ခါးနာသက်သာစေမယ့် နည်းလမ်း ၈ မျိုး

ခါးနာသက်သာစေမယ့် နည်းလမ်း ၈ မျိုး

၁။ လေ့ကျင့်ခန်းပြုလုပ်ပါ။

လေ့ကျင့်ခန်း မပျက်မကွက် နေ့စဉ်ပြုလုပ်ပါ။ ခါးနာတာသက်သာဖို့အတွက်ဆိုရင် အကြောလျော့တာနဲ့ခြေလက်တွေကို ဆန့်တန်းပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အဓိကသော့ချက်ပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက လှုပ်ရှားမှုပေါ့ပါးလာစေတဲ့အပြင် အာရုံကြောတွေနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါအပြင် နာကျင်မှုလျော့နည်းစေပြီး ကြွက်တက်တာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းပြုလုပ် ချိန်မှာတော့ ဖြည်းဖြည်းနဲ့ညင်သာစွာပြုလုပ်ပါ။ အလေးနဲ့ကစားတဲ့ လေ့ကျင့်ခန်းတွေက သင့်ရဲ့ကျောရိုးကို ထောက်ပံ့တဲ့ ကြွက်သားတွေကို သန်မာစေတာမို့ သိပ်ကိုအရေးကြီးပါတယ်။

၂။ လမ်းလျောက်ပါ။

သင်ဖြည်းဖြည်းပဲ လမ်းလျောက်မယ်ဆိုရင်တောင် တစ်ရက်ကို အနည်းဆုံး မိနစ်နှစ်ဆယ်ခန့်လမ်းလျောက်ပါ။လမ်းလျောက်ခြင်းက ဖြည်းဖြည်းချင်းနဲ့ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းဖြစ်သလို သင့်ရဲ့လှုပ်ရှားနိုင်စွမ်းတွေကို မြှင့်တင်ပေးပါလိမ့်မယ်။ ပုံမှန်လမ်းလျောက်ခြင်းက သင့်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် ကောင်းမွန်စွာလည်း အိပ်စက်နိုင်စေပါတယ်။

၃။ ရေကူးပါ။

သင်ရေကူးဖို့ အဆင်သင့်တယ်ဆိုရင်တော့ တစ်ရက်ကို မိနစ် နှစ်ဆယ်ခန့် ရေကူးပါ။ ကန်ရေအမြင့်က ကိုယ့်ရဲ့ရင်ဘတ်ခန့်မြင့်ဖို့လိုပြီး လမ်းလျောက်တဲ့ လေ့ကျင့်ခန်းနဲ့ ရေကူးတာပါတွဲဖက်လုပ်ပါ။ သင်ခါးပိုနာလာတာနဲ့အမျ ရေပိုကူးပါ။ ရေကူးခြင်းက နှစ်ရှည်လများ ခါးနာဝေဒနာခံစားသူတွေအတွက် အကောင်းဆုံးကုထုံးတစ်ခုဖြစ်ပါတယ်။ လေ့လာချက်အရတော့ ရေကူးခြင်းက ခါးနာတာကို သက်သာစေတဲ့အပြင် စိတ်ဖိစီးမှုကို မြင့်မားစေတဲ့ ဟော်မုန်းတွေကို လျော့ကျစေပါတယ်။ တစ်ခါတစ်ရံမှာ ခါးနာတာဟာ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါအပြင် ရေထဲမှာပဲ လေ့ကျင့်ခန်းလုပ်သလိုဖြစ်နေတာကြောင့် ဘာအလေးအပင်မှလည်း သယ်စရာမလိုတော့ဘဲ ထိခိုက်ဒဏ်ရာရမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

၄။ တစ်နာရီတစ်ခါ ကိုယ်နေဟန်ထားကို ဂရုတစိုက်ကြည့်ပါ။

သင်ထိုင်နေတာပဲဖြစ်ဖြစ် မတ်တတ်ရပ်နေတာပဲဖြစ်ဖြစ် မတ်မတ်နေပါ။ ပုံမှန်ဂရုတစိုက်နဲ့ မိမိကိုယ်နေဟန်ထားကို ဂရုစိုက်ရပါမယ်။ ကိုယ်နေဟန်ထားမမှန်ခြင်းက ခါးနာခြင်းကို ဆိုးရွားစေလို့ပါပဲ။

၅။ ယောဂလေ့ကျင့်ပါ။

လေ့လာမှုတွေရဲ့တွေ့ရှိချက်တွေအရ ယောဂကျင့်စဉ်တွေက ခါးနာတာကို များစွာသက်သာစေပါတယ်။ ယောဂလေ့ကျင့်ခန်းရဲ့ အားသာချက်ကတော့ နာကျင်ဒဏ်ရာရတာမျိုးလည်းမဖြစ်စေပါဘူး။ သင်ဟာ အကြောတွေကောင်းစွာ မလျော့နိုင်သေးဘူးဆိုရင်တောင် ယောဂကျင့်ရာမှာ အသုံးပြုတဲ့ ခါးပတ်၊ အခင်းနဲ့ ခေါင်းအုံးလေးတွေ အစရှိတဲ့ အထောက်အပံ့တွေရှိတာမို့ ခက်ခဲမှုမရှိပါဘူး။

၆။ အပ်စိုက်ကုသခြင်းပြုလုပ်ပါ။

ခါးနာသက်သာအောင် အပ်စိုက်ကုသတာက ခါးနာတာအပြင် တခြားအကျိုးကျေးဇူးတွေလည်းရပါတယ်။ အပ်စိုက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာခံစားလို့ကောင်းတဲ့ Endorphins ဟော်မုန်းတွေများစွာထွက်ပါတယ်။ အကြံပြုချင်တာကတော့ ပိုနာတဲ့နေရာမှာ အပ်ကိုခပ်နက်နက်စိုက်ပြီး ကုသတာက များစွာထိရောက်ပါတယ်။ လေ့လာမှုတစ်ခုရဲ့ အဆိုအရတော့ သာမန်အပ်စိုက်ကုထုံးထက်တောင် ပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

၇။ နှိပ်ပေးပါ။

လေ့လာချက်အများစုရဲ့ သုံးသပ်ချက်အရတော့ နှစ်ရှည်လများခါးနာခြင်းကို နှိပ်ပေးခြင်းနဲ့ သက်သာစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒါဟာ ခဏသက်သာစေရုံပဲ ဖြစ်ပါတယ်။ သင်က ငွေကြေးတတ်နိုင်မယ်ဆိုရင်တော့ ခါးနာတာ သက်သာစေဖို့နဲ့ ဖိစီးမှုတွေပျောက်ဖို့ အနှိပ်ခံတာမျိုးကို အားပေးပါတယ်။ Myofascial Release ၊ ဒါမှ မဟုတ် Acupressure Massage ဆိုတဲ့ နှိပ်နယ်ခြင်းမျိုးတွေ ပြုလုပ်မယ်ဆိုရင် သင့်ရဲ့လှုပ်ရှားမှုနဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

၈။ ကာကွယ်ပါ။

ပစ္စည်းတစ်ခုခုမတော့မယ်ဆိုရင် သင့်ခြေထောက်ကို အသုံးပြုပါ။ ခါးကို အသုံးမပြုပါနဲ့။ အလေးအပင်မတော့မယ်ဆိုရင် ပစ္စည်းနားကို အရင်သွားပါ၊ ဒူးကွေးပါ၊ ပစ္စည်းကို ကိုင်ပါ။သင့်ခြေထောက်ကို မတ်မတ်ထားပြီး သယ်ပါ။

အဒိုနီရမ်
Ref:www.readersdigest.ca
Credit: CEO Myanmar

Comments


Nann Khin Mhwe
Nann Khin Mhwe
02 Jul 2020 03:17 AM
ขอบคุณมากๆค่ะ.... ได้ความรู้ไปเยอะเลย

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again