The Boss

The Boss
လူတစ်ယောက်ဟာ ကြက်တူရွေးတစ်ကောင်ဝယ်ဖို့ ဆိုင်ထဲဝင်သွားတယ်။ အရောင်းစာရေးမလေးက သူ့ကို လိုက်ပြပေးတယ်။

“အဝါရောင်လေးက ဘယ်လောက်လဲ”

“ဒေါ်လာ ၂၀၀၀ ပါရှင့်”

ဝယ်သူ နည်းနည်းတွန့်သွားတယ်။ ပြီးတော့ ထပ်မေးလိုက်တယ်။

“သူက ဘာလို့ဈေးများနေတာလဲ”

“သူက စပယ်ရှယ်မို့လို့ပါ။ စကားတတ်အရမ်းမြန်တယ်ရှင့်”

ဝယ်သူက ထပ်မေးတယ်။
“ဟို အစိမ်းရောင်လေးကကော”

“အဲဒီကောင်လေးက ဒေါ်လာ ၅၀၀၀ ပါ။ သူက စကားပြောတတ်တယ်။ Phone Call တွေကိုတောင် ပြန်ဖြေပေးနိုင်ပါတယ်”

ဝယ်သူ ဆက်မေးတယ်။

“အနီရောင်လေးဆိုရင်ကော”

အရောင်းစာရေး ပြန်ဖြေပါတယ်။ “ တစ်ကောင်ကို ၁၀၀၀၀ ပါ”

ဝယ်သူမျက်မှောင်ကျုံ့ပြီးမေးတယ်။

“သူက ဘာလုပ်တတ်လို့လဲဟင်”

“ဘာလုပ်တတ်လဲတော့ မသိဘူး။ ဒါပေမဲ့ တခြားအကောင်တွေကတော့ သူ့ကို Boss လို့ ခေါ်ခေါ်နေကြတယ်”

Credit: B2B Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again