ဆင်ခြေ
တစ်ခါက ရွာတစ်ရွာမှာ မျကိစိအရမ်းမှုံတဲ့
ကိုဖိုးသောင်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။
သူက သူမျက်စိမှုံတာကို ဝန်မခံဘူး မြင်တယ်ဆိုတာချည်းပဲ။
မျက်စိမှုံလို့ အဆင်မပြေတိုင်း ဆင်ခြေဆင်လက်နဲ့
ဖုံးကွယ်တတ်တယ်။
တစ်နေ့ သူ့အိမ်မီးလောင်တော့ အပေါက်ရှာမတွေ့ဘူး။
မျက်စိမှုံရတဲ့ကြားမီးခိုးမွှန်နေသကိုး။
ရွာသားတွေက …
'' ဗျို့ ကိုဖိုးသောင်း မီးတွေကြီးနေပြီ မြန်မြန်ဆင်းခဲ့ဗျ အပေါက်ရှာမတွေ့လို့လား''
'' အာ မဟုတ်ပါဘူးကွ အရေးကြီးတဲ့ပစ္စည်းလေးတွေ
ယူနေလို့ပါ''
အဲလို အဲ ကံကောင်းတော့ အပေါက်တွေ့တာနဲ့
မီးလွတ်ရာပြေးတယ်။
ကံဆိုးချင်တော့ ရေတွင်းပျက်ထဲကျတယ်။
ကောင်းကောင်းမှ ...မမြင်တာ ။
ကိုဖိုးသောင်း ရေတွင်းကြီးတောင် မမြင်ဘူးလားဗျ''
'' မမြင်ပဲနေမလားဟ ပူလို့ ရေဆင်းစိမ်တာကွ''
နည်းနည်းမှမလျှော့ ဒါနဲ့ ရွာသားတွေလည်း ဓါတ်သိဆိုတော့
မပြောတော့ပါဘူး လှေကားရှာ တွင်းထဲချ ပြန်တတ်စေတာပေါ့။
ဖြစ်ချင်တော့ လှေကားက ရှည်ပြီး တွင်းနှုတ်ခမ်းအပေါ်
လူတစ်ရပ်သာသာ မြင့်နေတယ်။
ကိုဖိုးသောင်း မမြင်မစမ်းနဲ့ တွင်းနှုတ်ခမ်းရောက်မှန်းမသိ
အောင်ဆက်တက်တာကိုး။
ရွာသားတွေလည်း သူဘယ်လို ဆင်ခြေပေးမလဲ တွေးပြီး…
'ကိုဖိုးသောင်း ခများဗျာ မျက်စိမမှုံဘူးလည်းပြောသေး
ဘာဖြစ်လို့ အပေါ်ရောက်နေတာတောင်
လှေကားအဆုံးထိ တက်နေတာလဲ''
''မင်းဘာသိလို့လဲ အိမ်ဘေးက အရီးလေးတို့အိမ်
မီးကူးသလား ကြုံလို့တတ်ကြည့်တာကွ'' တဲ့
အဲဂလိုရယ်
ဒါနဲ့ စိတ်ဆိုးပြီး လှေကားထိပ်က ခုန်ချတော့
အောက်ကခွေးပိန် မိနီမ အပေါ်ပြုတ်ကျပြီး
ခွေးက တဂိန်ဂိန်အော်ပြေးသကိုး …
ဒီတော့ ကိုဖိုးသောင်း ဘာပြောမှတ်လည်း…
'' အဲ့ခွေး ငါကြည့်မရတာကြာပီ
ဒါကြောင့် တည့်တည့်ကိုခုန်ချတာကွ '' တဲ့
'' - တိန် - - - ''
Credit
Add New Comment