အသက်(၃၀)ထိ အောင်မြင်မှုမရခဲ့တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေအကြောင်း

အသက်(၃၀)ထိ အောင်မြင်မှုမရခဲ့တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေအကြောင်း
စွန့်ဦးတီထွင်သမားတိုင်းအောင်မြင်ခဲ့တာမဟုတ်ပါဘူး ။ ဒါ့အပြင် အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို တည်ဆောင်နိုင်ဖို့အတွက်အသက်အရွယ်ငယ်နေစရာမလိုပါဘူး။ ဒါ့အပြင်အခုဖော်ပြမယ့် စွန့်ဦးလုပ်ငန်းရှင် တွေဟာ အသက် ၃၀ကျော်တဲ့အရွယ်အထိစွမ်းဆောင်အောင်မြင်ခဲ့တာမျိုးမရှိသေးပါဘူး။ ဒီတော့သူတို့တွေက ဘယ်သူတွေလည်းဆိုတာကြည့်လိုက်ရအောင်။

၁။ Jack Dorsey (Twitter)


Twitter ကိုတည်ထောင်ခဲ့သူ Jack ဟာ အသက်၂၀ကျော်အရွယ်တုန်းက လူငယ်သဘာသ Skate စီးတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ပထမဆုံးလုပ်ငန်းကို New York မှာစတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့အဌားယာဉ် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်ပြီးတော့ ဒီလုပ်ငန်းမအောင်မြင်တဲ့အခါမှာတော့ နည်းပညာပိုင်းလုပ်ကိုင်နေတဲ့ Ev Williams နဲ့ဆက်သွယ်ပြီးတော့ Instant Messaging ဝန်ဆောင်မှုပေးတဲ့စနစ်ကိုလုပ်ဆောင်ချင်ခဲ့ပါတယ်။ ဒီစိတ်ကူးကိုသဘောကျတဲ့ Williams ကလည်း Dorsey နဲ့အတူလုပ်ဆောင်ခဲ့ရာကနေ Twitter ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Jack Dorsey တစ်ယောက် Twitter CEO ဖြစ်တဲ့အချိန်မှာတော့ သူ့အသက်ဟာ အသက် ၃၀ ဖြစ်နေပါပြီ။

၂။ Sam Walton (WalMart)

WalMart ကိုတော့ ကျွန်တော်တို့နိုင်ငံမှာသိသူနည်းပါးပေမယ့် အနောက်နိုင်ငံမှာတော့ WalMart ဆိုတာနဲ့ သိသူများပြားပါတယ်။ WalMart တည်ထောင်သူ Sam Walton ဟာ WalMart ဆိုတာဖြစ်မလာခင်တုန်းက ယောက္ခမ နဲ့အတူ စတိုးဆိုင်အသေးလေးတစ်ခုကိုစပ်တူဖွင့်ခဲ့တာပါ။ ၁၉၄၅ ခုနှစ်မှာတော့ ယောက္ခမဖြစ်သူဆီကနေ ဒေါ်လာ ၂၀၀၀၀ ကိုချေးဌားပြီး Ben Franklin ဆိုတဲ့ကုန်စုံဆိုင်လုပ်ပိုင်ခွင့်ကိုဝယ်ယူခဲ့ပါတယ်။ နောက်ထပ်သုံးနှစ်အကြာမှာ မိုင် ၂၂၀ အကွာမှာရှိတဲ့ Ben Franklin ဆိုင်ကိုထပ်မံဝယ်ယူခဲ့ပေမယ့် သူ့ရဲ့ဝန်ထမ်းတွေကိုလစာတောင်မပေးနိုင်တဲ့အခြေအနေတစ်ရပ်ကို ကြုံခဲ့ရပါတယ်။ ၁၉၄၅ ခုနှစ်နောက်ပိုင်းမှာတော့ Sam Walton ဟာကိုယ်ပိုင် WalMart အရောင်းဆိုင်တစ်ခုကိုဖွင့်လှစ်ခဲ့ပြီးအခုချိန်မှာတော့ WalMart ဟာကမ္ဘာ့တစ်ဖက်ခြမ်းကနိုင်ငံတွေမှာမသိသူ မရှိတဲ့ဆိုင်တစ်ဆိုင်ဖြစ်လာခဲ့ပါတယ်။ SamWalton တစ်ယောက် WalMart ကိုစတင်ဖွင့်လှစ်တုန်းက သူ့အသက်ဟာ ၄၄ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ 

၃။ Jack Ma (Alibaba)

အခုခေတ်မှာတော့ Alibaba လို့ပြောလိုက်တာနဲ့ Jack Ma ကိုတည်ထောင်သူအဖြစ်လူတိုင်းကသိလာကြသလို လူငယ်တိုင်းအတွက်လည်းစံပြလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် Jack Ma တစ်ယောက်ဘယ်လောက်ရင်းနှီးခဲ့ရလည်းဆိုတာကတော့ သူ့ရဲ့အတွေ့အကြုံနဲ့ ရှုံးနိမ့်မှုတွေကသက်သေခံနေပါလိမ့်မယ်။ Jack Ma တစ်ယောက်ပထမဆုံး ကွန်ပျူတာကို စပြီးသုံးတတ်ချိန်မှာအသက် ၃၀ကျော်နေခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘီလီယံအထိဝင်ငွေရပြီးချမ်းသာနေပေမယ့် အသက်၃၀ကျော်မှာဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ။ ကောလိပ်စာမေးပွဲကို ၃ကြိမ်ကျခဲ့ပြီးနောက်ပိုင်းမှာအလုပ်လုပ်ဖို့အတွက် လျှောက်ထားတော့လည်း ပယ်ချခြင်းခံခဲ့ရပါတယ်။ အသက် ၃၁ နှစ်မှာတော့ China Yello Pages ဆိုတဲ့ ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး ၃ နှစ်အတွင်းမှာဒေါ်လာ ၈သိန်းလောက်ဝင်ငွေရခဲ့ပါတယ်။ အသက် ၃၅ နှစ်ရောက်တဲ့အချိန်မှာတော့ Alibaba ကုမ္ပဏီကိုစတင်ထူထောင်ခဲ့ပြီးအခုချိန်မှာတော့အောင်မြင်မှုအရှိဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။

Credit: Ya Min Maung (Jan)


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again