ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အရည်အချင်း ၅ မျိုး
၁။ သူတို့တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရည်မြင့်မားတယ်။
အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ့နောက်ကွယ်မှာ ဆန္ဒတစ်ခုအရင်းပြုနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်
ကိုင်သူ၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ ကိုယ်စိတ်ကူးကောင်းရင်ကောင်းသလို၊ လုပ်ငန်းချဲ့ထွင်တတ်သလို ကိုယ့်လုပ်ငန်းကလည်း အောင်မြင်လာမှာပါပဲ။
နောက် ၅ နှစ်၊ ၁၀ နှစ်တိုင်အောင် လုပ်ငန်းတစ်ခုတည်းမှာပဲ အချိန်ကုန်ခံမယ့် လူတွေမဟုတ်ပါဘူး။ သူ တို့ရဲ့လွတ်လပ်ခွင့်၊ ရည်မှန်းချက်တွေနဲ့အတူ နေ့ရက် တိုင်းမှာလန်းဆန်းတက်ကြွလို့နေပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားမိတာ ၁၂ လ လောက် ရှိပြီဆိုရင် သင်လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေ လောက် ပါပြီ။ ဘာလို့လဲဆိုတော့သင်အချိန်ယူပြီး စဉ်းစားနေချိန် မှာ တီထွင်ဖန်တီးကြည့်နေပြီးသားဖြစ်လို့ပါပဲ။
၂။ သူတို့ရဲ့အားသာချက်တွေကို သိမြင်တယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်အားသာချက်တွေကို သိရှိထားဖို့လိုပါတယ်။ တချို့လူတွေကကိုယ် ပိုင်လုပ်ငန်းလုပ်နေကြပေမယ့် ကိုယ့်အားသာချက်တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးမချတတ်တဲ့တွက် ရေရှည်မှာ မအောင်မြင်ကြပါဘူး။ အခက်အခဲတွေကြုံတွေ့လာတာနဲ့ အရှုံးပေးတတ်ကြပါတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာကိုအသုံးချပါ။ စာရေးတာ၊ စကားပြောတာ၊ အနုပညာခံစားချက်ရှိတာ၊ စီစဉ်တာ၊ ဘယ်လိုအရာပဲဖြစ်ဖြစ် တတ်ကျွမ်းမှုကို အပြည့်အဝအသုံးချပါ။ ကိုယ်ပိုင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပါ။
၃။ စျေးကွက်ကို နားလည်တယ်။
ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ဆောင်မှုတွေကို အသုံးပြုမယ့်ဖောက်သည်တွေရှိနေရင်တော့ အကျိုးအမြတ်ရတဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်မှာ မလွဲဧကန်ပါပဲ။ ဘယ်သူတွေက ဘာတွေလိုအပ်နေသလဲ၊ ကိုယ်ကသူတို့ကို ဘာပေးနိုင်မလဲဆိုတာသိဖို့အတွက် စျေးကွက်အခြေအနေကို အချိန်ယူလေ့လာပါ။
၄။ သူတို့တွေဟာ အများနဲ့ကွဲထွက်ပြီး လုပ်ကိုင်လေ့ရှိတယ်။
လုပ်ငန်းရှင်တစ်ယောက်ဟာ သုံးစွဲသူတွေကိုဆွဲဆောင် ဖို့ သူ့အကြိုက်ဆုံးတွေမှာ စာမူ၊ ဆောင်းပါးတွေ စပြီးတင်ပါတယ်။ သူ့ရဲ့စိတ်ကူးတွေကို လုပ်ဖော်ကိုင်ဖက်တွေက တွေ့လာတဲ့အခါ သူတို့ကိုယ်ပိုင်ပရောဂျက်တွေစလုပ်ဖို့ အကြံ ဉာဏ်တွေတောင်းလာပါတယ်။ အပြင် ထွက်ပြီးလိုက်ကြေညာနေမှ အလုပ်ဖြစ်တာမဟုတ်ပါဘူး။စိတ်ကူးရှိသလိုကိုယ့်လုပ်ငန်းကိုစတင်လုပ်ဆောင် လို့ရပါတယ်။ အများနဲ့ကွဲထွက်ပြီး လုပ်ငန်းလုပ်ဆောင် ဖို့ ကိုယ့်စိတ်ကူးစိတ်သန်းကိုအသုံးချပါ။
၅။ လုပ်ငန်းကို ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ကြတယ်။
အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တိုင်းဟာ တွေဝေ မနေဘဲလုပ်ငန်းကို အကောင်အထည်ဖော်လေ့ရှိကြပါ တယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေ ဘယ်လိုပဲဖြစ်နေဖြစ်နေ လုပ်ငန်းကိုချက်ချင်း အကောင်အထည်ဖော်ပါ။ ကိုယ့်လုပ်မယ့် လုပ်ငန်းသဘောတရားကို နားလည်ပြီဆိုတာနဲ့ အချိန်မဆွဲနေပါနဲ့တော့။ အခုပဲ စတင်လုပ်ဆောင်ပါ။
Credit: CEO Myanmar Facebook Page
Share :
Add New Comment