ဘဝတိုးတက်စေဖို့ နေ့စဉ်လုပ်သင့်တဲ့ အရာ ၁၀ ခု

ဘဝတိုးတက်စေဖို့ နေ့စဉ်လုပ်သင့်တဲ့ အရာ ၁၀ ခု

၁။ သဘာဝတရားကို ခံစားခြင်း။

ဒါက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သင့်အနေနဲ့ လျော့တွက်ကောင်းတွက်ပါလိမ့်မယ်။ သဘာဝတရားကို ခံစားနေထိုင်ခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျော့ချပေးပြီး တီထွင်ဖန်တီးနိုင်တဲ့ စွမ်းဆောင်ရည် ပိုမြင့်မားလာစေပါတယ်။ သင့်ရဲ့ မှတ်ဉာဏ်စွမ်းအားကို မြင့်တက်စေသလို ပိုပြီးကောင်းမွန်တဲ့သူ တစ်ယောက်တောင်မှ ဖြစ်စေနိုင်ပါတယ်။

၂။ လေ့ကျင့်ခန်း။

လေ့ကျင့်ခန်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိထားပြီးသားပါ။ ဒါပေမဲ့လည်း လူအနည်းစုသာ လေ့ကျင့်ခန်းပုံမှန်လုပ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ရရှိမယ့် ကျန်းမာရေးဆိုင်ရာ တခြားကောင်းကျိုးတွေကို ဖော်ပြဖို့ အချက်တွေကတော့ အများကြီးဖြစ်ပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ပိုထူးချွန်ထက်မြက်လာမယ်၊ ပိုပြီးပျော်ရွှင်လာမယ်၊ အိပ်လို့ပိုကောင်းလာမယ်၊ ချစ်မှုရေးရာကိစ္စတွေမှာလည်း အဆင်ပြေတိုးတက်မှုရှိမယ်စတဲ့ သင့်ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ ပိုကောင်းတဲ့ခံစားမှုတွေကို ဖြစ်ပေါ်စေမှာပါ။ ဟားဗတ်တက္ကသိုလ်ကနေ လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အသက် ၇၀ နဲ့အထက် အမျိုးသားအုပ်စုတစ်စုကို လေ့လာကြည့်ရာမှာ လေ့ကျင့်ခန်းလုပ်တာဟာ ပိုကောင်းတဲ့ဘဝရရှိစေဖို့ လျို့ဝှက်ချက် တစ်ခုဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါသတဲ့။

၃။ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့အချိန်ကုန်ဆုံးပါ။

ဟားဗတ်တက္ကသိုလ်ရဲ့ Social Psychologist တစ်ယောက်၊ ပျော်ရွှင်ခံစားမှုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်တစ်ယောက်ဖြစ်တဲ့ Daniel Gilbert ကတော့ ဘဝမှာ ပျော်ရွှင်မှုရဲ့အကြီးမားဆုံးရင်းမြစ်တစ်ခုက 'မိတ်ဆွေတွေ၊ မိသားစုတွေနဲ့အချိန်ကုန်ဆုံးခြင်း' လို့ သတ်မှတ်ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခင်မင်မှု၊ ဆက်နွှယ်မှု၊ ပတ်သက်မှုတွေဟာ သင်ထင်ထားတာထက် ပိုပြီးတန်းဖိုးထိုက်တန်ပါတယ်တဲ့။ လူမှုရေးဆက်နွှယ်မှုတွေနဲ့ ပတ်သက်ပြီး ခံစားမှုမရှိတာဟာ သင့်ကိုအသိဉာဏ်မရှိရာ ရောက်စေတယ်၊ တုံးအသွားစေပါတယ်တဲ့။ အထီးကျန်မှုဟာ ရုတ်တရက်နှလုံးရပ်ခြင်း၊ လေသင်တုန်းဖြတ်ခြင်းနဲ့ဆီးချိုရောဂါတွေ ဖြစ်စေပါသတဲ့။ 
ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနေရသူတွေဟာ လူမှုရေးရာကိစ္စတွေမှာ ကိုယ်ချင်းစာတရားကြီးသူတွေဖြစ် ပြီး ကောင်းမွန်တဲ့ ပတ်သက်ဆက်နွှယ်မှုရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ လေ့ကျင့်ခန်းလုပ်သူတွေ ထက်တောင်မှ ပိုအသက်ရှည်တယ်လို့လည်း ဆိုထားပါတယ်။ ဘဝတိုးတက်ရေးအတွက် မိတ်ဆွေတွေဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ ကောင်းသတင်းတွေကို ဝေမျပါ။ တခြားသူတွေက သင့်ကို ဝေမျခဲ့ရင်လည်း တုံ့ပြန်မှုပေးခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်ကြားပတ်သက်မှုကို တိုးတက်မှုရှိပါစေ။ ပိုပျော်ရွှင်ချင်ပါသလား။ မိသားစုနဲ့ မိတ်ဆွေတွေကို ကြင်နာမှုတစ်ခုခုပေးပါ။

၄။ ကျေးဇူးတင်ကြောင်း ဖော်ပြပါ။

ဒါက သင့်ကိုပိုပြီး ပျော်ရွှင်စေတယ်။ ပတ်သက်ခင်မင်မှု တွေကို တိုးတက်ကောင်းမွန်စေတယ်။ သင့်ကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်စေတယ်။ ပြီးတော့ သင့်ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတိုင်းအတွက် ပိုကောင်းတဲ့ဘဝကို ဖန်တီးပေးနိုင်ပါတယ်တဲ့။

၅။ တရားထိုင်ပါ။

တရားထိုင်ခြင်းဟာ ပျော်ရွှင်မှုတိုးစေပြီး ဘဝရဲ့အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ လူမှုရေးအတွက် အထောက်အကူ ဖြစ်စေသလို ဒေါသ၊ စိတ်ပူပန်မှု၊ စိတ်ကျဆင်းမှု၊ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချရာမှာလည်း အာရုံစုစည်း တည် ငြိမ်မှုရစေပါတယ်။

၆။ အိပ်ရေး၀၀အိပ်ပါ။

အိပ်ရေး၀၀မအိပ်လည်း သင့်အနေနဲ့ ဘာမှမဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလို့ မရပါဘူး။ ပင်ပန်းနေခြင်းက ပျော်ရွှင်စေဖို့ကို ပိုခက်ခဲစေလို့ပါ။ အိပ်ရေးပျက်တာဟာ နေမကောင်းဖြစ်စေဖို့ပါပဲ။ အိပ်ချိန်ပြည့်ပြည့် အိပ်ရေး၀၀အိပ်ခြင်းဟာ ဆုံးဖြတ်ချက်ချရာမှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။ 
နေ့ခင်းဘက် ခဏလေးအိပ်တာက အတော်လေးကောင်းပါတယ်။ ဒီလိုအိပ်လိုက်ခြင်းအားဖြင့် အလုပ်ခွင်မှာ နိုးကြားတက်ကြွမှုနဲ့ စွမ်းဆောင်ရည်တိုးစေပါတယ်။ သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးပြီး မကောင်းတဲ့ စိတ်ခံစားမှုတွေကိုလည်း ပယ်ဖျက်ပေးပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ။

နောက်ထပ်ဘာသာစကားတစ်ခု သင်ယူခြင်းဟာ စိတ်ကိုထက်မြက်နေစေပါတယ်။ ဂီတသင်ခန်းစာတွေကတော့ ဉာဏ်ပိုကောင်းလာစေပါတယ်။ ကိုယ့်မှာရှိနေတဲ့ အားသာချက်တွေကို ယုံကြည်ပြီး ကိုယ့်စိတ်ကို စိန်ခေါ်ပါ။ ဖြစ်ချင်စွမ်းတွေ တိုးမြင့်လာခြင်းဟာ နေ့စဉ်မှာ အားစိုက် ထုတ်မှုအနည်းငယ်ဖြစ်စေပြီး အဲဒီအားစိုက်ထုတ်မှုက ဉာဏ်ရည်ထက် သင့်အောင်မြင်မှုအတွက် ပိုပြီးထင်သာ မြင်သာရှိပါတယ်။ ပညာဆက်လက်သင်ယူမှုမရှိ၊ အခွင့်အလမ်းရဲ့ကောင်းကျိုးတွေကို ဆုပ်ကိုင်မှုမရှိဘူးဆိုရင် တော့ အဲဒီလိုလူတွေဟာ သူတို့ဘဝကို နောက်ပြန်လမ်း လျောက်သလိုဖြစ်နေပြီး နောင်တတွေလည်း ရနေရမှာပါ။

၈။ ရယ်မောပါ။

ဟာသဉာဏ်ရှိပြီး အဲဒါကိုအသုံးပြုတဲ့သူတွေဟာ စိတ်ဖိစီးမှုကို အကန့်အသတ်နဲ့ပဲဖြစ်စေပြီး ခုခံနိုင်အားစနစ်ကို ပိုအားကောင်းစေပါတယ်။ လေသင်တုန်းဖြတ်ခြင်းနဲ့ နှလုံးရုတ်တရက်ရပ်နိုင်ခြေကို လျော့ချပေးပြီး သွားနဲ့ပတ် သက်တဲ့ ကုသမှုတွေလုပ်ဆောင်နေစဉ်မှာ နာကျင်မှုကို လျော့ချပေးပါတယ်။ အသက်လည်းရှည်ရှည်နေရတယ်လို့ ဆိုပါတယ်။ ရယ်မောသူတွေဟာ နေ့စဉ်မှီဝဲရတဲ့ ဗီတာမင်တစ်လုံးလိုပါပဲ။ ပျော်စရာအချိန်အခိုက်အတန့်လေး တွေအကြောင်း ပြန်စဉ်းစားတာဟာ အချင်းချင်းဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။ ဟာသဉာဏ်ရှိခြင်း၊ ပျော်ပျော်နေတတ်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိပါတယ်။

၉။ တစ်စုံတစ်ယောက်ကို ထိတွေ့ပါ။

ထိတွေ့မှုဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အဖွဲ့လိုက်စွမ်းဆောင်ရည်ကို တိုးတက်စေတဲ့အပြင် သင့်ကို ပိအောင်မြင်လာဖို့ ကူညီပေးပါတယ်။ ပွေ့ဖက်ခြင်းဟာ သင့်ကိုပိုပြီးပျော်ရွှင်စေပါတယ်။ အဆင်ပြေချောမွေ့တဲ့ ဖိုမဆက်ဆံရေးဟာ ရုတ်တရက်နှလုံးရပ်ခြင်းနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး ခုခံအားစနစ်ကို တိုးတက်စေပါတယ်။ ဘဝသက်တမ်းကိုလည်း ပိုရှည်အောင်ဆွဲဆန့်နိုင်ပါတယ်။

၁၀။ အနာဂတ်ကို ယုံကြည်မှုရှိရှိမျော်လင့်ပါ။

အနာဂတ်ကို ယုံကြည်ခြင်း၊ မျော်လင့်ချက်ထားခြင်းဟာ သင့်ကို ပိုကျန်းမာပျော်ရွှင် အသက်ရှည်စေပါတယ်။ စစ်တပ်တွေမှာဆိုရင် စစ်သားတွေကြားမှာ ဒီအတွေးအခေါ်ကို သင်ကြားပေးပါတယ်။ ယုံကြည်ချက် လွန်ကဲစွာရှိနေခြင်းဟာ စွမ်းဆောင်ရည်နဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေပါတယ်။

Ref: 10 things you should do every day to improve your life, according to science
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again