လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ စိတ်ရောကိုယ်ပါ လုပ်ဆောင်ချင်စိတ် (Commitment) တိုးလာအောင်

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ စိတ်ရောကိုယ်ပါ လုပ်ဆောင်ချင်စိတ် (Commitment) တိုးလာအောင်
HR Strategy တွေထဲမှာ ဝန်ထမ်းတွေရဲ့ Performance တွေ မြင့်တက်လာအောင်လုပ်တဲ့ "High Performance Strategy" ၊ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကိုသွားတဲ့အခါ ဝန်ထမ်းအများစုအားတက်သရော ပါဝင်လာအောင်လုပ်တဲ့ "High Involvement Strategy" အပြင် ဝန်ထမ်းတွေ လုပ်ငန်းခွင်ထဲမှာ ဘယ်သူမှမတွန်းရဘဲ စိတ်ရောကိုယ်ပါ လုပ်ဆောင်ချင်စိတ်တွေ မြင့်တက်လာအောင်လုပ်တဲ့ "High Commitment Strategy" ရယ်လို့ အဓိက Strategy သုံးမျိုးက အသုံးများထင်ရှားတာရှိပါတယ်။

ဒီနေရာမှာ တတိယ Strategy ဖြစ်တဲ့ "High Commitment Strategy" အရ Commitment တွေရှိလာစေဖို့ Organization မှာရှိတဲ့ ရာထူး Level တိုင်းမှာ 
သင်ကြားလွယ်တတ် မြောက်လွယ်နိုင်မယ့်ဝန်ထမ်းတွေကို အဓိကရွေးချယ်အာရုံစိုက်ပြီး သူတို့ဘဝအတွက် အလုပ်အကိုင် အဆင့်မြင့်မားရေးလှေကားထစ်လို အစီအစဉ်တွေ ဖော်ထုတ် ဖန်တီး ပေးထားရပါမယ်။ ဥပမာ-ဝန်ထမ်းကို ဒီရာထူး၊ ဒီအလုပ် အကိုင်အဆင့်ဖြစ်နေဖို့ ဒီသင်တန်းတွေအောင်အောင်ဖြေပါ။ 

ဒီလုပ်သက်ပြည့်အောင်လုပ်ပါ။ အဲဒီအတွက် အဖွဲ့အစည်းက ဘယ်လောက်ပံ့ပိုးပေးမယ်။ အဲဒီအတိုင်းအောင်မြင်အောင် လုပ်သွားနိုင်သူတွေ ဘယ်လိုခံစားနေရပြီဖြစ်တယ် စသဖြင့် Career Ladder နဲ့ Good Example တွေသိအောင် ပြဖို့လိုပါတယ်။ 

နောက်တစ်ခုက ဘေးအန္တရာယ်ဖြစ်လောက်တဲ့ ကိစ္စမှအပလုပ်ငန်းခွင်အတွင်းမှာ စည်းမျဉ်းတွေ သိပ်တင်းကျပ်ထားတာမရှိဘဲ Result ကို Efficient ဖြစ်အောင်လုပ်နိုင်တာကို တန်ဖိုးထားကြောင်းနဲ့အတူ Flexible လုပ်ငန်းခွင်ဖြစ်တာကို အားပေးရပါမယ်။ ဒါအပြင် လုပ်ငန်းခွင်အတွင်း ရာထူးအဆင့်အလိုက် အခွင့်အရေး၊ အဆင့်အတန်း ခွဲခြားတာတွေ နည်းနိုင်သမျနည်းအောင်လုပ်ပြီး ရာထူးအဆင့်တွေမများတဲ့ Flat Type Organization ပုံစံရှိဖို့ လိုပါတယ်။ ဒါမှ Reporting System မြန်ဆန်သွက်လက်ပြီး အလုပ်က မြန်မြန်ရွေ့မှာဖြစ်ပါတယ်။ ''ဆက်လက်တင်ပြပါသည်''၊ ''ဆက်လက်တင်ပြပါသည်'' နဲ့ Decision စောင့်နေရတာကြာရင် Commitment က လျော့ကျတတ်လို့ ဖြစ်ပါတယ်။

ပြဿနာတွေရှိရင် အတူဖြေရှင်းဖို့၊ အသင်းအဖွဲ့ အုပ်စုလိုက်လုပ်မှရတဲ့အလုပ်တွေ လုပ်ကိုင်နိုင်ဖို့၊ Team Spirit အရေးကြီးကြောင်း ကောင်းကောင်းယုံကြည် လက်ခံနိုင်အောင် အဖွဲ့နဲ့လုပ်ရတဲ့ Activities တွေ (ဥပမာ- အသင်းလိုက်အားကစားပြိုင်ပွဲတွေ၊ အဖွဲ့လိုက်ဆောင်ရွက်ချက်တွေ) ဖန်တီးပေးပြီး အောင်မြင်တဲ့အခါ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ နောက်တစ်ခုက Job Design ပါ။ သူတို့အလုပ်နဲ့ပတ်သက်ပြီး သူတို့စိတ်ထဲကကို ဒီအ လုပ်လုပ်ရတာ ကျေနပ်နှစ်သက်တဲ့ခံစားမှုမျိုးဖြစ်စေတဲ့ အလုပ်ပုံစံဖန်တီးပေးနိုင်ရင်လည်း ဝန်ထမ်းတွေမှာ Commitment ဖြစ်စေပါတယ်။ ပြောရရင် အလုပ်တာဝန်တစ်ခုတည်းကို အကြာကြီးမပေးဘဲ အခြားအလုပ်တွေနဲ့ ပြောင်းလဲလုပ်စေတာ၊ ကိုယ့်အထက်ရာထူးက တာဝန်တချို့ကို ခွဲဝေလုပ်ဆောင်စေတာ၊ Overload ဖြစ်နေရင် လည်း အချို့အလုပ်တွေ လျော့ချပေးတာ၊ တစ်ယောက်နှစ်ယောက် လောက်နဲ့ပဲ ထိတွေ့လုပ်ကိုင်နေတဲ့ အလုပ်က နေအများနဲ့ တစ်ခါတစ်ရံထိတွေ့လုပ်ကိုင်ရတဲ့ အလုပ် တွေကို ပြောင်းလဲလုပ်ကိုင်စေတာမျိုးတွေ စသဖြင့် ဒီလို Job Design တွေ စဉ်းစားစီစဉ်ခြင်းကလည်း Commitment ကို ဖြစ်စေပါတယ်။

ဝန်ထမ်းတွေ Commitment ရှိဖို့ဆိုတာ သူတို့နေနေတဲ့ အဖွဲ့အစည်းမှာနေထိုင်ရတာ ကိုယ်ရောစိတ်ပါ လုံခြုံမှုရှိတယ်၊ Secure ဖြစ်တယ်လို့ ခံစားရရင်လည်းရှိတဲ့ Commitment ကို ထိန်းထားနိုင်ပါတယ်။ အဲဒီအတွက် အလွယ်တကူခန့်ပြီး အလွယ် တကူဝန်ထမ်းလျော့ချတာ တွေမဖြစ်ရအောင် ဝန်ထမ်းလျော့ချမှုနဲ့ဆိုင်တဲ့ မူဝါဒ "Redundancies Policy" တွေလည်း ကြိုတင် ရေးဆွဲထားဖို့လိုပါတယ်။ Manpower Policy ကို အခြေခံပြီးမှ Recruitment လုပ်ရမယ်တို့၊ JD (Job Description) ၊ JS (Job Specification) တွေနဲ့ ၇၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်း ကိုက်ညီသူပဲခန့်ရမယ်တို့၊ ဘယ်အခြေအနေမျိုး နောက်ဆုံးဖြစ်မှ လူလျော့ရမယ်တို့၊ လျော့ရင်လည်း Plan A ၊ Plan B ဘယ်လို Approach ကို ဦးစားပေး အကောင် အထည် ဖော်ရမယ်တို့ ကြိုတင်ရေးဆွဲထားဖို့လိုပါတယ်။ နောက်ဆုံးတစ်ချက် ကတော့ လူအများစုအလေးထားတဲ့ လုပ်ခလစာခံစားခွင့်နဲ့ သူတို့ကိုတန်ဖိုးထားမှုပါပဲ။ ဝန်ထမ်းတွေကို တန်ဖိုးထားဆက်ဆံပြီး တန်ဖိုးထားမှု နောက်က ငွေကြေးခံစားခွင့်ကောင်းကောင်းပေးတယ်။

ဆိုရင် စိတ်ပါလက်ပါ အလုပ်လုပ်တာ ပြန်ရမှာဖြစ်ပါ တယ်။ တစ်ခုတော့ရှိပါတယ်။ "You Havest What You Sow" စကားပုံကို ကိုယ်စိုက်သလောက် ကိုယ်ပြန်ရတယ်။ အားထုတ်နိုင်လေလေ များများရလေလေဆိုတာမျိုးနဲ့ များ များအားထုတ်လာဖို့ အသစ်အသစ်သော ဝန်ထမ်းအကဲ ဖြတ်ပုံစုံ Assessment စနစ်တွေနဲ့ Up Date Pay Structure ကို ချိတ်ဆက်လုပ်ဆောင်တဲ့ Strategy နဲ့ သွားမယ်ဆိုရင် ဝန်ထမ်းတွေကို ထွေထွေထူးထူး တွန်းစရာမလိုဘဲ သူတို့ ဘာသာစိတ်ရောကိုယ်ပါ လုပ်ဆောင်ချင်စိတ်အပြည့်နဲ့ လုပ်ဆောင်မှု Commitment တွေ မြင့်တက်လာမှာဖြစ်ပါတယ်။ 

ဒေါက်တာတင်မမစိုး
Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again