SWOT Analysis တန်ဖိုးရှိသော ဆုံးဖြတ်ချက်ချနည်း

SWOT Analysis တန်ဖိုးရှိသော ဆုံးဖြတ်ချက်ချနည်း

Strength- စွမ်းအားရှိမှု

Weakness- အားနည်းမှုများ

Opportunities- အခွင့်အရေးများ

Threads - ခြိမ်းခြောက်မှုအန္တရာယ်များ


SWOT Analysis ကို အဆင့်အမျိုးမျိုး၌ လုပ်နိုင်သည်။ အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ငန်းအဆင့်ဆင့်မှ သီးခြားအကြောင်းအရာများပါဝင်သော ဌာန၊ သို့မဟုတ် ပစ္စည်းတစ်မျိုးမှလည်းကောင်းလုပ်နိုင်သည်။ 

လုပ်ငန်းတွင်းစွမ်းအားနှင့် အားနည်းမှုများ...

လုပ်ငန်းအဖွဲ့အစည်းအတွင်း အင်အားနှင့်အားနည်းမှုများမှာ အမြဲလိုလို ကြုံတွေ့ရတတ်သည်။ အခွင့်အရေးနှင့် ခြိမ်းခြောက်မှု အန္တရာယ်များမှာ ပြင်ပမှရိုက်ခတ်တတ်သည်။ အချို့အကြောင်းများမှာမူ အင်အားကောင်းမှုနှင့် အင်အားနည်းမှု တွဲဖက်နေတတ်သည်။ ဥပမာ- ဝန်ထမ်းများ၏ လုပ်ငန်းခွင်လုပ်သက်ကြာရှည်မှု တစ်နည်းအားဖြင့် အသက်အရွယ်ကြီးသည့် ဝန်ထမ်းဟောင်းများမြဲနေသောအဖွဲ့အစည်းသည် အတွေ့အကြုံရင့်ကျက်ခြင်းကြောင့် တည်ငြိမ်သောအဖွဲ့အစည်းဖြစ်နိုင်သည်။ သို့ရာတွင် အဖွဲ့အစည်း၏ ခေတ်နောက်ကျမှုလည်းဖြစ်နိုင်သည်။ အကြောင်းအချက်အမှားများမှာ အင်အားဖြစ်သလို အားနည်းမှုလည်းဖြစ်နိုင်ပြီး လျင်လျင်မြန်မြန်အံ့သြလောက်အောင် ပြောင်းခြင်းနှင့်လည်း ကြုံနိုင်သည်။

ပြင်ပမှ အခွင့်အရေးများနှင့် အန္တရာယ်များ...

ပြင်ပမှ အကြောင်းအရာများသည် အဖွဲ့အစည်းအတွင်းမှ ကိစ္စများထက်ခက်ခဲသည့်သဘောများဖြစ်တတ်သည်။ အောက်တွင်အခွင့်အရေးများနှင့် အန္တရာယ်များဖြစ်နိုင်သော အခြေအနေများကို ဥပမာအဖြစ် ဖော်ပြထားသည်။

ဖြစ်ပေါ်လာနိုင်သော အခွင့်အရေးများတွင်ပါဝင်နိုင်သည်များ...

- ဈေးကွက်အသစ် (ပြည်ပပို့ကုန်အပါအဝင်)
- နည်းပညာအသစ်များ
- ထုတ်ကုန်အသစ်များ၊ ပိုမိုထူးခြားသစ်ဆန်းကုန်များ
- လုပ်ငန်းပူးပေါင်းခြင်းများ၊ ထပ်မံတိုးချဲ့မှုနှင့် ရပ်ဆိုင်းမှုများ
- ရင်းနှီးမြှုပ်နှံမှုအသစ်များ
- ယှဉ်ပြိုင်ဘက်လုပ်ငန်း၏ စီးပွားထိခိုက်မှုများ
- စီးပွားရေးသဘောတူမှုများနှင့် ဗြူဟာဆင်တွဲဖက်မှုများ
- နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်မှုထိန်းချုပ်ဥပဒေများနှင့် တိုးတက်မှုများ

ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုနှင့် အန္တရာယ်များ...

- စက်မှုလုပ်ငန်းများ
- နိုင်ငံရေးနှင့် ထိန်းချုပ်မှုအကြောင်းအရာများ
- စီးပွားရေးအကြောင်းအရာများ
- အရောင်းအဝယ်ကိစ္စများ
- ယှဉ်ပြိုင်ဘက်များတိုးတက်ခြင်းနှင့် ပူးပေါင်းမှုများ
- ဈေးကွက်သို့ ဝင်လာသူအသစ်များ
- ယှဉ်ပြိုင်ဘက်များ၏ ဈေးပြောင်းလဲခြင်းများ
- ယှဉ်ပြိုင်ဘက်များ၏ ဆန်းသစ်တီထွင်မှုများ
- ပတ်ဝန်းကျင်အခြေအနေများ
- သဘာဝအန္တရာယ်များ
- ဖြစ်ပေါ်နိုင်သော အန္တရာယ်အမျိုးမျိုး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ပစ္စည်းအရည်အသွေးဆိုင်ရာ တာဝန်ရှိမှုများ
- မိမိလုပ်ငန်းမှ အရေးပါသော ဝန်ထမ်းကိုဆွဲဆောင်ခံရခြင်း
- လုံခြုံရေးနှင့်ပတ်သက်၍ မိမိထံမှ ပေါက်ကြားသွားမှု၊ IT စနစ်လုံခြုံမှုတို့ဖြစ်သည်။
- ကုန်သွယ်မှုကွင်းဆက်နှင့် သက်ဆိုင်သောပြဿနာများ
- ကုန်ဖြန့်ဖြူးခြင်းနှင့် ပို့ဆောင်မှုပြဿနာများ
- အခြားလုပ်ငန်းများ၏ ပြဿနာများကြောင့် ကြွေးဆုံးမှုများ
- လူဦးရေဆိုင်ရာနှင့် လူမှုရေးပြောင်းလဲမှုများကြောင့် ဝယ်သူများ၏ စားသုံးမှု၊ အကြိုက်၊ အလေ့အကျင့်များ 

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again