ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အရည်အချင်း ၅ မျိုး

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အရည်အချင်း ၅ မျိုး

၁။ သူတို့တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရည်မြင့်မားတယ်။

အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ့နောက်ကွယ်မှာ ဆန္ဒတစ်ခုအရင်းပြုနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်
ကိုင်သူ၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ ကိုယ်စိတ်ကူး​ကောင်းရင်ကောင်းသလို၊ လုပ်ငန်းချဲ့ထွင်တတ်သလို ကိုယ့်လုပ်ငန်းကလည်း အောင်မြင်လာမှာပါပဲ။

နောက် ၅ နှစ်၊ ၁၀ နှစ်တိုင်အောင် လုပ်ငန်းတစ်ခုတည်းမှာပဲ အချိန်ကုန်ခံမယ့် လူတွေမဟုတ်ပါဘူး။ သူ တို့ရဲ့လွတ်လပ်ခွင့်၊ ရည်မှန်းချက်တွေနဲ့အတူ နေ့ရက် တိုင်းမှာလန်းဆန်းတက်ကြွလို့နေပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားမိတာ ၁၂ လ လောက် ရှိပြီဆိုရင် သင်လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေ လောက် ပါပြီ။ ဘာလို့လဲဆိုတော့သင်အချိန်ယူပြီး စဉ်းစားနေချိန် မှာ တီထွင်ဖန်တီးကြည့်နေပြီးသားဖြစ်လို့ပါပဲ။

၂။ သူတို့ရဲ့အားသာချက်တွေကို သိမြင်တယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်အားသာချက်​တွေကို သိရှိထားဖို့လိုပါတယ်။ တချို့လူတွေကကိုယ် ပိုင်လုပ်ငန်းလုပ်နေကြပေမယ့် ကိုယ့်အားသာချက်တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးမချတတ်တဲ့တွက် ရေရှည်မှာ မအောင်မြင်ကြပါဘူး။ အခက်အခဲတွေကြုံတွေ့လာတာနဲ့ အရှုံးပေးတတ်ကြပါတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာကိုအသုံးချပါ။ စာရေးတာ၊ စကားပြောတာ၊ အနုပညာခံစားချက်ရှိတာ၊ စီစဉ်တာ၊ ဘယ်လိုအရာပဲဖြစ်ဖြစ် တတ်ကျွမ်းမှုကို အပြည့်အဝအသုံးချပါ။ ကိုယ်ပိုင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပါ။

၃။ စျေးကွက်ကို နားလည်တယ်။

ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ဆောင်မှုတွေကို အသုံးပြုမယ့်​ဖောက်သည်တွေရှိနေရင်တော့ အကျိုးအမြတ်ရတဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်မှာ မလွဲဧကန်ပါပဲ။ ဘယ်သူတွေက ဘာတွေလိုအပ်နေသလဲ၊ ကိုယ်ကသူတို့ကို ဘာ​ပေးနိုင်မလဲဆိုတာသိဖို့အတွက် စျေးကွက်အခြေအနေကို အချိန်ယူလေ့လာပါ။

၄။ သူတို့တွေဟာ အများနဲ့ကွဲထွက်ပြီး လုပ်ကိုင်လေ့ရှိတယ်။

လုပ်ငန်းရှင်တစ်ယောက်ဟာ သုံးစွဲသူတွေကိုဆွဲဆောင် ဖို့ သူ့အကြိုက်ဆုံးတွေမှာ စာမူ၊ ဆောင်းပါးတွေ စပြီးတင်ပါတယ်။ သူ့ရဲ့စိတ်ကူးတွေကို လုပ်ဖော်ကိုင်ဖက်​တွေက တွေ့လာတဲ့အခါ သူတို့ကိုယ်ပိုင်ပရောဂျက်တွေစလုပ်ဖို့ အကြံ ဉာဏ်တွေတောင်းလာပါတယ်။ အပြင် ထွက်ပြီးလိုက်ကြေညာနေမှ အလုပ်ဖြစ်တာမဟုတ်ပါဘူး။စိတ်ကူးရှိသလိုကိုယ့်လုပ်ငန်းကိုစတင်လုပ်ဆောင် လို့ရပါတယ်။ အများနဲ့ကွဲထွက်ပြီး လုပ်ငန်းလုပ်​ဆောင် ဖို့ ကိုယ့်စိတ်ကူးစိတ်သန်းကိုအသုံးချပါ။

၅။ လုပ်ငန်းကို ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ကြတယ်။

အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တိုင်းဟာ တွေဝေ မနေဘဲလုပ်ငန်းကို အကောင်အထည်ဖော်လေ့ရှိကြပါ တယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေ ဘယ်လိုပဲဖြစ်နေဖြစ်နေ လုပ်ငန်းကိုချက်ချင်း အကောင်အထည်ဖော်ပါ။ ကိုယ့်လုပ်မယ့် လုပ်ငန်းသဘောတရားကို နားလည်ပြီဆိုတာနဲ့ အချိန်မဆွဲနေပါနဲ့တော့။ အခုပဲ စတင်လုပ်ဆောင်ပါ။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again