HSBC ဘဏ်မှဝန်ထမ်း ၃၅၀၀၀ ကိုအလုပ်ဖြုတ်

HSBC ဘဏ်မှဝန်ထမ်း ၃၅၀၀၀ ကိုအလုပ်ဖြုတ်
ဗြိတိန်အခြေစိုက် HSBC ဘဏ်ဟာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သူ့ရဲ့အလုပ်သမား ၃၅,၀၀၀ ဦးရေကို အလုပ်ဖြုတ်လိုက်ပါတယ်။ ဘဏ်ရဲ့ Chief Executive တဲ့ Noel Quinn က ဝန်ထမ်းပေါင်း ၂၃၅,၀၀၀ ဆီကိုပို့လိုက်တဲ့ စာထဲမှာ သူ့အနေနဲ့အလုပ်ဆုံးရှူံးမှုတွေကို မိမိကိုယ်တိုင်၌ ရပ်တန့်ဖို့ မစွမ်းသာကြောင်း ထည့်ရေးထားပါတယ်။

HSBC ရဲ့ ယခုလိုလုပ်ဆောင်လိုက်ခြင်းကငွေကြေး ၄.၅ ဘီလီယံဒေါ်လာကို ထိန်းသိမ်းလိုက်နိုင်ခြင်းနဲ့ညီမျစေပါတယ်။ ယခုလိုလုပ်ဆောင်မယ့်အကြောင်းကိုလည်း ဖေဖော်ဝါရီလကတည်းက ကုမ္ပဏီမှကြေငြာထားပြီးသား ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကမှာရှိတဲ့ အလုပ်သမားအများစုကို လျော့ချမှာဖြစ်တဲ့အတွက် လုပ်ငန်းအတွက် ခဲယဉ်းတဲ့အနေအထားမှာရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်း ဘဏ်အနေနဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကြေငြာချက်ကို မတ်လကုန်ထိဆိုင်းငံ့ထားရခြင်းဖြစ်ပါတယ်။

Deutsche Bank ဟာလည်း ကပ်ရောဂါဆိုးအတွက် ကနဦးရည်မှန်းချက်များရှိပေမယ်လို့ အခုချိန်မှာတော့ အလုပ်သမားအင်အားလျော့ချဖို့ စီစဉ်နေရပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘဏ်ဝန်ထမ်းပေါင်း ၇၅,၀၀၀ ကျော် အလုပ်သမားအင်အားလျော့ချခံရတယ်လို့ သိရပါတယ်။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again