အကြွေးတွေ အမြဲတမ်းမတင်နေဖို့ ရှောင်သင့်တဲ့ အချက် (၇) ချက်

အကြွေးတွေ အမြဲတမ်းမတင်နေဖို့ ရှောင်သင့်တဲ့ အချက် (၇) ချက်

အကြွေးတွေ အမြဲတမ်းမတင်နေဖို့ ရှောင်သင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ


အလေ့အကျင့်

ပိုက်ဆံချွေတာတယ်ဆိုတာ အလေ့အကျင့်တစ်ခုပါ။ သင့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ ဒါဟာ မွေးယူရမယ့် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

ကွဲကွဲပြားပြား

ပိုက်ဆံဆိုတာ သုံးရတဲ့အရာပါ။ သင်လိုချင်တာကိုရဖို့ အရင်းအနှီးပြုရတဲ့အရာ ဖြစ်ပါတယ်။ သင်ဘာလိုချင်တယ်၊ သင်ဘာဖြစ်ချင်တယ်ဆိုတာကို ကွဲကွဲပြားပြားမသိရင် ငွေကြေးနဲ့ပတ်သက်လို့ ရှုပ်ထွေးနေဦးမှာပါပဲ။

မဝယ်နဲ့

ငှားလို့ရတဲ့အချိန်မှာ ဝယ်တာ။ ခဏပဲအသုံးဝင်မယ့် ပစ္စည်းကို တစ်သက်လုံးသုံးလို့ရမယ့် ပစ္စည်းလို ဝယ်လိုက်တတ်ကြပါတယ်။ နောက်လည်း အသုံးဝင်လာမယ်လို့ ဆင်ခြေပေးတတ်ကြပါတယ်။ နောက်လည်း ဘယ်နှစ်ကြိမ်အသုံးဝင်မှာလည်း ဆိုတာလည်း မေးကြည့်သင့်ပါတယ်။ ခဏပဲသုံးရမယ့်ပစ္စည်းကို ငှားသုံးတာက အကောင်းဆုံးပါ။

အလွယ်လမ်း

အောင်မြင်မှုတစ်ခုမှာ ၉၉ ရာခိုင်နှုန်း ကြိုးစားခဲ့လို့ရတာဖြစ်ပြီး ၁ ရာခိုင်နှုန်းလောက်ကသာ လွယ်လွယ်ကူကူဖြစ်ခဲ့တာပါ။ အလွယ်လမ်းလိုက်ဖို့ ပိုက်ဆံမသုံးပါနဲ့။

ခဏသာအတွက်

ပျော်ရွှင်မှုခဏပဲရပြီး ပိုက်ဆံလွယ်လွယ်ကုန်သွားတဲ့ အလေ့အကျင့်တွေကို လျှော့ချပါ။ လောင်းကစား၊ အရက် စတဲ့အကျင့်တွေ ဖြစ်ပါတယ်။

မတတ်နိုင်ဘဲဝယ်တာ

လောလောဆယ်ငွေကြေး မတတ်နိုင်သေးတဲ့ပစ္စည်းကို ပိုက်ဆံချေးပြီး မဝယ်ပါနဲ့။

ရှေ့နောက်မကြည့်

ပိုက်ဆံနဲ့ပတ်သက်ရင် ဒီနေ့သာယာဖို့ပဲ တွေးပြီး မနက်ဖြန်အကြောင်းမတွေးတာမျိုးကို ပြင်ပါ။

#Duwun

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again