ပြောင်းလဲလာတဲ့ နည်းပညာတွေအပေါ် အမီလိုက်နေရတဲ့ နည်းပညာကုမ္ပဏီကြီးများ
ဟောလိဝုဒ်ရုပ်ရှင်၊ မဂ္ဂဇင်းအဖုံးတွေနဲ့ သတင်းစာတွေရဲ့ ဖော်ပြချက်တွေကြောင့် စက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားအရင်းအမြစ်ကြားစိန်ခေါ်မှုကို လူအများက စိတ်ဝင်စားနေကြပါတယ်။ အဆိုးမြင်သူတွေကတော့ စက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးမှုဟာ အလုပ်လက်မဲ့ဖြစ်စေနိုင်ပြီး ဥပဒေတွေကိုချိုးဖောက်ရာရောက်စေတဲ့အပြင် စစ်ပွဲတွေပါဖြစ်လာနိုင်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ကြပါတယ်။ အဲဒီလိုထင်မြင်ချက်တွေက အလှမ်းဝေးနေသေးတဲ့ အနာဂတ်အတွက် စိုးရိမ်စရာပါပဲ။ အခုလက်ရှိ ပြိုင်နေကြတာက လူသားနဲ့ စက်ပစ္စည်းတွေမဟုတ်ဘဲ နည်းပညာ မြှင့်တင်ရေးကဏ္ဍမှာ အချင်းချင်းပြိုင်ဆိုင်နေတဲ့ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်အချက်အလက်ရရှိနိုင်မှု၊ ကွန်ပျူတာအသုံးပြုရလွယ်ကူမှု၊ နည်းပညာပိုင်းကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုတွေ မြန်မြန်ဆန်ဆန် တိုးမြင့်လာတဲ့အတွက် ကွန်ပျူတာသိပ္ပံကဏ္ဍမှာ ဂယက်ရိုက်မှုတွေ ဖြစ်လာပါတယ်။ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနောက်ဥရောပရဲ့ အကြီးမားဆုံးနည်းပညာနယ်ပယ်နဲ့ တရုတ်ပြည်က ဌာနခွဲတွေမှာ Alphabet (Google ရဲ့ ပင်မအဖွဲ့အစည်း)၊ Amazon ၊ Apple ၊ Facebook ၊ IBM နဲ့ Microsoft တို့က အကြီးအကျယ်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ကုမ္ပဏီတွေရဲ့ နည်းပညာပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို အတိအကျတိုင်းတာဖို့ မလွယ်ပေမယ့် PitchBook ရဲ့ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ ကုမ္ပဏီတွေဟာ နည်းပညာပိုင်း တိုးတက်စေဖို့အတွက် အမေရိကန်ဒေါ်လာ ၂၁.၃ ဘီလီယံ သုံးစွဲထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၂၀၁၅ ခုနှစ်ကထက် ၂၆ ဆပိုများတယ်လို့ သိရပါတယ်။
စက်ပစ္စည်းပိုင်းအလိုအလျောက်နားလည်မှုဟာ နည်းပညာတိုးတက်ရေးအတွက် အသင့်တော်ဆုံးအရာပဲ ဖြစ်ပါတယ်။ ကွန်ပျူတာတွေဟာ ပုံရိပ်တွေကို မှတ်မိပြီး အလွယ်တကူခန့်မှန်းဖို့ အချက်အလက်တွေကို သေချာဆန်းစစ်ထားရင် လုံလောက်ပါပြီ။ အခုချိန်မှာ အဲဒီနည်းလမ်းကို နည်းပညာနယ်ပယ်ကြီးတစ်ခုလုံး တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပါတယ်။ Uber ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်စေရေးသုတေသနပညာရှင်ကြီး Zoubin Ghahramani က ကွန်ပျူတာတွေများပြားလာတာနဲ့အမျှ နည်းပညာတွေလည်း တိုးတက်ပြောင်းလဲလာမယ်လို့ ဆိုပါတယ်။
နည်းပညာတိုးတက်မှုရဲ့ အကျိုးဆက်ကို နားလည်ဖို့အတွက် Database တွေကို ကြည့်တတ်ရပါမယ်။ Database တွေက Software တွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ နည်းပညာမြင့်လာတာနဲ့အမျှ ခန့်မှန်းနိုင်မှု၊ လှုံ့ဆော်မှုစွမ်းအားတွေ ပိုမြင့်လာမယ်လို့ Frank Chen (Andreessen Horowitz လုပ်ငန်းစု) က ပြောပါတယ်။ မိုဘိုင်းဖုန်းတွေထဲက Email တွေကို လျင်လျင်မြန်မြန်ဖတ်ရှုနိုင်ပြီး အကြောင်းပြန်နိုင်တဲ့ Google ရဲ့ Gmail Application ကတော့ အနာဂတ်ကိုရည်ညွှန်းနေတဲ့ ဥပမာတစ်ခုပါပဲ။
နည်းပညာကဏ္ဍမှာ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း သုံးစွဲနှုန်းမြင့်တက်လာမှုအရ စက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ ပညာရှင်တွေရဲ့ လက်ရှိစီမံကိန်းတွေကို ကူညီပေးမယ့်အပြင် လုပ်ငန်းသစ်တွေ ချဲ့ထွင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ''နည်းပညာကုမ္ပဏီတစ်ခုအနေနဲ့ စက်ပစ္စည်းဖွံ့ဖြိုးတိုးတက်မှုကို အလေးမထားရင် ကိုယ်ဟာ မတူညီတဲ့နယ်ပယ်ကနေပြီး ရင်းနှီးမြှုပ်နှံနေသလိုပါပဲ'' လို့ Jeff Wilke (Chief Executive of worldwide consumer, Amazon) က ပြောပါတယ်။
တရုတ်နည်းပညာကုမ္ပဏီ Baidu နဲ့ Alibaba ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်နေပြီး သူတို့ရဲ့ပြည်တွင်းဈေးကွက်မှာ ပြန်လည်ရင်းနှီးမြှုပ်နှံနေကြပါပြီ။
လာမယ့်နှစ်အနည်းငယ်အတွင်းမှာ နည်းပညာကုမ္ပဏီကြီးတွေဟာ စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်မှုကို လက်ရှိလုပ်ငန်းတွေမှာ အသုံးချသွားမယ့်အပြင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုပေါ်မူတည်ပြီး အကျိုးအမြတ်ပိုရအောင် လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
အချက်အလက်နဲ့ ကွန်ပျူတာစွမ်းအင်တွေထက် အဓိကလိုအပ်နေတာက လူသားတွေရဲ့ တီထွင်ကြံဆမှုပဲ ဖြစ်ပါတယ်။ စက်ပိုင်းဆိုင်ရာအလိုအလျောက်နားလည်မှုတွေကို အချက်အလက်ကျကျ တီထွင်ဖန်တီးနိုင်တဲ့နည်းပညာရှင်တွေ လိုအပ်နေတာဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို နည်းပညာကျောင်းသားတွေလည်း အပြည့်အဝမထောက်ပံ့နိုင်ကြပါဘူး။
''ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေကို စနစ်တကျသုံးတတ်ရင် အကျိုးရှိမယ်၊ မသုံးတတ်ရင်တော့ ကိုယ့်အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်'' လို့ Gurdeep Singh Pall (Microsoft) က ပြောပါတယ်။ ကုမ္ပဏီလုပ်ငန်းကောင်းကောင်းလည်ပတ်ဖို့ သင့်တော်တဲ့လူတွေကို ခန့်အပ်ထားဖို့ လိုပါတယ်။ ရှိသင့်ရှိထိုက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမရှိတဲ့အတွက် ကုမ္ပဏီတော်တော်များများ ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ပါပြီ။ ဒီလိုဖြစ်ရပ်တွေကြောင့် နည်းပညာကုမ္ပဏီတွေက ပါရဂူကြီးတွေနဲ့ ကျောင်းမပြီးသေးတဲ့ ကျောင်းသားတွေကို ခန့်အပ်ထားတာဖြစ်ပါတယ်။
အလုပ်ခေါ်စာတွေက Walmart ရဲ့ လျှော့ဈေးပွဲတော်နဲ့တောင်တူနေပြီလို့ Andrew Moore (ကျောင်းအုပ်ကြီး၊ Carnegie Mellon University’s (CMU) School of Computer Science) က ပြောပါတယ်။ CMU ကျောင်းဟာ နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမှာ ထိပ်တန်းကဦးဆောင်နေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ CMU ကျောင်းရဲ့စက်ပစ္စည်းပိုင်းတီထွင်ဖန်တီးရေးဌာနကို Uber က ဝယ်ယူခဲ့ပါတယ်။ Yann Le Cun (Facebook) နဲ့ Geoffrey Hinton (Google) တို့ဟာ ဝါရင့်ပါရဂူကြီးတွေပီပီ နည်းပညာရှင်တွေကို သူတို့နဲ့လက်တွဲ လုပ်ကိုင်ဖို့ စည်းရုံးသိမ်းသွင်းရာမှာ အလွန်ပါးနပ်လှပါတယ်။ မြင့်မားတဲ့လစာတွေအပြင် တခြားခံစားခွင့်တွေ ပါပေးကြပါတယ်။
ဒီနည်းလမ်းတွေနဲ့ အလုပ်မဖြစ်တဲ့အခါ ကုမ္ပဏီတွေက လုပ်ငန်းတစ်ခုလုံးကိုဝယ်ယူလိုက်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ နည်းပညာရှင်တစ်စုရဲ့ အရင်းအနှီးမရှိတဲ့ DeepMind လုပ်ငန်းစုကို အမေရိကန်ဒေါ်လာ သိန်းငါးထောင်နဲ့ Google က ဝယ်ယူလိုက်ပါတယ်။
ဝယ်ယူလိုက်ပြီးတဲ့နောက်မှာ နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့နာမည်ကြီး Go ပရိုဂရမ်ကို တီထွင်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီကြီးတွေက အမြတ်နည်းတဲ့လုပ်ငန်းစုလေးတွေကို ဝယ်ယူလာကြပြီး ဝန်ထမ်းတစ်ဦးချင်းစီကို အမေရိကန်ဒေါ်လာသိန်း ၅၀-၁၀၀ ကျော် ပေးနိုင်တဲ့အထိ အမြတ်အစွန်း ရလာကြပါတယ်။
လူသိရှင်ကြားမသိစေလိုတဲ့ကိစ္စတွေ
ဝန်ထမ်းတွေကို ဆက်ဆံရာမှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခုရဲ့ သဘောသဘာဝက ကွဲပြားပါတယ်။ Microsoft နဲ့ IBM တို့ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်စေဖို့ လေ့လာစမ်းသပ်မှုတွေလုပ်ရာမှာ အကုန်အကျခံကြပေမယ့် ရှာဖွေတွေ့ရှိမှုတွေကို မတီထွင်ကြပါဘူး။ Apple နဲ့ Amazon တို့ကတော့ လေ့လာစမ်းသပ်မှုတွေအစား ထုတ်ကုန်ပစ္စည်းတွေ တီထွင်ဖန်တီးထုတ်လုပ်ဖို့ပဲ အာရုံစိုက်ကြပါတယ်။ Google နဲ့ Facebook ကတော့ လေ့လာစမ်းသပ်မှုတွေ လုပ်သလို တွေ့ရှိလာတဲ့ နည်းပညာအသစ်တွေကိုလည်း ပြန်အသုံးချကြပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေကြားမှာ တွေ့ရတဲ့အခက်အခဲကတော့ ပညာရှင်တွေကို ခေါ်ယူတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ''တကယ်လို့ သူတို့ကို ကိုယ့်ဆီမှာ အလုပ်လာလုပ်ပါ။ လုပ်နေတဲ့အလုပ်အကြောင်းကို လျှို့ဝှက်ထားရမယ်လို့သွားပြောရင် သူတို့ရဲ့တက်လမ်းပိတ်လိုက်သလိုဖြစ်တဲ့အတွက် ဘယ်သူမှလာလုပ်မှာ မဟုတ်ပါဘူး'' လို့ Facebook ရဲ့ သုတေသနလုပ်ငန်းစဉ်တွေ ဦးဆောင်နေတဲ့ Mr LeCun က ပြောပါတယ်။
ဖန်တီးနေတဲ့နည်းပညာတွေ လျှို့ဝှက်ထားစေချင်တဲ့ကိစ္စနဲ့ ပညာရှင်တွေကို စည်းရုံးဖို့ကိစ္စရပ်နှစ်ခုကြားမှာ အမေရိကန်နည်းပညာရှင်တွေ ခန့်ထားချင်တဲ့ တရုတ်နည်းပညာကုမ္ပဏီတွေလည်း အခက်ကြုံနေရပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ Baidu ဟာ နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစမ်းသပ်ခန်းနှစ်ခုကို ဆီလီကွန်တောင်ကြားမှာ ဖွင့်ထားခဲ့ပါတယ်။ အနောက်တိုင်းသားတွေကို ဈေးကြီးပေးပြီး ခန့်အပ်ထားပေမယ့် သွေးသားတော်စပ်မှုအရ အနောက်တိုင်းသားပညာရှင်တွေဟာ အမေရိကန်ကုမ္ပဏီတွေအတွက်ပဲ အလုပ်လုပ်ပေးချင်ကြပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်အောင် ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ထားနိုင်ရင်တော့ ကုမ္ပဏီတွေပိုပြီးကြီးပွားချမ်းသာမှာ အမှန်ပါပဲ။ ''နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူတစ်ယောက်ကနေ အလုပ်သင်အယောက် သန်းပေါင်းများစွာကို မျှဝေပေးသလိုပါပဲ'' လို့ Benedict Evans (Andreessen Horowitz) က ပြောပါတယ်။ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်းတွေကို အဲဒီနည်းပညာတွေနဲ့ ပြန်ထိန်းချုပ်လိုက်တာပါပဲ။
ခေတ်မီလာတဲ့နည်းပညာတွေက နည်းပညာကုမ္ပဏီတွေ ခန့်မှန်းထားတာက သုံးစွဲသူတွေ လိုအပ်တာထက် ပိုဖြည့်ဆည်းပေးလာနိုင်ပါတယ်။ Netflix ရဲ့ ကြည့်ရှုသူပရိသတ်တွေ၊ Amazon ရဲ့ ဈေးဝယ်သူတွေအတွက် အလိုအလျောက်အကြံပေး၊ ခန့်မှန်းပေးတဲ့စနစ်ကောင်းတွေ ရပါမယ်။ နာမည်ကြီး Instagram Application ကိုပိုင်ဆိုင်တဲ့ Facebook ဟာ ပိုစ့်၊ ဓာတ်ပုံ၊ ဗွီဒီယိုတွေရဲ့အကြောင်းအရာကို မှတ်သားထားနိုင်တဲ့ စက်ပစ္စည်းပိုင်း အလိုအလျောက်နားလည်မှုကိုသုံးပြီး သုံးစွဲသူတွေနဲ့သင့်တော်တဲ့ အကြောင်းအရာတွေ ပြန်မျှဝေပေးပါတယ်။ အရင်တုန်းကတော့ ပို့စ်တွေကို တင်တဲ့အချိန်အလျောက် ပြခဲ့ပေမယ့် လက်ရှိမှာတော့ သုံးစွဲသူတွေနဲ့ သင့်တော်တဲ့ပို့စ်တွေ၊ ကြော်ငြာတွေကို ချိတ်ဆက်ပေးလာပါပြီ။
စက်ပစ္စည်းပိုင်းအလိုအလျောက် နားလည်နိုင်တဲ့စနစ်သာမရှိရင် Facebook ဟာ ခုလိုအောင်မြင်နေမှာ မဟုတ်ပါဘူးလို့ Joaquin Candela (Facebook ရဲ့ ဝါရင့်နည်းပညာရှင်) က ပြောပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်းနောက်ကိုမလိုက်နိုင်တဲ့ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Yahoo နဲ့ Microsoft ရဲ့ Bing ဆိုရင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Amazon နဲ့ Google တို့ဟာ နည်းပညာရေစီးကြောင်းကို အမီလိုက်နေပြီး ဖွံ့ဖြိုးလာတဲ့နည်းပညာနဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေကြပါပြီ။ စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်မှုက Amazon ရဲ့ Online နဲ့ လုပ်ငန်းလည်ပတ်ပုံနည်းစနစ်တွေကို ပိုပြီးကောင်းမွန်လာစေပါတယ်။ Amazon ရဲ့ ထုတ်ကုန်သယ်ယူပို့ဆောင်ရေးစင်တာတွေမှာ စက်ရုပ်ပေါင်းရှစ်သောင်းကျော်နဲ့ လုပ်ကိုင်နေပြီး သက်ဆိုင်ရာထရပ်ကားနဲ့ သက်ဆိုင်ရာကုန်ပစ္စည်းတွေကို အလိုအလျောက်ထိန်းချုပ်ပေးတဲ့ နည်းပညာတွေ အသုံးပြုနေပါပြီ။ စားသောက်ကုန်တွေ အော်ဒါမှာယူရလွယ်ကူအောင် လတ်ဆတ်ပြီး အသင့်စားနိုင်တဲ့ စတော်ဘယ်ရီနဲ့ တခြားသစ်သီးတွေကို အလိုအလျောက်ရွေးချယ်ပေးတဲ့ ကွန်ပျူတာနည်းစနစ်တွေနဲ့ ထိန်းချုပ်ဆောင်ရွက်ထားပါတယ်။ အနာဂတ်မှာလည်း ကုန်ပစ္စည်းတွေကို မောင်းသူမဲ့ယာဉ်တွေနဲ့ အလိုအလျောက် ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
Google အနေနဲ့ကတော့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး YouTube (Online ဗီဒီယိုဝက်ဘ်ဆိုဒ်) မှာ Content တွေ စီမံခန့်ခွဲပါတယ်။ Google Photos Application မှာ လူတွေကိုမှတ်သားထားပြီး အုပ်စုဖွဲ့ပေးတဲ့ စနစ်သုံးထားပါတယ်။ Android မှာလည်း စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်နိုင်မှုစနစ်ကို သုံးလာကြပြီး သုံးစွဲသူတွေအကြိုက်တွေ့နိုင်မယ့် App တွေကို ခန့်မှန်းနိုင်ပါပြီ။ အဆင့်မြင့်နည်းပညာကို နည်းစနစ်ကျကျ၊ အကျိုးရှိရှိအသုံးပြုတဲ့ သုတေသနပညာရှင်တွေထဲမှာ Google Brain ရဲ့ နည်းပညာရှင်တွေ ပါဝင်ပြီး အချက်အလက်တွေကို လျင်မြန်လွယ်ကူစွာရှာဖွေနိုင်အောင် အဆင့်မြှင့်တင်ထားပါတယ်။ DeepMind အနေနဲ့ကတော့ Alphabet အတွက် ဗြိတိသျှဘက်က ငွေကြေးသိပ်မသုံးထားပေမယ့် သူ့ပင်မကုမ္ပဏီရဲ့အချက်အလက်စင်တာတွေကို ကောင်းကောင်းစီမံခန့်ခွဲပေးနေပါတယ်။
စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်မှုကို အများပိုင်ကုမ္ပဏီတွေမှာလည်း အသုံးပြုနေကြပါပြီ။ David Kenny (IBM ရဲ့အဆင့်မြင့်နည်းပညာ၊ Watson ရဲ့ပိုင်ရှင်) ရဲ့ ခန့်မှန်းချက်အရ နည်းပညာနှစ်ခုရှိမှာဖြစ်ပြီး တစ်ခုက သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုပေးနိုင်မယ့် နည်းပညာ၊ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ဆောင်ပေးမယ့် နည်းပညာဖြစ်ပါတယ်။ လက်တွေ့မှာတော့ နည်းပညာကုမ္ပဏီတွေက စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်မှုကို နည်းမျိုးစုံနဲ့ အသုံးချပြီး သုံးစွဲသူတွေကို အပြိုင်အဆိုင်ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon Web Services ၊ Microsoft ရဲ့ Azure နဲ့ Google Cloud တွေမှာ Application-Programming Interfaces (APIS) လို့ခေါ်တဲ့ တခြားကုမ္ပဏီတွေကို စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက် နားလည်နိုင်စွမ်းရှိအောင်လုပ်ပေးတဲ့ ဝန်ဆောင်မှုတွေရနေပါပြီ။ ဥပမာ- Azure ဆိုရင် Uber အတွက် ယာဉ်မောင်းတွေရဲ့လိုင်စင်ကို ဓာတ်ပုံရိုက်လိုက်ရုံနဲ့ အသိအမှတ်ပြုပေးတဲ့ Verification Tool လုပ်ပေးထားပါတယ်။ Google Cloud ဆိုရင် ကုမ္ပဏီတွေအတွက် သင့်တော်တဲ့ဝန်ထမ်းတွေကို Jobs API ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှုပေးနေပါပြီ။
အဆင့်မြင့်နည်းပညာကို အကျိုးရှိရှိအသုံးချ
နည်းပညာပိုင်းဆိုင်ရာ မဖွံ့ဖြိုးသေးတဲ့ ကုမ္ပဏီတွေကို နည်းပညာမြှင့်တင်ပေးတာက Jobs API (ဒစ်ဂျစ်တယ်ဈေးကွက်) မှာ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံအမြတ်ရစေပါတယ်။ နည်းပညာရှင်တွေအနေနဲ့ APIS တွေကို သုံးစွဲသူတွေအလိုကျ လုပ်ဆောင်ပေးဖို့ အချိန်တော့ယူရပါမယ်။ Google Cloud ကို စီမံနေတဲ့ Diane Greene ကတော့ APIS ဝန်ဆောင်မှုတွေ ပိုပြီးကောင်းလာစေဖို့ အချိန်တော့ပေးရလိမ့်မယ်လို့ ပြောပါတယ်။
နည်းပညာရှင်တွေအနေနဲ့ သူတို့ရဲ့လက်ရှိလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်အလိုအလျောက်နားလည်မှုကို သုံးပြီး အကျိုးအမြတ်ပိုရအောင် ကြိုးစားခဲ့ကြပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီစနစ်က သူတို့ကို လုပ်ငန်းတွေချဲ့ထွင်နိုင်အောင် ကူညီပေးမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေထဲက တစ်ခုကတော့ Virtual Assistant တွေ ဖန်တီးတာပဲဖြစ်ပါတယ်။ စမတ်ဖုန်းတွေက သုံးစွဲသူတွေရဲ့အကြောင်းကို အတွင်းကျကျသိထားပြီးသားဆိုပေမယ့် Virtual Assistant တွေနဲ့ သုံးစွဲသူတွေကြားမှာ ဖုန်း၊ Speaker တွေကနေတစ်ဆင့် ပိုပြီးရင်းနှီးလာစေဖို့ ရည်ရွယ်ကြတာဖြစ်ပါတယ်။ Siri (Voice Assistant) ကို Apple က ၂၀၁၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ကတိတည်ကြောင်း သက်သေပြခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Amazon ၊ Google နဲ့ Microsoft တို့က နည်းပညာပိုင်းမြှင့်တင်မှုအပိုင်းမှာ အကြိတ်အနယ်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ Samsung ၊ Facebook နဲ့ Baidu တို့ကလည်း အဆင့်မြှင့်နည်းပညာတွေပေးနိုင်ဖို့ ယှဉ်ပြိုင်လာခဲ့ကြပါတယ်။
ဒီကိစ္စတွေကို စီမံနိုင်မယ့် နည်းပညာတစ်ရပ်
အလိုအလျောက်နားလည်သိရှိနိုင်တဲ့ နည်းပညာနောက်ပိုင်းမှာ Augmented-Reality (AR) စက်ပစ္စည်းတွေ ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။ မိုဘိုင်း Application တွေဖြစ်တဲ့ Snap နဲ့ Pokémon Go တွေမှာ AR နည်းပညာတွေကို စတင်တွေ့ရှိလာရပါပြီ။ AR စက်ပစ္စည်းတွေမှာ အလိုအလျောက်ဘာသာပြန်ပေးတဲ့စနစ်နဲ့ ရုပ်ရည်သွင်ပြင်ကို မှတ်ထားနိုင်တဲ့ နည်းစနစ်တွေပါ ပါဝင်နေပါလိမ့်မယ်။
Google နဲ့ Apple ဟာ ပညာရှင်တွေ AR နည်းစနစ်ကိုသုံးပြီး Application တွေ ဖန်တီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ AR Software-Development ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပါတယ်။ Google ဟာ AR မျက်မှန်နမူနာတွေ စမ်းသပ်ထုတ်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Microsoft ကလည်း အမေရိကန်ဒေါ်လာ ၃၀,၀၀-၅,၀၀၀ အတွင်း တန်ဖိုးရှိ HoloLens Headset ကို ထုတ်လုပ်ခဲ့ပြီး တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Facebook ၊ Apple တို့ကလည်း သူတို့နည်းသူတိုဟန်နဲ့ ပစ္စည်းတွေထုတ်လုပ်ဖို့ ကြိုးပမ်းလာကြပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဟာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ကွန်ပျူတာနည်းစနစ်တွေနဲ့ အရာဝတ္ထုတွေကို မှတ်သားနိုင်အောင် ဖန်တီးလာကြပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာအရ အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံတန်ဖိုးရှိတဲ့ ကိုယ်ပိုင်ခရီးသွားလာမှုက ကြီးမားတဲ့ဈေးကွက်ဖြစ်ပြီး ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ ကားတွေ တီထွင်ဖန်တီးသူတွေဟာ တခြားစီမံကိန်းတွေဖြစ်တဲ့ Drones နဲ့ စက်ရုပ်တွေပါ တီထွင်လာနိုင်မှာဖြစ်ပါတယ်။သုံးစွဲသူတွေအနေနဲ့ စိတ်ချယုံကြည်ရတဲ့ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့စနစ်ကို အကြိုက်တွေ့ကြမှာ အမှန်ပါပဲ။ ကုမ္ပဏီတွေအနေနဲ့ မြေပုံတွေသာ သေချာလုပ်ပေးနိုင်ရင် ယာဉ်တိုက်မှုတွေလည်း လျော့နည်းလာမှာပါ။
ကုမ္ပဏီတစ်ခုချင်းစီရဲ့ ပြဿနာဖြေရှင်းပုံတွေက မတူညီကြပါဘူး။ Baidu ဆိုရင် ကိုယ်တိုင်ကားမောင်းနှင်တဲ့ စနစ်ကို မိုဘိုင်းဖုန်းတွေထဲက Google ရဲ့ Android လို မျိုးတီထွင်ချင်နေတာပါ။ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ ကားတွေဟာ နည်းပညာလောကရဲ့ အဆင့်မြင့်နည်းစနစ်တွေနဲ့အတူ Software ကို အသုံးပြုပြီး Hardware ကို ထိန်းချုပ်ထားတဲ့ သာဓကတစ်ခုပဲဖြစ်ပါတယ်။ Alphabet ၊ Apple နဲ့ Microsoft တို့ဟာ သူတို့ရဲ့များပြားလှတဲ့ လုပ်ငန်းတွေကို AI Chips တွေနဲ့ ထိန်းချုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံကြပါသေးတယ်။ သူတို့တွေဟာ နာမည်ကြီး AI Chips တွေထုတ်လုပ်တဲ့ NVIDIA ကုမ္ပဏီနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကြဦးမှာပါ။ Alphabet နဲ့ Apple တို့ဟာ ဒီ Chips တွေကို သူတို့အတွက်ပဲသုံးမလား၊ ပြိုင်ဘက်ကုမ္ပဏီတွေကို ပြန်ရောင်းချမလားဆိုတာ မသေချာသေးပါဘူး။ ပြိုင်ဘက်တွေကို ပြန်ငှား၊ ပြန်ရောင်းမယ့်အစား သူတို့ရဲ့တီထွင်ဖန်တီးမှုတွေကို သူတို့ရဲ့ကိုယ်ပိုင်ဝန်ဆောင်မှုတွေမှာပဲ ပြန်အသုံးပြုရင် အကျိုးရှိမှာဖြစ်ပါတယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ကွန်ပျူတာစွမ်းအင်ကို အကျိုးရှိရှိအသုံးပြုနိုင်မယ့် နည်းပညာကုမ္ပဏီတွေလည်း အများကြီးရှိမှာ မဟုတ်ပါဘူး။
ယနေ့ခေတ် နည်းပညာနယ်ပယ်မှာ စက်ပစ္စည်းဆိုင်ရာအလိုအလျောက်နားလည်မှုကို အသုံးချပြီး ကွန်ပျူတာနည်းစနစ်၊ အချက်အလက်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်တာကတော့ Google ပဲဖြစ်ပါတယ်။ Drone တွေ၊ ကားတွေကနေ အဆင့်မြင့် Software စီမံကိန်းတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေ၊ နည်းပညာစိတ်ဝင်စားသူတွေ လွယ်လွယ်နဲ့မစွန့်ခွာနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုပါပဲ။ တခြားကုမ္ပဏီတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာကို မနည်းသင်နေရပေမယ့် Google တည်ထောင်သူတွေကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာအလိုအလျောက်နားလည်မှုနဲ့ ယဉ်ပါးနေတဲ့ နည်းပညာဂုရုကြီးတွေဖြစ်ပါတယ်။
တိုးတက်လာတဲ့နည်းပညာရဲ့ဇာစ်မြစ်
လက်ရှိအချိန်မှာတော့ နည်းပညာကုမ္ပဏီတွေ ပွင့်လင်းမြင်သာမှုရှိပြီး လက်တွဲလုပ်ကိုင်သွားဖို့ရှိမရှိဆိုတဲ့ ကိစ္စမှာ တော်တော်များများမူတည်နေပါလိမ့်မယ်။ စာအုပ်ထုတ်ဝေတာမျိုးတွေအပြင် ကုမ္ပဏီတွေဟာ စက်ပစ္စည်းပိုင်းဆိုင်ရာ အလိုအလျောက်နားလည်မှုကို ပွင့်လင်းမြင်သာအောင် ကိုယ်ပိုင် Library တွေ ဆောက်ကာ ရှင်းလင်းတင်ပြတာမျိုး၊ တခြား ပြိုင်ဘက်တွေနဲ့ နည်းပညာရှင်တွေကို လိုအပ်တဲ့ပစ္စည်းထောက်ပံ့ပေးတာမျိုးတွေ လုပ်လာကြပါတယ်။ Google ရဲ့ Open Source Software Library ဖြစ်တဲ့ TensorFlow ဆိုရင်တော့ တကယ့်ကို နာမည်ကျော်ကြားပါတယ်။ Facebook ကလည်း သူ့ရဲ့ Caffe2 (Deep Learning Framework ၊ Pytorch (Open Source Machine Learning Library) တွေမှာ နည်းပညာတွေ လေ့လာနိုင်အောင်လုပ်ပေးထားပါတယ်။ ပွင့်လင်းမြင်သာမှုမှာလည်း နည်းစနစ်ကျတဲ့ ကောင်းကျိုးတွေရှိစမြဲပါပဲ။ နည်းပညာတွေကို အသုံးပြုလိုက်တာနဲ့ သက်ဆိုင်ရာနည်းပညာကုမ္ပဏီတွေကို ပိုပြီးယုံကြည်လာကြတာမျိုးပေါ့။
နည်းပညာကုမ္ပဏီတော်တော်များများကတော့ တိုးတက်လာတဲ့ နည်းပညာကရတဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့ ကတိစကားတွေကြားမှာ ဗျာများပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်နေဆဲပါပဲ။
နန်းဆွယ်ဆီဝမ်း
Credit: CEO Myanmar

Share :
Add New Comment