ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေ လုံးဝမလုပ်တဲ့ အချက် ၁၀ ချက်

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေ လုံးဝမလုပ်တဲ့ အချက် ၁၀ ချက်
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေ၊ ကိုယ့်အရည်အချင်းကို ယုံကြည်တဲ့သူတွေ လုံးဝမလုပ်တဲ့အချက်တွေကတော့

၁။ ဆင်ခြေမပေးကြဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေဟာ အရာရာကို လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ မီးပွိုင့် မိလို့ အလုပ်နောက်ကျတာ၊ သူဌေးမကောင်းလို့ ရာထူးမတိုးတာ စသဖြင့် သူတို့ကဘယ်တော့မှဆင်ခြေပေးလေ့မရှိဘူး။ သူတို့ဘဝကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ ခံယူထားကြပါတယ်။

၂။ နောက်ဆုတ်လေ့မရှိဘူး။
ပထမဆုံးလုပ်လိုက်တဲ့အရာက မှားသွားတယ်ဆိုရင်တောင် သူတို့ဇွဲမလျှော့ဘူး။ ကြုံတွေ့ရတဲ့ ပြဿနာနဲ့ ရှုံးနိမ့်မှုတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အရာတစ်ခုတည်းကိုပဲ ထပ်ခါ တလဲလဲ ကြိုးစားနေတာတော့ မဟုတ်ဘူး။ ပြဿနာနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့လူတွေဟာ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို အဖြေရှာပြီး နောက်တစ်ခါ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်တတ်ကြပါတယ်။

၃။ တစ်ခုခုလုပ်ဖို့ ခွင့်ပြုချက်ကို စောင့်ဆိုင်းလေ့မရှိဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေဟာ သူတို့ကိုတစ်ခုခုလုပ်ဖို့၊ ဘယ်အချိန်မှာလုပ်ဖို့ ပြောစရာမလိုတဲ့ လူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ “ငါလုပ်နိုင်ပါ့မလား” ၊ “ငါ လုပ်သင့်လား” စတဲ့ မေးခွန်းတွေမေးပြီး အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ “ငါဘာလို့မလုပ် ရမှာလဲ”လို့ပဲ မေးကြမှာဖြစ်ပါတယ်။ သူတို့တွေဟာ လုပ်စရာရှိတာကိုပဲ ချက်ချင်းထလုပ်လိုက်ကြမှာပါ။

၄။ လူတွေအာရုံစိုက်လာအောင် မလုပ်ကြဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့လူတွေဟာ လူအများက အာရုံစိုက်တာကို လိုချင်ကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေက ကိုယ်ဟာအရေးပါ တဲ့လူဖြစ်တယ် ဆိုပြီး လူအများရှေ့မှာ အာရုံစိုက်ခံရအောင် လုပ်ပြနေမှာမဟုတ်ပါဘူး။ ဖြောင့်ဖြောင့်မတ်မတ် နေတဲ့ လူတစ်ယောက်ရဲ့ အနားကိုပဲ အကြံဉာဏ်ယူဖို့၊ မိတ်ဆွေ ဖွဲ့ဖို့ လူတွေက ချဉ်းကပ်လာ ကြမှာဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေချီးမွမ်းအောင် လုပ်ပြနေဖို့ စိတ်မဝင်စားတဲ့ လူတွေ ဖြစ်ပါတယ်။

၅။ သူတစ်ပါးရဲ့ ချီးမွမ်းမှုကို မလိုအပ်ကြဘူး။
တခြားလူတွေက အသိအမှတ်ပြုမှ သူတို့အောင်မြင်တယ်လို့ သူတို့မခံယူထားကြသလို သူတို့ ဘယ်လောက်ပဲကောင်း အောင်လုပ်လုပ် ဝေဖန်တဲ့လူတွေရှိနေ မယ်ဆိုတာကို သိထားကြသူ တွေဖြစ်ပါတယ်။ သူတစ်ပါးချီးမွမ်းမှ ရလာတဲ့ယုံကြည်မှုဟာ ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တာ မဟုတ်ပါဘူး။

၆။ အချိန်ဆွဲလေ့ မရှိဘူး။
ယုံကြည်မှုရှိသူတွေက အချိန်မဆွဲကြပါဘူး။ သူတို့ကိုယ် သူတို့ လုပ်နိုင်တယ်ဆိုတာ ယုံကြည်ထားပြီး သူတို့လုပ် လိုက်တဲ့ အလုပ်တိုင်းက ပန်းတိုင်ကို အရောက်လှမ်းနေတယ်ဆိုတာ သိထားကြပါတယ်။ သူတို့ဟာ သင့်တော်မယ့်အချိန်၊ အရမ်းကောင်းတဲ့ အခြေအနေတွေကို မစောင့်မျှော်ပါဘူး။ ဒီနေ့တစ်နေ့ထဲကိုပဲ သူတို့ရဲ့ အချိန်ကောင်းအဖြစ်သတ်မှတ်ထားကြပါတယ်။

၇။ သူတစ်ပါးကို မဝေဖန်ဘူး။
ယုံကြည်မှုရှိသူတွေက တခြားသူတွေကို မဝေဖန်ပါဘူး။ လူတိုင်းမှာ ကိုယ့်ခံယူချက်၊ ကိုယ့်
အမြင်နဲ့ ကိုယ်ရှိတယ်ဆိုတာ သူတို့သိထားပြီး သူတို့ကို အကောင်းမြင်အောင် တခြားသူတွေကို အပြစ်ရှာဝေဖန်တာမျိုး မလုပ်ကြပါဘူး။ ယုံကြည်မှုရှိသူတွေဟာ သူများကိုဝေဖန်ပြီး အချိန်ဖြုန်းနေမှာမဟုတ်သလို သူများနဲ့လည်း သူတို့ကိုယ်သူတို့ လိုက် ယှဉ်နေမှာ မဟုတ်ပါဘူး။

၈။ ပဋိပက္ခဖြစ်လာရင်လည်း ခေါင်းရှောင်လေ့မရှိဘူး။
ပဋိပက္ခဖြစ်လာတိုင်း ရှောင်လွှဲသွားတဲ့ လူတွေထဲမှာ ယုံကြည်မှုရှိသူတွေ မပါပါဘူး။ ယုံကြည်မှုရှိသူတွေဟာ ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုပဲ အဖြေရှာလေ့ရှိပါတယ်။ ပဋိပက္ခဆိုတာ ဘဝမှာ ရင်ဆိုင်ရ မယ့် အရာတစ်ခုလို့ပဲ မှတ်ယူပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကြပါတယ်။

၉။ မပြည့်စုံသေးဘူးဆိုတဲ့အတွေး သူတို့ဆီမှာမရှိဘူး။
ယုံကြည်မှုရှိသူတွေဟာ ဝန်ထမ်းကောင်းမရှိလို့၊ ပိုက်ဆံမရှိသေးလို့၊ မပြည့်စုံသေးလို့ဆိုပြီး သူတို့လုပ်မယ့် အလုပ်ကို စွန့်လွှတ်လိုက်မှာမဟုတ်ပါဘူး။ သူတို့ လိုအပ်တဲ့အရာကို ရအောင် ဘယ်လိုလုပ်မလဲ၊ အဲဒါမရှိဘဲ လုပ်ရင်ရောဖြစ်လား အစရှိသဖြင့် အဖက်ဖက်က စဉ်းစားပြီး မရရအောင်လုပ်မယ့် လူမျိုးတွေဖြစ်ပါတယ်။

၁၀။ ရေလိုက်ငါးလိုက် မနေကြဘူး။
ယုံကြည်မှုရှိသူတွေဟာ ဘဝကို ရေလိုက်ငါးလိုက် မဖြတ်သန်းပါဘူး။ စိန်ခေါ်မှုတွေမရှိတော့တဲ့ ဘဝကိုသေနေတဲ့ ဘဝတစ်ခုအဖြစ် ခံယူထားကြတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ပန်းတိုင်တစ်ခုပြီး တစ်ခုချမှတ်ပြီး ပန်းတိုင်ရောက်အောင် ဆက်ကြိုးစားကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေရဲ့ အမူအ ကျင့်တွေကို လေ့လာပြီး ဘဝမှာဒီထက်မက အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်ပါ။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again