စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုလျှင် ဘယ်လို strategy မျိုးနဲ့ စတင်လုပ်ကိုင်သင့်သလဲ

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုလျှင် ဘယ်လို strategy မျိုးနဲ့ စတင်လုပ်ကိုင်သင့်သလဲ

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုလျှင် ဘယ်လို strategy မျိုးနဲ့ စတင်လုပ်ကိုင်သင့်သလဲ ဆိုရင် Three Business Strategies ကို မဖြစ်မနေ စဉ်းစားဖို့ လိုလာပါပြီ။

  • Cost Leadership
  • Differentiation
  • Focus

ဒီသုံးချက်မှာ တစ်ချက်ချက်နဲ့ တော့ကိုက်ညီမှု ရှိရပါမည်။

1. Cost Leadership

တခြားစီးပွားရေးလုပ်ငန်းက ရောင်းချသော စျေးနှုန်းထက် နှိမ့်ချပြီး စျေးသက်သာစွာ ရောင်းချနိုင်ရပါမည်။

ဥပမာ – ကော်ဖီဆိုင် တစ်ဆိုင် ဆိုပါတော့၊ တခြားဆိုင်က ၈၀၀ ရောင်းသော ကော်ဖီကို ၅၀၀ နဲ့ရောင်းချပြီး စျေးနှုန်းအားသားချက်နဲ့ စျေးကွက်မှာ နေရာ ရယူခြင်းမျိုး ဖြစ်တယ်။

2. Differentiation

တခြားစီးပွားရေးလုပ်ငန်းမှာ မရှိသောသော ဝန်ဆောင်မှုမျိုးပေးနိုင်ရပါမည်။

ဥပမာ – မိမိရဲ့ကော်ဖီဆိုင်က ကော်ဖီတင်မက အစားအသောက်လည်း ရတယ်။ ဒါဆိုရင် စားသုံးသူက အစားအသောက် ဝယ်ဖို့အတွက်နဲ့ တခြားဆိုင်ကို ပြောင်းမှာ မဟုတ်တော့ပါဘူး။

3. Focus

ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းက လူတန်းစားတစ်ရပ်ကို ဦးတည်ချက်ထားပြီး ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

ဥပမာ- ကော်ဖီတစ်ခွက် ၅၀၀၀ ဆိုတာမျိုးပေါ့။ ဒါဆို လူတိုင်းအတွက် မဟုတ်တော့ဘူး။


1 နှင့် 2 ကို အခုနောက်ပိုင်း ပိုပြီး တွဲသုံးသင့်သလို ၊ 3 နှင့် 2 ကိုလည်း ပေါင်းစပ်ပြီး အသုံးပြုသင့်ပါတယ်။

လုပ်ငန်းစတင်မည့်သူများအတွက် မရှိမဖြစ်လိုအပ်တဲ့ Three Business Strategy ပဲဖြစ်ပါတယ်။


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again