ကမ္ဘာ့အချမ်းသာဆုံးသူများရဲ့ အလေ့အကျင့် ၈ မျိုး

ကမ္ဘာ့အချမ်းသာဆုံးသူများရဲ့ အလေ့အကျင့် ၈ မျိုး
ကြွယ်ဝချမ်းသာတယ်ဆိုတာ ကံအကျိုးပေးကောင်းလို့ပါလို့ လူအများကယူဆနေကြပါတယ်။ ချမ်းသာတဲ့မိဘတွေက မွေးလာရတာမျိုး၊ အသုံးတည့်တဲ့ပစ္စည်းတစ်ခုကို တီထွင်ဖြစ်သွားခြင်းမျိုးတွေမှာ ကံကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘာမဆိုအရာရာတိုင်းဟာ ကံကြောင့်ချည်းဖြစ်တယ်လို့တော့မပြောနိုင်ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ အကျင့်စရိုက်အလေ့အထတွေမရှိရင်ရထားတဲ့ဓနဥစ္စာဟာ လွယ်လွယ်လေးနဲ့ သုံးဖြုန်းဖြစ်သွားတတ်တယ်။ တကယ်တော့ ကံကောင်းအောင်အချိန်မရွေးလုပ်ယူလို့ရပါတယ်။ ဥစ္စာဓနကြွယ်ဝချမ်းသာကြသူတွေ ဘယ်လိုလုပ်နေကြသလဲဆိုတာ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

၁။ အမြဲသင်ယူနေပါ။

Warren Buffett ရဲ့ အောင်မြင်မှုအကြောင်းတရားတွေထဲမှာ သူဟာ အမြဲလေ့လာသင်ယူနေတတ်သူဖြစ်တယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်။ ဘာပဲဖြစ်ဖြစ်တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်ဖို့ အနည်းဆုံးအချိန်နာရီ ပေါင်းတစ်သောင်းလိုတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်း အဲဒီလိုပဲအချိန်ယူပြီး လုပ်ရပါတယ်။ Buffett ဟာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ရာမှ ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် သူကစီးပွားရေးလုပ်ငန်းတွေ ကြီးပွားအောင်မြင်ရသလဲဆိုတာကို အမြဲမပြတ်စူးစမ်း လေ့လာတယ်။ ဒီအခက်အခဲတွေကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရတယ်။ သူ့ရဲ့ရင်းနှီးမြှုပ်နှံထားတာတွေကိုဘယ်လိုမနစ်နာရအောင် ကာကွယ်ရမယ်ဆိုတာတွေကို အမြဲလေ့လာသင်ယူတယ်။ အဲဒီလို သင်ယူလေ့လာတဲ့အလေ့အကျင့်ဟာ သမားရိုးကျရုံးလုပ်ငန်းလုပ်နေသူတွေအတွက်ပဲ ကျင့်သုံးရမှာဖြစ်တယ်။ လူတချို့ဟာ အဆက်အသွယ်အချိတ်အဆက်ကောင်းလို့ မြန်မြန်ကြီးပွားသွားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိမိအလုပ်မှာ မကျွမ်းကျင်ရင်မကြီးပွားနိုင်ပါဘူး။

၂။ ဝင်ငွေအောက်လျော့သုံးပါ။


ဘီလီယံနာသူဌေးကြီး (Mark Cuban) ဟာ သူ့အသက် ၂၀ ကျော် ကာလတုန်းကအခန်းကျဉ်းကလေးထဲမှာအခန်းဖော်တွေ အများကြီးနဲ့နေခဲ့ရတာကြောင့် အမြဲပြန်ပြောပြလေ့ရှိတယ်။ ခြိုးခြိုးခြံခြံနေတယ်ဆိုတာ ငွေစုဆောင်းဖို့သက်သက်ချည်းမဟုတ်ဘူး။ လက်ထဲမှာ ငွေပိုငွေလျှံစုဆောင်းမိတဲ့အခါတိုင်း တက်လမ်းကိုလွတ်လွတ်လပ်လပ် ရှာဖွေနိုင်တယ်။ လောလောဆယ် အကျိုးအမြတ်မရပေမယ့် နောင်အခါအကျိုးရှိနိုင်တဲ့ အလုပ်များကို စွန့်စားလုပ်ကိုင်သွားနိုင်တယ်။ ပေးစရာတွေရှိရင်လည်း ငွေကြေးကိစ္စမပူရတော့ဘူး။ ငွေကိုတိုးပွားအောင်လုပ်ဖို့ပဲ အာရုံစိုက်နေမှာဖြစ်တယ်။

၃။ အောက်ခြေအလုပ်တွေ လုပ်ရမှာ မကြောက်နဲ့


ကိုယ်ဟာ အထက်ကိုတက်လှမ်းဖို့ ကြိုးစားနေရင်အောက်ခြေသိမ်းအလုပ်တွေကို အောက်တန်းကျတယ်လို့မထင်ပါနဲ့။ Marcus Lemonis သူဌေးကြီးဟာ သူရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းများကိုလုပ်တဲ့အခါ လုပ်ငန်းနဲ့ပတ်သက်ပြီး လက်တွေ့သင်ယူတယ်။ ဝန်ထမ်းတွေနဲ့ ယှဉ်တွဲအလုပ်လုပ်ပါတယ်။ ဒါကြောင့်လည်း သူဟာစီးပွားရေးလုပ်ငန်းအမျိုးမျိုးကို လျင်လျင်မြန်မြန်တတ်မြောက်လာရတာပါလို့ သူကပြောတယ်။ အထက်ကနေသိအောင် လုပ်နေရတာထက် အောက်ခြေဆင်းပြီး သင်ကြားတာက ပိုအတတ်မြန်ပါတယ်။ ဝန်ထမ်းတွေနဲ့ ဦးစီးခေါင်းဆောင်ကြားမှာ လေးစားမှုတွေ၊ ရဲဘော်ရဲဘက် စိတ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

၄။ အများကြီး မအိပ်ပါနဲ့


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အငြင်းပွားတာတွေအမြဲလိုလို လုပ်တတ်ပေမယ့် သူ့ရည်ရွယ်ချက်တွေကိုတော့ အောင်အောင်မြင်မြင် လုပ်နိုင်သူဖြစ်တယ်။ သူက တစ်နေ့ကို သုံးနာရီ၊ သို့မဟုတ် လေးနာရီလောက်ပဲ အိပ်လေ့အိပ်လေ့ရှိလို့ ခုလိုလုပ်နိုင်တာပါလို့ သူကဆိုတယ်။ ဒီတော့ တစ်နေ့ရှစ်နာရီ၊ ဆယ်နာရီအိပ်ကြတဲ့သူများတတ် သူက အလုပ်လုပ်ချိန်ပိုရနေတယ်။ ဘယ်သူဖြစ်ဖြစ် ကျန်းမာအောင်အိပ်ဖို့တော့လိုတာပေါ့။ သမ္မတထရမ့်ကတော့ ခုလိုအိပ်ချိန်နည်းလို့ သူ့ ကျန်းမာရေးကို မထိခိုက်ပါဘူးလို့ ဆိုတယ်။ ဒီတော့ အိပ်ချိန်အနည်းအများကို ကိုယ့်ဘာသာချိန်ကြည့်ပါ။

၅။ ခွင့်လွှတ်ဖို့ မတောင်းဆိုပါနဲ့။ ခွင့်ပြုဖို့သာ ရအောင်လုပ်ပါ။


Bill Gates အလယ်တန်းကျောင်းသားဘဝတုန်းက ကွန်ပျူတာတွေ သိပ်ဈေးကြီးတယ်။ ကျောင်းသားတစ်ယောက်စီဟာ ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့ပဲ သုံးခွင့်ပြုခံရတယ်။ Bill Gates ဟာ ကွန်ပျူတာသုံးရင်း ကွန်ပျူတာရဲ့ ချို့ယွင်းချက်တွေကို သိရှိနားလည်သွားတယ်။ ဒီတော့ အဲဒီကွန်ပျူတာမှာ သတ်မှတ်ချိန်ထက်ပိုပြီး သုံးသုံးနေတာကို လူမိသွားတယ်။ ဒါပေမယ့် သူက အဲဒီချို့ယွင်းချက်များကို ထောက်ပြနိုင်တဲ့အတွက် အချိန်ပိုသုံးခွင့်ရသွားတယ်။ ဒီတော့ သူဟာအချိန်ပိုသုံးနေတာကို ခွင့်လွှတ်ပါလို့ တောင်းပန်စရာမလိုဘူး။ သုံးခွင့်ရသွားတယ်။

၆။ စနစ်ဇယားရှိပါစေ


ငယ်စဉ်ကအလွန်ဆင်းရဲခဲ့ပြီး နောင်အခါတီဗီတင်ဆက်သူ နဲ့ ဘီလျံနာသူဌေးမကြီးဖြစ်လာသူ Operah Wintrey က အောင်မြင်ကြသူတွေရဲ့ လျှို့ဝှက်ချက်ဟာ စနစ်ဇယားရှိခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။ ဒီလူတွေရဲ့ နေ့စဉ်ဘဝမှာ အိမ်မှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် စည်းစနစ်ကျကျနေထိုင်လုပ်ကိုင်တတ်ကြသူတွေပါ။ ဒါကြောင့် နေ့စဉ်လုပ်ရမယ့် အလုပ်တွေကို ဘယ်အချိန်မှာဘာကိုပြီးအောင် လုပ်မယ်ဆိုတဲ့ အစီအစဉ်ဇယားလေးပဲလုပ်ဖို့လိုတယ်။

၇။ အရှုံးကို စိတ်ပျက်မသွားဘဲ ဆက်ကြိုးစားပါ


စီးပွားရေးစတင်လုပ်ကိုင်သူများအတွက် အကြံပေးချက်များပါဝင်တဲ့ Shark Tank တီဗီအစီအစဉ်ကို တင်ဆက် သူဘီလျံနာသူဌေး Kevin O’Leary ဟာ သူစီးပွားရေး လုပ်စက အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့ရတယ်။ ပြစ်တင်ဝေဖန်မှုတွေလည်း အများကြီးခံခဲ့ရတယ်။ ဒါပေ မယ့် သူက ဒါတွေကို ဂရုစိုက်မနေဘဲ ဆက်လက်ကြိုးစား သွားတဲ့ အဲဒါနောက်ပိုင်းမှာ သူ့ရဲ့ပထမဦးဆုံးကုမ္ပဏီကို ဒေါ်လာ ၄.၂ ဘီလျံနဲ့ ရောင်းထွက်သွားနိုင်ခဲ့ပါတယ်။

၈။ ကိုယ်ရေးကိုယ်တာခံစားချက်တွေကို ဘေးဖယ်ထားပါ


အထက်မှာဖော်ပြခဲ့တဲ့ Shark Tank တီဗီအစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့ကာ ကိုယ်တိုင်လည်း သန်းကြွယ်သူဌေး တစ်ဦးဖြစ်တဲ့ (Lori Grenier) စီးပွားရေးလုပ်တဲ့အခါ ကိုယ်ရေးကိုယ်တာပုဂ္ဂလိက ခံစားချက်တွေကို ဘေးဖယ်ထားပါလို့ အကြံပေးပါတယ်။ ကိုယ်ကရောင်းရတဲ့အခါ ဖြစ်ဖြစ်ဝယ်ရတဲ့အခါဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရကြိုက်နေစရာမလိုပါဘူး။ ကိုယ်ဝင်ငွေဘယ်လောက်တိုးလာမလဲဆိုတာသာ အရေးကြီးပါတယ်။ စီးပွားရေးရှုထောင့်ကပဲ ကြည့်သင့်တယ်လို့ ပြောပါတယ်။

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထုတ် CEO မဂ္ဂဇင်း)

Credit: CEO Myanmar


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again