ကနဦးလုပ်ငန်းသစ်အများစု မအောင်မြင်ကြတာ ဘာကြောင့်လဲ

ကနဦးလုပ်ငန်းသစ်အများစု မအောင်မြင်ကြတာ ဘာကြောင့်လဲ
ကနဦးလုပ်ငန်းသစ်အများစုဟာ မအောင်မြင်ကြပါဘူး။ အဲဒီလိုမအောင်မြင်အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းခုနှစ်ခုနဲ့ အောင်မြင်မှုအခွင့်အလမ်းတွေ တိုးလာအောင် သင်ခံယူကျင့်သုံးရမယ့်မဟာဗျူဟာတွေဟာ ဘာတွေလဲဆိုတာကို လေ့လာကြည့်ပါမယ်။

မအောင်မြင်တဲ့အကြောင်းကို ဘယ်သူမှမစဉ်းစားချင်ကြပါဘူး။ အထူးသဖြင့် လုပ်ငန်းအသစ်တစ်ခုကို စလုပ်တဲ့ လူတွေဟာ ဒီအကြောင်းကို မစဉ်းစားချင်ကြပါဘူး။ အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ လေ့လာမှုတစ်ခုမှာ လုပ်ငန်းသစ်တွေရဲ့ ငါးပုံတစ်ပုံဟာ လုပ်ငန်းစလုပ်တဲ့ ပထမတစ်နှစ်အတွင်းမှာပဲ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်သွားရတယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

၁။ မှားယွင်းသည့် အကြောင်းရင်းများဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခြင်း

ဘယ်လုပ်ငန်းမဆိုမအောင်မြင်ရတဲ့ အဓိကအကြောင်းရင်းဟာ အဲဒီလုပ်ငန်းကို စလုပ်ခြင်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ ဆက်စပ်နေတာများပါတယ်။ ငွေတွေအများကြီးရဖို့ ကိုယ့်ရဲ့လုပ်ငန်းကို စလုပ်ခဲ့ပါသလား။ ကိုယ်ပိုင်အလုပ်ကိုစပြီး လုပ်တဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်ပေးနိုင်ပါရဲ့လား။ သင့်ရဲ့အလုပ်ကို စလုပ်လိုက်တဲ့အတွက် နောက်ထပ်ဘယ်သူ့ကိုမှ​ဖြေရှင်းပြစရာမလိုတော့ဘူးလား။

ဒါတွေဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ေယာက် ဖြစ်ခြင်းကြောင့်ရတဲ့ အခွင့်အရေးတွေဖြစ်နိုင်ပေမယ့် စွန့်ဦးတီထွင်သူအများစုဟာ နှစ်တော်တော်ကြာအောင်
တစ်သမတ်ထဲကြိုးပမ်းအားထုတ်ြပီးမှသာ ဒီအကျိုး​ကျေးဇူး​တွေကို တွေ့ကြုံပါတယ်။ ဒါတွေဟာ သင့်ရဲ့လုပ်ငန်းကို စပြီးလုပ်ဖို့အတွက် အဓိကအကြောင်းရင်း
​တွေ မဖြစ်သင့်ပါဘူး။

လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ဖို့အတွက် သင့်တော် မှန်ကန်တဲ့ အကြောင်းရင်းတွေ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားတဲ့ ကုမ္ပဏီတစ်ခုတည်ဆောက်မှုကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ အောက်မှာ ဖော်ပြထားတဲ့အရာတွေ ပါဝင်ပါတယ်။

- ဆန္ဒပြင်းပြမှုရှိပြီး ကိုယ်လုပ်တဲ့အရာကို ချစ်မြတ်နိုးပါတယ်။ ကိုယ့်ရဲ့ဝန်ဆောင်မှု (ဒါမှမဟုတ် ကုန်ပစ္စည်း)​တွေဟာ စျေးကွက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းလိမ့်
မယ်လို့သင်အခိုင်အမာယုံကြည်ပါတယ်။

- စိတ်ဓာတ်တက်ကြွမှုရှိပါတယ်။ ပြတ်သားမှုရှိသလိုစိတ်ရှည်ပြီး အကောင်းမြင်တဲ့အမြင်နဲ့ ကြည့်တတ် ပါတယ်။

- မအောင်မြင်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာတာကို ကိုယ်ကခွင့်မပြုပါဘူး။ ကိုယ့်ရဲ့အမှားတွေဆီက သင်ယူတာ၊ နောက်တစ်ကြိမ်မှာ အောင်မြင်မှုတွေကိုရယူဖို့ ဒီသင်ခန်းစာတွေကို အသုံးချတာကို သင်ယုံ ကြည်ပါတယ်။
- ကိုယ်ကလွတ်လပ်မှုရှိပြီး ကိုင်တွယ်ဆောင်ရွက်ရမယ့် အရာတစ်ခုကို ဘယ်အချိန်မှပဲဖြစ်ဖြစ် တာဝန်ယူပါတယ်။

၂။ ညံ့ဖျင်းသောစီမံခန့်ခွဲမှု

ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့် ကနဦးလုပ်ငန်းသစ်တွေ ရှုံးနိမ့်ရတဲ့အကြိမ်တွေဟာ အများကြီးပါပဲ။ လုပ်ငန်းသစ် တွေမှာ သူတို့အတွက် လိုအပ်တဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ များသောအားဖြင့် မရှိကြပါဘူး။ သူတို့ရဲ့ချို့ ယွင်းအားနည်းချက်တွေ ကိုချင့်ချိန်တွက်ဆပြီး သင့်တော်တဲ့ အကူအညီကိုမရှာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရှုံးနိမ့်သွားကြပါတယ်။ ဒါမှမဟုတ်ရင် လုပ်ငန်းထဲက မြန်မြန်ထွက်သွားကြရပါတယ်။
ပြင်ပက အကူအညီကိုရှာဖွေပါ။ ကနဦးလုပ်ငန်း သစ်တွေတော်တော်များဟာ ရုံးလုပ်ငန်းတွေကို ပြင်ပကစီစဉ်ပေးသူတွေကို တာဝန်ပေးပြီး လုပ်ကိုင်ကြပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းတွေဟာ စာရင်းကိုင်လုပ်ငန်း၊ အချက်အလက်စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကြော်ငြာလုပ်ငန်း၊ ဒါမှမဟုတ် သုတေသနနဲ့ သရုပ်ခွဲစိစစ်မှုလုပ်ငန်းတွေနဲ့ တောင်ဆက်စပ်နေနိုင်ပါတယ်။ ဒီလိုစီစဉ်ပေးသူတွေဟာ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိကြပါတယ်။ ဒါ ပေမဲ့ အချက်အလက်လုံခြုံမှုနဲ့ ပတ်သက်တာတွေကိုတော့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတွေကို လုပ်ပေးဖို့ ပြင်ပမှာ သင် တာဝန်ပေးထားတဲ့ကုမ္ပဏီမှာ သင့်တော်မှန်ကန် ကိုက်ညီတဲ့ ကိရိယာတွေနဲ့ လုပ်ငန်းစဉ်တွေရှိတယ်ဆိုတာကို သေချာအောင်လုပ်ပါ။

၃။ ရန်ပုံငွေမလုံလောက်ခြင်း

ရန်ပုံငွေမလုံလောက်ခြင်းဟာ လုပ်ငန်းအများစု ပထမတစ်နှစ်အတွင်းမှာ ရှုံးနိမ့်သွားရတဲ့ အဓိကအကြောင်း ရင်းနောက်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းသစ်ပိုင်ရှင်တော်တော်များများမှာ သူတို့ရဲ့ ငွေသားစီးဆင်းမှုနဲ့ပတ်သက်ပြီး သင့်တော်မှန်ကန်တဲ့ နားလည်မှုမရှိကြပါဘူး။ သူတို့ထဲ ကတချို့မှာ မတည်ငွေဘယ်လောက် အမှန်တကယ်လိုအပ်မယ်ဆိုတာကို မသိကြပါဘူး။ ရလဒ်ကတော့ လုပ်ငန်းသစ် အများစုကို ပိတ်ပစ်လိုက်ရတာပဲဖြစ်ပါတယ်။ လုပ်ငန်းသစ်တွေရဲ့ ပိုင်ရှင်တွေဟာ အမြတ်တွေဘယ်လောက်ရ လိမ့်မယ်ဆိုတဲ့ လက်တွေ့မကျတဲ့ မျော်လင့်ချက်တွေထားတတ်ကြတာများပြီး အဲဒီလိုထားကြတာဟာ မအောင်မြင်ဖို့ပဲ ဖြစ်သွားပါတယ်။

ငွေကြေးပြတ်လပ်သွားတာကို ရှောင်ပြီး သင့်ရဲ့မျော်လင့်ချက်တွေဟာ လက်တွေ့နဲ့ ကိုက်ညီတယ်ဆိုတာကို သေချာအောင်လုပ်ဖို့အတွက် ငွေဘယ်လောက်လိုအပ်မယ်ဆိုတာကို စူးစမ်းတွက်ချက်ပါ။ ဒီကိန်းဂဏန်းထဲမှာ လုပ်ငန်းသစ်ရဲ့ ကုန်ကျစရိတ်တွေသာမက ကိုယ့်ရဲ့လုပ်ငန်းအနေနဲ့ စျေးကွက်ထဲမှာရေရှည်နေဖို့ သေချာ အောင်လုပ်ရာမှာ ကုန်ကျမယ့်ကုန်ကျစရိတ်တွေလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ အနည်းဆုံးတစ်နှစ်၊ နှစ်နှစ် အတွက် ကြိုတင်လိုအပ်မယ့် ရန်ပုံငွေကိုလည်း ခန့်မှန်းပါ။

၄။ တည်နေရာ၏အရေးပါမှု

ဒေသတစ်ခုမှာရှိတဲ့ လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကို စူးစမ်းတွက်ချက်ရာမှာ တည်နေရာဟာ အထူးအရေးပါတဲ့ အခြေခံအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းသစ်အတွက် တည်နေရာကို ရွေးချယ်တဲ့အခါ စဉ်းစားရမယ့် အခြေခံအကြောင်းရင်းတချို့ကုိ အောက်မှာဖော်ပြထားပါတယ်။

- ကိုယ့်ဝယ်သူတွေဟာ ဘယ်နေရာမှာတည်ရှိသလဲ

- အဲဒီနေရာရဲ့ယာဉ်အသွားအလာ၊ ယာဉ်ရပ်နားဖို့ နေရာနဲ့အဲဒီနေရာကို ရောက်ရှိနိုင်မှု

- ပြိုင်ဘက်တွေက ဘယ်နေရာမှာတည်ရှိကြသလဲ

- ဒီနေရာရဲ့ လက်ရှိအခြေအနေဟာ ဘယ်လိုလဲ။ လုံခြုံမှုရှိရဲ့လား

- ဒေသတစ်ခုမှာ စီးပွားရေးလုပ်ငန်းသစ်တစ်ခုုကို အခြေချတဲ့အတွက် အဲဒီဒေသအစိုးရက မက်လုံးတစ်ခုခု ပေးသလား။

- အသစ်တည်ထောင်တဲ့လုပ်ငန်းကို ဒေသခံလူထုက ဘယ်လောက်ကောင်းကောင်းတုံ့ပြန်လဲ။

၅။ သင့်တော်မှန်ကန်မှုမရှိသော လုပ်ငန်းစီမံချက်ရေးဆွဲခြင်း

စေ့စပ်သေချာပြီး စနစ်ကျတဲ့၊ မဟာဗျူဟာမြောက်တဲ့ စီမံချက်ရေးဆွဲမှုမရှိရင် အောင်မြင်တဲ့ဖြစ်ရပ်တစ်ခုကို ဖြစ် မြောက်အောင်ဆောင်ရွက်ဖို့မဖြစ်နိုင်ဘူးဆိုတာကို စီမံခန့်ခွဲမှုအတွေ့အကြုံရှိထားတဲ့ ဘယ်သူမဆို သိကြပါတယ်။ လုပ်ငန်းအသစ်တစ်ခုကို စလုပ်ရာမှာလည်း အဲဒီအတိုင်းပါပဲ။ ခိုင်မာတဲ့ လုပ်ငန်းစီမံချက်တစ်ခုဟာ မဖြစ်မနေလုပ်ရမယ့် အရာဖြစ်ပါတယ်။ လုပ်ငန်းဟာ အောင်မြင်ဖို့ အကောင်းဆုံး အခွင့်အလမ်းရှိတယ်ဆိုတာကို သေချာစေဖို့အတွက် စီမံချက်ဟာလက်တွေ့ကျဖို့နဲ့ မှန်ကန်ပြီးအချိန်နဲ့ တစ်ပြေးညီဖြစ်တဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံဖို့လိုအပ်ပါတယ်။

လုပ်ငန်းစီမံချက်ဟာ အောက်မှာဖော်ပြထားတဲ့ အခြေခံအကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစား ထားတယ်ဆိုတာကို သေချာအောင်လုပ်ပါ။

- လုပ်ငန်းရဲ့သဘာဝ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုကိုကိုယ့်ရဲ့မျော်မှန်းပုံမျော်မှန်းနည်း

- စျေးကွက်ကို သရုပ်ခွဲစိစစ်မှု

- ဝန်ထမ်းလိုအပ်ချက်

- ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးမှုတွေ (နဲ့ဖြေရှင်းမှုတွေ)

- ဘဏ္ဍာရေးလိုအပ်ချက်

- ပြိုင်ဘက်တွေအပေါ် စေ့စပ်သေချာတဲ့ သရုပ်ခွဲစိစစ်မှု

- ကြော်ငြာလုပ်ငန်းမဟာဗျူဟာ

- စေ့စပ်သေချာတဲ့ ဘတ်ဂျက်သရုပ်ခွဲစိစစ်မှု

၆။ အလွန်အကျွံ လုပ်ငန်းတိုးချဲ့ခြင်း

လုပ်ငန်းသစ်တစ်ခုမအောင်မြင်ခြင်းရဲ့ ဆဋ္ဌမမြောက်အကြောင်းရင်းတစ်ခုကတော့ အလွန်အကျွံလုပ်ငန်းတိုးချဲ့ ခြင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းကို လက်တွေ့ကျကျ ဘယ်လောက်မြန်မြန်တိုးချဲ့နုိင်တယ်ဆိုတာကို စွန့်ဦး တီထွင်သူတွေက မှားယွင်းခန့်မှန်းတဲ့အခါ အလွန်အကျွံလုပ်ငန်းတိုးချဲ့ခြင်းဆိုတာ ဖြစ်ပေါ်လာပါတယ်။ အလျင် အမြန်တိုးချဲ့ဖို့ထက် ဖြည်းဖြည်းနဲ့မှန်မှန်တိုးတက်မှုကို အာရုံစိုက်ပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်အနေနဲ့တိုးတက် မှုကို ထိန်းချုပ်ထားတာလည်း မဖြစ်သင့်ပါဘူး။

ခိုင်မာတဲ့ စျေးဝယ်သူအခြေစိုက်စခန်းတစ်ခုနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေတစ်ခုကို တည်ဆောက် ပြီးပြီဆိုတာနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ့်ရဲ့အောင်မြင်မှုက အထောက်အကူပေးခွင့်ပြုလိုက်ပါ။ လုပ်ငန်းတိုးချဲ့မှုဟာ အလားအလာကောင်းတယ်လို့ ညွှန်ပြနေတဲ့ လက္ခဏာတွေထဲမှာ လက်ရှိအရင်းအမြစ်တွေနဲ့ ထုတ်လုပ်မှုလိုအပ်ချက်တွေကို ထိုက်သင့်သလို ပြည့်မီဖို့ ကြိုးစားအားထုတ်နေတဲ့ ဝန်ထမ်းအင်အားအပေါ်မှာ အခြေခံပြီး စျေးဝယ်သူတွေရဲ့ အမှာစာ (ဒါမှမဟုတ် တောင်းဆိုချက်) တွေကို ဖြည့် ဆည်းဖို့ အခက်အခဲပါဝင်နေပါတယ်။

၇။ ဝက်ဘ်ဆိုက်၊ သို့မဟုတ် ဒစ်ဂျစ်တယ် Platform ကဆွဲဆောင်မှုမရှိခြင်း

လွယ်ကူနဲ့ နည်းလမ်းနဲ့ပြောရမယ်ဆိုရင်ေတာ့ ကိုယ်ဟာဒီခေတ်ရဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ့်မှာ ဝက်ဘ်ဆိုက်တစ်ခုနဲ့ ခိုင်မာတဲ့ဒစ်ဂျစ်တယ်ဆွဲဆောင်မှု တစ်ခုရှိရမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အင်တာနက်အသုံးပြုသူတွေနဲ့ အွန်လိုင်းရောင်းဝယ်မှုတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ဒီအရေအတွက်ဟာ လာမယ့်နှစ်တွေမှာလည်း တိုးလာဦးမယ်လို့ပဲ မျော်လင့်ရပါတယ်။

ဒီနေ့စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ တခြားအရေးကြီးတဲ့ သတင်းအချက် အလက်တွေနဲ့ပတ်သက်ပြီး ပိုပြီးလေ့လာနိုင်အောင်စျေး၀ယ်သူတွေကို အကူအညီပေးတဲ့ လွယ်ကူတဲ့ ဒီဇိုင်းနဲ့ရေးဆွဲထားပြီး အလွယ်တကူသုံးလို့ရတဲ့ ဝက်ဘ်ဆိုက်တစ်ခုအနည်းဆုံးရှိရပါမယ်။ ကိုယ့်မှာ ဒေသတစ်ခုအတွက် စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ကိုယ်ပစ်မှတ်ထားဖို့အတွက် ဒေသခံပရိသတ်ရှိတယ်ဆိုရင် ဝက်ဘ်စာမျက်နှာတိုင်းမှာ လုပ်ငန်းလိပ်စာ၊ ဆက်သွယ်မှုသတင်းအချက်အလက်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အချိန်တွေ ပါတယ်ဆိုတာ သေချာအောင်လုပ်ပါ။ ကိုယ်ဟာ စျေးဝယ်သူတွေက သင့်ကို အလွယ်တကူတွေ့ရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းကို Google Places တွေမှာလည်း ပါအောင်ထည့်ထားရမှာဖြစ် ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့သဘာဝဟာ စျေးဝယ်သူတွေဆီကို တိုက်ရိုက်ရောင်းချမှုနဲ့မပတ်သက်ရင် ဒါမှမဟုတ် ထောက်ခံချက်တွေ၊ တွေ့ဆုံပြောဆိုမှုတွေကတစ်ဆင့် ကိုယ့်ဖောက်သည် အများစုကိုရတာဖြစ်ရင် ကိုယ့်ရဲ့ ဝက်ဘ်ဆိုက်ကနေ အလားအလာရှိတဲ့ ဖောက်သည်တွေ ကိုယ့်ဆီကိုရောက်အောင်လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ဝန်ေဆာင်မှုတွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေသိသင့်တဲ့အရာအားလုံးကို လက်ဆင့်ကမ်းပေးတဲ့ ခိုင်မာတဲ့လူမှုကွန်ရက်ဆွဲဆောင်မှုတစ်ခု ကိုယ့်မှာရှိရပါမယ်။ ကိုယ့်ရဲ့စျေးဝယ်သူတွေဟာ လူမှုကွန်ရက်ပေါ်မှာ နေ့တိုင်းရှိနေကြပါတယ်။ ခိုင်မာတဲ့ ဒစ်ဂျစ်တယ်ဆွဲဆောင်မှုတစ်ခုရှိထားခြင်းဟာ အဲဒီ စျေးကွက်ထဲကို အလွယ်တကူပျံ့နှံ့ ရောက်ရှိသွားအောင်လုပ်ဖို့ ကိုယ့်ကိုခွင့်ပြုထားပါတယ်။ ကိုယ့်မှာ လူမှုကွန် ရက် ဆွဲဆောင်မှုမရှိရင် ကိုယ်ကသူများလောက်စံမမီတဲ့ ပုံစံပေါက်သွားနိုင်ပြီး ကိုယ့်ရဲ့လုပ်ငန်းဟာ လူမှုကွန်ရက်မှာ ပိုပြီးခိုင်မာတဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ရဲ့ပြိုင်ဘက်တွေဆီကို ရောက်သွားပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဘယ်လုပ်ငန်းသစ်မဆိုရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ အရေးအကြီးဆုံးအ ခြေခံအကြောင်းရင်းဟာ တည်ထောင်သူ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ စွန်ဦးတီထွင်သူတွေ တော်တော်များအတွက် ရှုံးနိမ့်မှုဟာရွေးချယ်ရမယ့် အရာတစ်ခုမဟုတ်ပါဘူး။ ဒီစွန့်ဦးတီထွင်သူတွေဟာ ဘယ်လိုအခက် အခဲပြဿနာမျိုးကိုမဆို ဆန္ဒပြင်းပြမှု၊ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ပြတ်သားမှု၊ အကောင်းဘက်ကမြင်တတ်မှုတွေနဲ့ ကျောထောက်နောက်ခံပြုပြီး အတွေ့အကြုံဆီက လေ့လာသင်ယူပြီး အဲဒီအတွေ့အကြံုနဲ့ပြန်ပြီး တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းအဖြစ် ယူဆကြပါတယ်။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again