Web Application တွေရဲ့ အားသာချက်တွေကို သင်သိပြီးပြီလား❓

Web Application တွေရဲ့ အားသာချက်တွေကို သင်သိပြီးပြီလား❓

🔷 Installation လုပ်ရန်မလိုခြင်း

အကယ်၍ သင့်ရဲ့လုပ်ငန်းမှာ လက်ရှိ Software သုံးနေတယ် ဆိုရင် စက်တစ်လုံးတိုးတဲ့အခါ၊ branch တစ်ခု ထပ်တိုးတဲ့အခါ Installation လုပ်နေရတယ်ဆိုရင်တော့ အဲ့အတွက် အချိန်ကုန်၊ ငွေကုန် ဖြစ်နေပါပြီ။
Web Application တွေမှာတော့ အဲ့လို လုပ်နေစရာ မလိုပါဘူး။

🔷 လုပ်ငန်းရဲ့ ကုန်ကျစရိတ်ကို လျော့ချပေးခြင်း

မိမိရဲ့လုပ်ငန်း၊ ထုတ်ကုန်အသစ်အကြောင်းကို လူတစ်ယောက်ခြင်းဆီကို ဖုန်းဆက်ပြီး၊ သွားရောက်ပြီး အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ရှင်းပြနေတာက ကုန်ကျစရိတ်ကို မြင့်တက်စေပါတယ်။
Web Application တွေမှာတော့ အားလုံးကို တစ်ချိန်တည်းမှာပဲ အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် အားလုံးကို သိရှိသွားအောင် ဆောင်ရွက်နိုင် ပါတယ်။

🔷 အချက်အလက်များ အားလုံးကို တစ်နေရာထဲမှ ထိန်းချုပ်နိုင်ခြင်း

လုပ်ငန်းအခွဲတွေ များလာတဲ့အခါ နေရာတိုင်းမှာ Data တွေကို backup တွေယူပြီး သိမ်းနေရတာဟာ ပိုပြီးတော့ ခက်ခဲသည့်အပြင်၊ စာရင်းချုပ်သည့်အခါ reporting များအတွက် အချိန်ပိုကုန်ပြီး အမှားအယွင်းပို၍ ဖြစ်နိုင်ပါသည်။
Web Application တွေမှာတော့ Data များကို တစ်နေရာတည်းမှာ သိပ်ဆည်းနိုင်သည့်အပြင်၊ Reporting အတွက်လည်း လုပ်ငန်းအလိုက်၊ လုပ်ငန်းအားလုံးပေါင်းအလိုက် လွယ်ကူ လျှင်မြန်စွာ သိရှိနိုင်ပါသည်။

🔷 အမြဲ up to date ဖြစ်နေခြင်း

လုပ်ငန်းလိုအပ်ချက်အရ Software ကိုပြင်ဆင်ပြီးသည့်အခါတိုင်း စက်တစ်လုံးခြင်းဆီတွင် update လုပ်ပေးနေရတာမျိုးတွေက အချိန်ပေးရသလို၊ မေ့ပြီး update လုပ်ဖို့ ကျန်ခဲ့တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။
Web Application တွေမှာတော့ ဒါမျိုးပြဿနာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အမြဲတမ်း ပြင်ဆင်လိုက်သည့် အချက်အလက်တွေက အသုံးပြုသူတိုင်းအတွက် up to date ဖြစ်နေမှာပါ။

🔷 အချိန်မရွေး၊ နေရာမရွေး အသုံးပြုနိုင်ခြင်း

စက်တွေ ရှိနေပေမဲ့ Software သုံးမရတာမျိုးတွေကို ကြုံဖူးမယ်ထင်ပါတယ်။ Software ပျက်သွားသောအခါ၊ စက်တွေ ပျက်သွားသောအခါ၊ စက်တွေ အသစ်ထပ်ဝယ်သောအခါ၊ နေရာအသစ်ရောက်သွားသောအခါ မျိုးတွေမှာ Software မသွင်းရသေးတဲ့အတွက် "မြင်သာမြင် မကြင်ရ" ဆိုသလိုပါပဲ။ အလုပ်မတွင်ကျယ်တော့ဘူးပေါ့။
Web Application တွေမှာတော့ ၁ ရက်မှာ ၂၄ နာရီ၊ ၁ ပတ်မှာ ၇ ရက် နေရာမရွေး၊ အချိန်မရွေး တွင် အသုံးပြုနိုင်ပါသည်။

🔷 စက်များအတွက် အသုံးစရိတ်ကို လျော့ချနိုင်ခြင်း

လုပ်ငန်းတွေမှာ ကြုံဖူးကြမယ်ထင်တယ်၊ Server စက်ဆိုရင် ဘယ်လောက် အနည်းဆုံး ရှိရမယ်၊ Client စက်ဆိုရင် ဘယ်အမျိုးအစားမှ ဖြစ်မယ်ဆိုတာမျိုးတွေကိုပေါ့။ ဒါကလည်း လုပ်ငန်းအတွက် စရိတ်အလွန်ကြီးပါတယ်။
Web Application တွေမှာတော့ အဲ့အတွက် အသုံးစရိတ်တွေကို လျော့ချနိုင်ပါသေးတယ်။ စက်အကောင်းကြီးတွေ အသုံးပြုနေစရာ မလိုအပ်လို့ဘဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Web Application တွေရဲ့ အားသာချက်အချို့ကို သိရှိပြီးလောက်ပြီထင်ပါတယ်။ PRO POS သည် ထိုအားသာချက်များကို အသုံးပြုပြီး ရေးဆွဲထား Point of Sale [POS] တစ်ခုဖြစ်ပါသည်။

မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Web Application တစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ ကျွနုပ်တို့နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
သင့်အတွက် လိုအပ်ရင် ဆက်သွယ်လိုက်ပါ 👌

📞 +95 9778915075, +95 9954915075

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again