လုပ်ငန်းခွင်မှာ HRM ကို ဆောင်ရွက်ကြ တဲ့အခါ ထိရောင်အောင်မြင်တဲ့ စီမံခန့်ခွဲမှုဖြစ်မဖြစ် ဘယ်လို အချက်အလက်တွေနဲ့ တိုင်းတာမလဲ

လုပ်ငန်းခွင်မှာ HRM ကို ဆောင်ရွက်ကြ တဲ့အခါ ထိရောင်အောင်မြင်တဲ့ စီမံခန့်ခွဲမှုဖြစ်မဖြစ် ဘယ်လို အချက်အလက်တွေနဲ့ တိုင်းတာမလဲ
လုပ်ငန်းခွင်မှာ Human Resource Management ကို ဆောင်ရွက်ကြ တဲ့အခါ ထိရောင်အောင်မြင်တဲ့ စီမံခန့်ခွဲမှုဖြစ်မဖြစ် ဘယ်လို အချက်အလက်တွေနဲ့ တိုင်းတာရင် ရနိုင်ပါသလဲ။

HR Management Effective ဖြစ်မဖြစ် တိုင်းတာတဲ့နေရာမှာ Quantitative (အရေအတွက်) နဲ့ Qualitative (အရည်အသွေး) ဆိုပြီး နှစ်ပိုင်းတိုင်းတာနိုင်ပါတယ်။ Quantitative နဲ့ တိုင်းတာတာကို Statistical Indices စာရင်းအင်း အချက်အလက်ဆိုင်ရာဖြင့် တိုင်းတာခြင်းလို့လည်းခေါ်နိုင်ပါတယ်။ ဒီလိုတိုင်းတာတဲ့အခါမှာ Quantitative နဲ့တိုင်း တာတာထက် Qualitative နဲ့ တိုင်းတာတာက ပိုခက်ခဲပါတယ်။ ဖတ်မိသလောက်ပြောရရင်-

Quantitative နဲ့ တိုင်းတာတဲ့အချက်တွေကတော့

၁။ ဝန်ထမ်းအလုပ်ထွက်နှုန်း (Turnover Rate) ၊ ဝန်းထမ်းတည်မြဲမှုအချိုး Stability Ratio) အတက်အကျ

၂။ အလုပ်ပျက်ကွက်နှုန်း (Absenteeism Rates) လျော့ကျလာလား/တိုးလာလား။

၃။ လုပ်ငန်းကို အပြင်းအထန် အပြိုင်အဆိုင်လုပ်ရတဲ့ ကာလတွေနဲ့ အရင်ပြီးခဲ့တဲ့ သာမန်ကာလတွေမှာရှိတဲ့ ဝန်ထမ်းခန့်ထားစရိတ်တွေ နှိုင်းယှဉ်ရင်ကုန်သလောက် Return ပြန်ရရှိမှုအခြေအနေ

၄။ ဝန်ထမ်းတွေကြားမှာအငြင်းပွားမှု၊ မကျေနပ်မှု အခြေအနေတွေ လျော့ကျသွားလား၊ အပြစ်ပေး အရေးယူရတဲ့ Procedure တွေ အဆင်ပြေချောမွေ့မှု ရှိ/မရှိ၊ ဝန်ထမ်းတွေက သူတို့အပေါ် အပြစ်ပေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အယူခံတင် စောဒကတက်တဲ့ အကြိမ်တွေလျော့ကျသွားလား ပပျောက်သွားလား၊ လျော်ကြေးတောင်းခံမှုတွေပိုများလာလား၊ စည်းကမ်းလိုက်နာမှုတွေ ပိုများလာလား လျော့ကျသွားလား။

၅။ လုပ်ငန်းခွင်ကြောင့် မတော်တဆမှုတွေ၊ ဖျားနာမှုတွေ လျော့ချနိုင်လား။

၆။ ဝန်ထမ်းရှာဖွေခန့်ထားမှု Method တွေက လိုချင်တဲ့ အရည်အချင်းရှိတဲ့သူတွေကို ဆွဲဆောင်မှုရှိရဲ့လား၊ ဝန်ထမ်းလိုလို့ ရှာဖွေခန့်ထားပေးတဲ့အခါမှာလည်း အချိန်နဲ့တစ်ပြေးညီ အချိန်တိုအတွင်းရှာ ဖွေခန့်ထားပေးနိုင်ရဲ့လား။

၇။ ခန့်ထားလိုက်တဲ့ သူတွေကလည်း အလုပ်မှာကြာရှည်လုပ်ကိုင်ကြပြီး လိုချင်တဲ့ Performance တွေ ရအောင် လုပ်ကိုင်နိုင်ကြတာလား။

၈။ HR က စီစဉ်ပေးတဲ့ Training Programme တွေ မှာ Professional Skill တွေရသွားတဲ့ ဝန်ထမ်းအရေအတွက်တွေ ပိုများလာရဲ့လား။

၉။ အဖွဲ့အစည်းရဲ့ Objective တွေကို ပြည့်မီစေမယ့် Training တွေ စီစဉ်ပေးနိုင်ရဲ့လား။

၁၀။ HR ဌာနက ကိုင်တွယ်တဲ့ Information တွေနဲ့ ပတ်သက်လို့ ဝန်ထမ်းတွေက စိတ်ဝင်တစားသိချင်လို့ မေးမြန်းကြတဲ့အရေအတွက်များလား၊ မေးတဲ့ အတိုင်းအချိန်တိုအတွင်း ပြန်ဖြေနိုင်ရဲ့လား၊ HR ပညာရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ ဝန်ထမ်းတွေက မေးလာတဲ့အခါမှာလည်း ဖြေနိုင်စွမ်းရှိရဲ့လား။

၁၁။ အပေါ်ကပြောခဲ့တဲ့ အကြောင်းအရာတွေအပြင် အဲဒါတွေနဲ့ဆက်စပ်နေတဲ့ ကုန်ကျစရိတ်တွေမရှိအောင်၊ ဒါမှမဟုတ် အနည်းဆုံးဖြစ်အောင်လုပ် ဆောင်နိုင်ရဲ့လားဆိုတာတွေက HR ဌာနကို တိုင်းတာတဲ့ Quantitative ပေတံတွေပဲဖြစ်ပါတယ်။

အခြား Qualitative လို့ခေါ်တဲ့ အရည်အသွေးပိုင်းနဲ့ တိုင်းတာမယ်ဆိုရင်
HR ဌာနရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဝန်ထမ်းတွေ Motivation တွေ တက်လာလား၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ချင်စိတ်တွေ တိုးလာလား၊ Job Satisfaction ပိုရှိလာလား၊ အပြောင်းအလဲတွေအပေါ် ပိုမိုလက်ခံတတ်လာလား၊ ဒါတွေစီစဉ်နိုင်ဖို့ အလုပ်ပေါ်မှာထားတဲ့ သဘောထားစစ်တမ်းကောက်ယူမှုတွေဖြစ်တဲ့ Attitude Survey တွေ၊ Psychological Testing တွေ Motivation Survey တွေလုပ်ပြီး HR ရဲ့ Outcome တွေကို Analyse လုပ်သင့်တယ်။

ဒါတင်မကသေးဘူး ချမှတ်ထားတဲ့ HR Policy Procedure တွေ Documentation တွေကို အခြား Line Manager တွေကအသုံးပြုတဲ့အခါ ရှင်းလင်းလွယ်ကူပြီးလက်ခံကြရဲ့လား၊ စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက် ရဲ့လား၊ နောက်ပြီး ံHR Function တွေနဲ့ပတ်သက်လို့ Line Manager တွေရဲ့ တန်ဖိုးထားမှု၊ အသုံးဝင်မှု၊ HR ဌာနရဲ့ Service ကောင်းမွန်မှု၊ ကျွမ်းကျင်မှုအရည်အသွေး၊ အကြံပေးနိုင်မှု Professional ဆန်ဆန်လုပ်ဆောင်တတ် မှုတွေဟာလည်း HR ရဲ့ Outcome တွေလို တိုင်းတာမယ့် အရာတွေလည်းဖြစ်ပါတယ်။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again