပြီးသွားလာ ချင်ကြတာကို တွေ့ရ ပါတယ်။ Huizuche ရဲ့ ဖောက်သည်အများစု ဟာ အမေရိကန်ကို သွားကြသူတွေဖြစ်ပြီး တော့ ဒုတိယအသွားအများဆုံးနိုင်ငံကတော့ ဂျာမနီဖြစ်ပါတယ်။ ဂျာမနီကိုသွားတဲ့ ခရီးသွား တွေဟာလည်း ကားငှားရမ်းကြပါတယ်။ နောက်ထပ်နိုင်ငံကတော့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံကိုသွားကြတဲ့ ဧည့်သည်တွေကတော့ များသောအားဖြင့် ဒေသခံကား မောင်း သမားပါတဲ့ ကားတစ်စီးကိုငှားပြီး တရုတ်စကား ပြန်တစ်ယောက်နဲ့ ခရီးသွားလေ့ ရှိပါတယ်။ ဂျပန်နဲ့တောင်ကို ရီးယားနိုင်ငံတွေမှာတော့ ကုမ္ပဏီရဲ့တရုတ်လူမျိုး ကား မောင်းသမားတွေ များစွာရှိပါတယ်။

"ဈေးကွက်အသစ်တစ်ခုကိုဝင်တဲ့ အခါမှာ ကျွန်တော်တို့အနေနဲ့ Hertz တို့လို ကမ္ဘာ့အဆင့် ကားငှား ရမ်းတဲ့ဝန်ဆောင်မှုတွေ ပေးတဲ့ကုမ္ပဏီကို အရင်ရှာပါ တယ်။ ပြီးရင် သူနဲ့မိတ်ဖက် အဖြစ် ပူးပေါင်းပါတယ်။ အဲဒါ ပြီးတာနဲ့ သူတို့နဲ့အတူပေးကြမယ့် ဝန်ဆောင် မှုနဲ့ပတ်သက် ပြီး အတူတကွ အဆင့်မြှင့်ကြပါတယ်။ အကယ်၍ ကားမောင်းသမားတွေက ပြည်ပနိုင်ငံ တွေမှာ နေထိုင်ကြတာဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ အပလီကေးရှင်း ကို Download လုပ်ပြီး ပလက်ဖောင်းကို ချိတ်ဆက်လို့ရပါတယ်" လို့လည်း ဆိုပါတယ်။

ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီဟာ လက်ရှိမှာဆိုရင် နိုင်ငံပေါင်း ၃၀ မှာ ကားအငှား ဝန်ဆောင် မှုကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဟိုတယ်နဲ့ လေကြောင်းလိုင်းတွေကို ကြိုတင်ဘွတ်ကင်ယူ ပေးတဲ့ဝန်ဆောင်မှုကိုပါ လုပ်ကိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

လင်းလင်းထွန်း (Success Coach)
Lin Lin Tun
Ref: How to build a successful startup in China, Technode
Via: MyanmarB2BManagementMagazine,June2018

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again