The Seven Habits of Highly Effective People

အလုပ်ကို ထိရောက်မှုအရှိဆုံး လုပ်နိုင်သူများ၏ လုပ်ကိုင်ပုံ အလေ့အထ ၇ မျိုး (Steven Covey ၏ အဆို) - The Seven Habits of Highly Effective People
Be proactive (တက်ကြွစွာလုပ်ကိုင်လေ့ရှိရမည်)
တက်ကြွစွာလုပ်ကိုင်နိုင်ရန်မှာ မိမိကိုယ်တိုင်အဆုံးအဖြတ်ပေး၍ အခြေအနေတစ်ခုကို အကောင်းဆုံးကိုင်တွယ်ထိန်းချုပ်နိုင်ရမည်။ ထိန်းချုပ်ခံရသူ မဖြစ်သင့်။
Begin with the end in mind (အဆုံးကိုအာရုံစိုက်၍ စတင်လုပ်ရမည်)
အဆုံးကိုအာရုံစိုက်၍ စတင်လုပ်ရမည်။ မိမိကိုယ်တိုင် ခေါင်းဆောင်ဖြစ်၍ အခြားသူများကိုပါ ခေါင်းဆောင်နိုင်ရန်မှာ အရေးကြီးသောအချက်ဖြစ်သည်။ မိမိ၏ဦးတည်ချက်ပြည့်မြောက်ရန် အရေးပါသောလုပ်ငန်းများကို အဓိကထားရမည်။ သို့မှသာ အဓိကကျသောအချက်များကို အာရုံစူးစိုက်ထားနိုင်ပြီး လွဲမှားမှုများရှိမည် မဟုတ်ပေ။ အောင်မြင်ပြီးမြောက်ရန် သေချာမည်။
Put first things first (ဦးစွာလုပ်ရမည့်အလုပ်ကို အလေးထားဦးစားပေးရမည်)
အလုပ်ကိုထိရောက်စွာလုပ်ရန် အလုပ်လုပ်သူများကို စီမံခန့်ခွဲခြင်း၊ လုပ်ရန်အလုပ်များကို စနစ်တကျ စီမံလုပ်ကိုင်ခြင်းအားဖြင့် မိမိနှင့် မိမိအဖွဲ့၏ရည်မှန်းချက်များ အောင်မြင်စွာလုပ်နိုင်မည်။ ဒုတိယအလေ့အကျင့် (အဆုံးကို အာရုံစိုက်၍ စတင်လုပ်ရမည်) မှာ စိတ်ဓာတ်၏ တီထွင်နိုင်စွမ်းသည်အရေးပါပြီး တတိယအလေ့အထ (ဦးစွာလုပ်ရမည့် အလုပ်ကို အလေးထားဦးစားပေးရမည်) မှာ ရုပ်ပိုင်းဖန်တီးမှုဖြစ်သည်။
Think Win-Win (သူလည်းနိုင် ကိုယ်လည်းနိုင်ဖြစ်ရန် စဉ်းစားရမည်)
ခေါင်းဆောင်မှုကောင်းရန်မှာ ဆက်ဆံရေးကောင်းရန် လိုသည်။ အောင်မြင်မှုရရန် အခြားသူတို့၏ ပါဝင်ကူညီမှုပါ လိုအပ်သည်။ နှစ်ဦးနှစ်ဖက်အောင်မြင်ရန် အခွင့်အရေးများစွာရှိသည့်အပြင် အောင်မြင်ရန်မှာ တစ်ဦးနှင့်တစ်ဦးကူညီခြင်းမှရနိုင်ပြီး အနိုင်အရှုံးပြိုင်ခြင်းကဲ့သို့ ခက်ခဲခြင်းမရှိ။
Seek to understand first and then seek to be understood (မိမိက အရင်နားလည်ပြီးမှ မိမိကို နားလည်ရန် ကြိုးစားပါ)
ကောင်းမွန်သော ဆက်သွယ်မှုရရန်မှာ ပထမဦးစွာ ဝေဖန်သုံးသပ်နားလည်ပြီးမှ ညွှန်ကြားခြင်းမှာ အောင်မြင်နိုင်စွမ်းရှိသည်။
Synergise (အင်အားပူးပေါင်းဆောင်ရွက်ခြင်း)
ခေါင်းဆောင်လုပ်သူများသည် ပူးပေါင်းမှုနှင့် ဖန်တီးကြံဆမှု လုပ်နိုင်ရမည်။ အများ၏ပေါင်းစပ်မှုဖြင့် ပိုကြီးသော အင်အားဖြစ်ခြင်းသည် တစ်ဦး၏အင်အားကို တစ်ဦးက အကျိုးရှိစွာ အသုံးပြုနိုင်၍ ဖြစ်သည်။ မိမိအင်အားသာမက အခြားသူ၏အရည်အချင်းနှင့် စွမ်းအားပါဝင်မှုကိုပါ အလေးထား၍ဖြစ်သည်။
Sharpen the saw (လွှကိုသွေးရမည်)
မိမိကိုယ်ကိုအားသစ်မွေးရန်မှာလည်း အရေးကြီးပေသည်။ အဓိကစွမ်းအားများမှာ ဘာသာရေးယုံကြည်မှု၊ စိတ်ဓာတ်၊ ခွန်အားနှင့် လူမှုရေး၊ စိတ်ခံစားမှုတို့ ပေါင်းစပ်မှုမှာ အောင်မြင်ထက်မြက်သော ခေါင်းဆောင်ကောင်းဖြစ်ခြင်းတွင် လွန်စွာအရေးပါပေသည်။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)
Credit: CEO Myanmar

Share :
Add New Comment