စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေဖို့ လိုက်နာသင့်တဲ့အချက် ၇ ချက်

စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေဖို့ လိုက်နာသင့်တဲ့အချက် ၇ ချက်

၁ - ပြီးပြည့်စုံခြင်းထက် တိုးတက်မှုရှိခြင်းကို အာရုံစိုက်ပါ

ကိုယ့်အပြုအမူပိုင်းဆိုင်ရာတိုးတက်မှု တစ် ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတာကလည်း လက်ခံနိုင်လောက်စရာအကြောင်းတရားပါပဲ။ အရင်ကလုပ်ခဲ့သမျှကို ပြောင်းပြန်လှန်လိုက်သလို အရာရာကိုချက်ချင်းပြောင်းလဲ စတင်လုပ်ကိုင်နိုင်ဖို့ဆိုတာကို သိပ်ပြီးအာရုံမထားပါနဲ့။ တိုးတက်မှုအနည်းငယ်ကိုသာ အလေးထားပါ။

၂ - ကိုယ်ဖြစ်နေတဲ့အပေါ် တရားသေကြီးနဲ့  '' ငါက ဒီလိုလူပဲ " လို့ မသတ်မှတ်လိုက်ပါနဲ့

အမြဲတမ်း စိုးရိမ်ပူပန်စရာကိစ္စတွေရှိနေတတတ်တဲ့လူဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ဒါက ငါပဲလို့ မသတ်မှတ်လိုက်မိပါစေနဲ့။ ကိုယ့်ဘေးနားပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်၊ မိသားစုတွေကြားမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ရှိနေတိုင်းလည်း ကိုယ်က ပြဿနာကောင်မဟုတ်ပါဘူး။ ကိုယ်ဖြေရှင်းရမယ့်ကိစ္စတွေသက်သက်မျှသာဖြစ်ပါတယ်။ ဒီလိုအခက်အခဲနဲ့ ပြဿနာတွေက ကိုယ့်ကိုယ်ကိုယ် ပြဿနာကောင်အဖြစ် စမြင်လိုက်ပြီဆိုတာနဲ့ ပြောင်းလဲယူဖို့ခက်သွားပါလိမ့်မယ်။ 

၃ - အကြောက်တရားကို မချဲ့ကားပါနဲ့။

လူတိုင်းအကြောက်တရားရှိပါတယ်။ ကိုယ်ကြောက်တတ်တာကြောက်ပါ။ ဒါပေမဲ့ အဲဒါက ကိုယ့်အတွေးထဲမျှသာပဲဆိုတာ လက်ခံထားပါ။ အတွေးထဲကအရာတွေက ပြင်ပလက်တွေ့ကမ္ဘာမှ တကယ်ရှိမနေပါဘူးဆိုတာကို နားလည်ယုံကြည်ထားပါ။

၄ - ထူးဆန်းကြောင်တောင်တဲ့အတွေးတွေကို အဲဒီအတိုင်းပဲလက်ခံထားလိုက်ပါ။

တချို့က ကိုယ်တိုင်ကားမောင်းရမှာ၊ အလုပ်ပြုတ်မှာ၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကြုံမှာ စသဖြင့်ကို တွေးပူတတ်ကြပါဘူး။ အဲဒီလိုမျိုးတွေးမိခဲ့ရင်လည်း ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးကွာသွားမှာကြောက်တာကြောင့်ဖြစ်တာမို့ ဒီအတိုင်းပဲလက်ခံထားလိုက်ပါ။ ဒီလိုအတွေးတွေက ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ်ဂရုစိုက်တဲ့အရာတွေအပေါ် ပိုအချိန်ပေး၊ ယုယ၊ အာရုံစိုက်ပြီး ပိုကောင်းမွန်တဲ့အနေအထားအဖြစ် ကိုယ်တိုင်ပြောင်းလဲဖြစ်အောင် လုပ်ပေးနိုင်တဲ့တွန်းအားတွေပါပဲ။

၅ - အပြောင်းအလဲတွေကို ကြိုဆိုတတ်ပါစေ

တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုခုကြောင့် အချိန်အကြာကြီးစိတ်ညစ်နေခဲ့ရတယ်ဆိုရင် ပြောင်းလဲမှုကိုမလိုလားတဲ့စိတ်ဝင်နေတတ်ပါတယ်။ ဒါကလည်း ပုံမှန်ပါပဲ။ ဒါပေမဲ့အပြောင်းအလဲတွေကို တွေ့မြင်လက်ခံကြိုဆိုတတ်တာကပဲ ပြောင်းလဲမှုရဲ့အစဖြစ်တာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အပြောင်းအလဲကို ငါလက်ခံရှုမြင်နိုင်တယ်ဆိုပြီးတွေးပါ။ ပါးစပ်နေထုတ်ပြောပြီးကိုတွေးပါ။

၆ - ဘဝမှာ ကိုယ်ကြောက်တဲ့အရာတွေကသာ ကာဆီးမထားခဲ့ရင် ကိုယ်ဘာတွေလုပ်နိုင်မလဲဆိုတာကို ပုံဖော်တွေးမြင်ကြည့်ပါ။

အခုချက်ချင်းကို ပုံဖော်တွေးတောမှုစလုပ်သင့်ပါပြီ။ အကြောင်းကိစ္စတစ်ခု၊ အခြေအနေတစ်ခုကို ဖြတ်ကျော်နိုင်ဖို့သာ အလေးထားနေချိန်မှာ အဲဒီပူပန်စိတ်အခြေအနေထဲသာ နစ်နေမှာဖြစ်ပါတယ်။ အဲဒီလို ပူပန်မှုနဲ့နစ်မျောနေခြင်းကပဲ ကိုယ့်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာက ဘယ်လို၊ ဘာကတော့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်အရာတွေက ပိုအရေးပါတယ်ဆိုတာကို ပြန်လည်တွေးတောပါ။ ရှေ့ဆက်လျှောက်လှမ်းပါ။

၇ - စိတ်ရှည်ပါ။

ဘဝမှာ ကိုယ့်ကိုဖျက်ဆီးနှောင့်ယှက်နေတဲ့အရာတိုင်းက ကိုယ်က ပစ္စုပ္ပန်ကိုအလေးမထားမှုကြောင့်ကနေရလာတဲ့ အကျိုးဆက်တွေပါပဲ။ လက်ရှိအနေအထားကနေရှောင်လွှဲချင်တာကြောင့် ပျော်ပါးသောက်စားသုံးဖြုန်းမှုတွေလုပ်တတ်ကြပါတယ်။ ဒါက ကိုယ်တစ်ချိန်လုံးသယ်ဆောင်ထားတဲ့ စိတ်သောကတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုမလုပ်ချင်လို့ပါ။ ပစ္စုပ္ပန်ကိုမျက်မှောက်ပြုနိုင်ခြင်းကသာ စိတ်သောကတွေနဲ့ ခံစားမှုပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုကို ရှာဖွေနိုင်တဲ့လမ်းစဖြစ်ပါတယ်။ အတွေးတွေ၊ သောကတွေ၊ အကြောက်တရားတွေကို လက်ရှိအခြေအနေ၊ အနအထားနဲ့ ယှဉ်ထိုးဖြေရှင်းဖြေဖျောက်နိုင်ဖို့ဆိုရင် ကိုယ့်လက်ရှိအခြေအနေကို နားလည်လက်ခံနိုင်ရပါမယ်။

လူတွေရဲ့မသိစိတ်က ခံစားမှုတိုင်းကအမှန်ပဲလို့ လက်ခံထားပါတယ်။ ဒါကြောင့် ဒီစိတ်ကိုပဲ ပြန်အသုံးချပြီး ကိုယ်က ကိုယ်တိုင်ကိုယ်ပိုင်ရပ်တည်နိုင်တဲ့သူ၊ အခက်အခဲနဲ့ ပြဿနာတိုင်းကိုဖြေရှင်းနိုင်သူ၊ ပျော်ရွှင်နိုင်သူ၊ မျှဝေခံစားနိုင်သူဖြစ်တယ်ဆိုတာကို ပြန်လည်ပုံသွင်းယူရပါမယ်။
 ကိုယ့်စိတ်ရဲ့သားကောင်ပြန်မဖြစ်စေဖို့ကတော့ အပြောင်းအလဲကို လက်ခံတတ်ကာ ကိုယ်တိုင်လည်းလက်ရှိအခြေအနေကိုသိ၊ ဝေဖန်အကြံပြုမှုတွေကို အပြုသဘောဆောင်နားထောင်ပြီး ကိုယ်လုပ်နိုင်ကြောင်းသိရှိကာ အတိတ်ကိုအတိတ်မှာထား ရှေ့ဆက်လုပ်စရာရှိတာကို လုပ်နေနိုင်ရပါမယ်။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again