အောင်မြင်သူများရဲ့ အလေ့အကျင့် ၆ ခု

အောင်မြင်သူများရဲ့ အလေ့အကျင့် ၆ ခု

အောင်မြင်ကြသူတွေမှာ အများနဲ့မတူတဲ့ အလေ့အကျင့်တွေ ရှိကြပါတယ်။ တွေးခေါ်ပညာရှင် Will Durant က ” ကျွန်တော်တို့တစ်တွေဟာ တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်ပါများရင် အလေ့အကျင့် ဖြစ်လာတော့တာပါပဲ၊ အဲဒီတော့ ကောင်းကောင်းလုပ်နိုင်သွားတယ်ဆိုတာလုပ်ရုံသက်သက်ကြောင့် မဟုတ်ဘူး။ လုပ်တဲ့ အလေ့အကျင့် ရှိနေလို့သာ ဖြစ်တယ် ” လို့ ဆိုတယ်။
ဒါကြောင့် အောင်မြင်သူများလုပ်လေ့ရှိတဲ့ အလေ့အကျင့်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အကောင်းဘက်ကို အာရုံစိုက်ခြင်း

မိမိတို့ရဲ့ဘ၀ကိုပြန်ကြည့်ရင် စိတ်ဆင်းရဲစရာတွေထက် စိတ်ချမ်းသာစရာတွေက များနေတာကို တွေ့ရမှာပါ။ ပြဿနာက မပေါင်းသင့်တဲ့သူတွေနားမှာရောက်ပြီး စိတ်မချမ်းသာစရာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်။ အဲဒီလိုမဖြစ်ရအောင်မိမိရဲ့ပတ်၀န်းကျင်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ချမ်းသာစရာတွေကို မြင်အောင်ကြည့်တတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးဖို့ လိုတယ်။ ဒါဆိုရင် မိမိတို့ရဲ့ ဘ၀ဟာလည်း တန်ဖိုးပိုမိုရှိလာမှာ ဖြစ်တယ်။ အကောင်းမြင်တတ်တဲ့ သဘောသဘာ၀ကိုပြပါဆိုရင် ကျေးဇူးတင်တတ်ခြင်းကို ပြရမှာပဲ။ လေ့လာချက်များအရ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးတင်တတ်ခြင်းတို့ဟာ စိတ်ချမ်းသာမှုကို တိုးပွားစေပါတယ်။ မိမိရဲ့ဦးနှောက်ကိုလည်း အစဉ်လန်းဆန်းစေပါတယ်။

၂။ အကြောလျော့ပြီး များများနားထောင်ပေးခြင်း

ဒီခေတ်ကြီးမှာ နည်းပညာတွေလည်း ထွန်းကားလာကာ ဆိုရှယ်မီဒီယာတွေလည်း ပေါ်ပေါက်နေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး နားထောင်တတ်တဲ့ အရည်အချင်း နည်းပါးလာတယ်။ ပြောတာကို နားထောင်တတ်တယ်။ နားလည်အောင်လည်း ကြိုးစားမယ်ဆိုရင် ပြဿနာတွေကို ရှင်းလာနိုင်ပါတယ်။ အချင်းချင်း ယုံကြည်မှုတွေ တိုးလာမယ်။ ခင်မင်မှုတွေလည်း ရလာမှာဖြစ်တယ်။

၃။ ပိုပြီးစွန့်စားလုပ်ကိုင်ခြင်း

စွန့်စားလုပ်ကိုင်ပေးရင် အနိုင်၊ ဒါမှမဟုတ် အရှုံးဆိုတဲ့ လဒ်တစ်ခုခုတော့ ရမှာပါပဲ။
အရှုံးဆိုတာ ကြောက်စရာမဟုတ်ဘူး။ အရှုံးထဲက အမြတ်ဆိုသလိုအသိပညာတွေ၊ အတွေးအမြင်တွေ ရလာမှာဖြစ်တယ်။ Virgin ကုမ္ပဏီရဲ့ တည်တောင်သူ ဘီလီယံနာသူဌေး Richard Branson ကတော့ အရှုံးကို အားကိုပေးတာ။ အသစ်အဆန်းကို စမ်းလည်းမလုပ်၊ ဆုံးရှုံးတာလည်း မဖြစ်ဖူးဘူးဆိုရင်ဘာမှဆန်းသစ်တီထွင်နိုင်မှာ မဟုတ်သလို ကြီးပွားတိုးတက်ခြင်းလည်း ရှိမှာမဟုတ်ဘူးဆိုတဲ့ အချက်ကို အမြဲထည့်သွင်း ပြောကြားလေ့ရှိတယ်။

၄။ လေ့လာသင်ကြားတာကို ဘယ်တော့မှရပ်မပစ်နဲ့

အောင်မြင်နေကြသူတွေဟာ နေ့စဉ်နေ့တိုင်း စာတွေ ဖတ်ကြတယ်။ အသစ်အဆန်းတွေကို လေ့လာ သင်ယူနေကြသူတွေ ဖြစ်တယ်။ မအောင်မြင်သူတွေကတော့ အစစအရာရာသိပြီး တတ်ပြီးသားလို့ အထင်ရောက်နေကြတယ်။

၅။ မိမိထက် တော်သူတွေနဲ့ပေါင်းပါ

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘီလီယံနာသူဌေးကြီး Warren Buffett က သူ့ရဲ့ Berkshire Hathaway နှစ်ပတ်လည် အစည်းအဝေးမှာ ထည့်ပြောသွားတာကတော့ ” မိမိတို့ထက်သာတဲ့သူတွေနဲ့ ပေါင်းတာ ပိုကောင်းတယ် ” တဲ့ ” လုပ်ကိုင်ပြုမူဆောင်ရွက်ပုံမှာ မိမိထက်သာတဲ့သူကို ရွေးပေါင်းသွားရင် မိမိလည်း သူ့လိုပဲ တော်လာနိုင်တယ် ” တဲ့။

၆။ မိမိရဲ့ဦးတည်မျှော်မှန်းချက်ကို မျက်ခြေမပြတ်ပါစေနဲ့

အောင်မြင်ကြသူများဟာ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး မလုပ်တတ်ကြပါဘူး။
သူများတွေရဲ့ အထင်အမြင်တွေကြောင့်လည်း ယိမ်းယိုင် သွားဘူး။ မိမိတို့ရဲ့ရည်မှန်းချက်နဲ့ အချိတ်အဆက် ရှိတာတွေကိုသာ ရေတိုရေရှည် အစီအစဉ် ချမှတ်လုပ်ကိုင်သွားကြတယ်။
အထက်ဖော်ပြပါအောင်မြင်သူများရဲ့ အလေ့အကျင့်လေးတွေ၊ အလေ့အထလေးတွေကို အတုယူလုပ်ကိုင်သွားရင်း အရေးအကြီးဆုံး သိထားရမှာက” ငါဟာလုပ်နိုင်တယ်။ လုပ်လည်းလုပ်မယ် ” ဆိုတဲ့ စိတ်ကို စွဲမြဲထားဖို့ပါပဲ။

အလေ့အကျင့်ရယူတယ်ဆိုတာ စက်ဘီးစီးသင်ရသလိုပဲ၊ အလုပ်တွေကို ဆက်ဆက်လုပ်သွားရင် အလေ့အကျင့်ရလာပြီး နေ့စဉ်လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

Credit: CEO Myanmar Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again