ကမ္ဘာ့အချမ်းသာဆုံးသူများရဲ့ အလေ့အကျင့် ၈ မျိုး
၁။ အမြဲသင်ယူနေပါ။
Warren Buffett ရဲ့ အောင်မြင်မှုအကြောင်းတရားတွေထဲမှာ သူဟာ အမြဲလေ့လာသင်ယူနေတတ်သူဖြစ်တယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်။ ဘာပဲဖြစ်ဖြစ်တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်ဖို့ အနည်းဆုံးအချိန်နာရီ ပေါင်းတစ်သောင်းလိုတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်း အဲဒီလိုပဲအချိန်ယူပြီး လုပ်ရပါတယ်။ Buffett ဟာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ရာမှ ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် သူကစီးပွားရေးလုပ်ငန်းတွေ ကြီးပွားအောင်မြင်ရသလဲဆိုတာကို အမြဲမပြတ်စူးစမ်း လေ့လာတယ်။ ဒီအခက်အခဲတွေကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရတယ်။ သူ့ရဲ့ရင်းနှီးမြှုပ်နှံထားတာတွေကိုဘယ်လိုမနစ်နာရအောင် ကာကွယ်ရမယ်ဆိုတာတွေကို အမြဲလေ့လာသင်ယူတယ်။ အဲဒီလို သင်ယူလေ့လာတဲ့အလေ့အကျင့်ဟာ သမားရိုးကျရုံးလုပ်ငန်းလုပ်နေသူတွေအတွက်ပဲ ကျင့်သုံးရမှာဖြစ်တယ်။ လူတချို့ဟာ အဆက်အသွယ်အချိတ်အဆက်ကောင်းလို့ မြန်မြန်ကြီးပွားသွားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိမိအလုပ်မှာ မကျွမ်းကျင်ရင်မကြီးပွားနိုင်ပါဘူး။
၂။ ဝင်ငွေအောက်လျော့သုံးပါ။
ဘီလီယံနာသူဌေးကြီး (Mark Cuban) ဟာ သူ့အသက် ၂၀ ကျော် ကာလတုန်းကအခန်းကျဉ်းကလေးထဲမှာအခန်းဖော်တွေ အများကြီးနဲ့နေခဲ့ရတာကြောင့် အမြဲပြန်ပြောပြလေ့ရှိတယ်။ ခြိုးခြိုးခြံခြံနေတယ်ဆိုတာ ငွေစုဆောင်းဖို့သက်သက်ချည်းမဟုတ်ဘူး။ လက်ထဲမှာ ငွေပိုငွေလျှံစုဆောင်းမိတဲ့အခါတိုင်း တက်လမ်းကိုလွတ်လွတ်လပ်လပ် ရှာဖွေနိုင်တယ်။ လောလောဆယ် အကျိုးအမြတ်မရပေမယ့် နောင်အခါအကျိုးရှိနိုင်တဲ့ အလုပ်များကို စွန့်စားလုပ်ကိုင်သွားနိုင်တယ်။ ပေးစရာတွေရှိရင်လည်း ငွေကြေးကိစ္စမပူရတော့ဘူး။ ငွေကိုတိုးပွားအောင်လုပ်ဖို့ပဲ အာရုံစိုက်နေမှာဖြစ်တယ်။
၃။ အောက်ခြေအလုပ်တွေ လုပ်ရမှာ မကြောက်နဲ့
ကိုယ်ဟာ အထက်ကိုတက်လှမ်းဖို့ ကြိုးစားနေရင်အောက်ခြေသိမ်းအလုပ်တွေကို အောက်တန်းကျတယ်လို့မထင်ပါနဲ့။ Marcus Lemonis သူဌေးကြီးဟာ သူရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းများကိုလုပ်တဲ့အခါ လုပ်ငန်းနဲ့ပတ်သက်ပြီး လက်တွေ့သင်ယူတယ်။ ဝန်ထမ်းတွေနဲ့ ယှဉ်တွဲအလုပ်လုပ်ပါတယ်။ ဒါကြောင့်လည်း သူဟာစီးပွားရေးလုပ်ငန်းအမျိုးမျိုးကို လျင်လျင်မြန်မြန်တတ်မြောက်လာရတာပါလို့ သူကပြောတယ်။ အထက်ကနေသိအောင် လုပ်နေရတာထက် အောက်ခြေဆင်းပြီး သင်ကြားတာက ပိုအတတ်မြန်ပါတယ်။ ဝန်ထမ်းတွေနဲ့ ဦးစီးခေါင်းဆောင်ကြားမှာ လေးစားမှုတွေ၊ ရဲဘော်ရဲဘက် စိတ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
၄။ အများကြီး မအိပ်ပါနဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အငြင်းပွားတာတွေအမြဲလိုလို လုပ်တတ်ပေမယ့် သူ့ရည်ရွယ်ချက်တွေကိုတော့ အောင်အောင်မြင်မြင် လုပ်နိုင်သူဖြစ်တယ်။ သူက တစ်နေ့ကို သုံးနာရီ၊ သို့မဟုတ် လေးနာရီလောက်ပဲ အိပ်လေ့အိပ်လေ့ရှိလို့ ခုလိုလုပ်နိုင်တာပါလို့ သူကဆိုတယ်။ ဒီတော့ တစ်နေ့ရှစ်နာရီ၊ ဆယ်နာရီအိပ်ကြတဲ့သူများတတ် သူက အလုပ်လုပ်ချိန်ပိုရနေတယ်။ ဘယ်သူဖြစ်ဖြစ် ကျန်းမာအောင်အိပ်ဖို့တော့လိုတာပေါ့။ သမ္မတထရမ့်ကတော့ ခုလိုအိပ်ချိန်နည်းလို့ သူ့ ကျန်းမာရေးကို မထိခိုက်ပါဘူးလို့ ဆိုတယ်။ ဒီတော့ အိပ်ချိန်အနည်းအများကို ကိုယ့်ဘာသာချိန်ကြည့်ပါ။
၅။ ခွင့်လွှတ်ဖို့ မတောင်းဆိုပါနဲ့။ ခွင့်ပြုဖို့သာ ရအောင်လုပ်ပါ။
Bill Gates အလယ်တန်းကျောင်းသားဘဝတုန်းက ကွန်ပျူတာတွေ သိပ်ဈေးကြီးတယ်။ ကျောင်းသားတစ်ယောက်စီဟာ ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့ပဲ သုံးခွင့်ပြုခံရတယ်။ Bill Gates ဟာ ကွန်ပျူတာသုံးရင်း ကွန်ပျူတာရဲ့ ချို့ယွင်းချက်တွေကို သိရှိနားလည်သွားတယ်။ ဒီတော့ အဲဒီကွန်ပျူတာမှာ သတ်မှတ်ချိန်ထက်ပိုပြီး သုံးသုံးနေတာကို လူမိသွားတယ်။ ဒါပေမယ့် သူက အဲဒီချို့ယွင်းချက်များကို ထောက်ပြနိုင်တဲ့အတွက် အချိန်ပိုသုံးခွင့်ရသွားတယ်။ ဒီတော့ သူဟာအချိန်ပိုသုံးနေတာကို ခွင့်လွှတ်ပါလို့ တောင်းပန်စရာမလိုဘူး။ သုံးခွင့်ရသွားတယ်။