Facebook ရဲ့အနာဂတ်ခြေလှမ်းများ

Facebook ရဲ့အနာဂတ်ခြေလှမ်းများ

အစကာလ

ဟားဗတ်တက္ကသိုလ် စိတ်ပညာကျောင်းသားအသက် ၁၉ နှစ်ရှိတဲ့ Mark Zuckerberg က ၂၀၀၄ ခုနှစ်၊ဖေဖော် ဝါရီလမှာ Facebook ကိုတည်ထောင်ခဲ့ပါတယ်။ Facebook မတိုင်ခင် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် မှာ Facemash.com ကို စတည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အတန်းဖော်သူငယ်ချင်းအချင်းချင်း ဓာတ်ပုံယှဉ်ပြီး ဘယ်သူကလူကြိုက်များလဲဆိုတာသိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ပါတယ်။ အဲဒီကရတဲ့ အတွေ့အကြုံအရ လူတွေဟာ အင်တာနက်ကနေ မိတ်ဆွေတွေရဲ့ ဓာတ်ပုံကြည့်ချင်တယ်ဆိုတာ သိရတဲ့အတွက် Facebook ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၄ နာရီအတွင်းမှာပဲ ဟားဗတ်တက္ကသိုလ် ကျောင်းသားနှစ်ရာကျော် Register လုပ်ခဲ့ပြီး တစ်လအတွင်းမှာ ဘွဲ့ကြိုကျောင်းသားထက်ဝက်ခန့် Register လုပ်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ဘော်စတွန် တက္ကသိုလ်အပါအဝင် အမေရိကန်မှာရှိတဲ့ နာမည်ကြီး တက္ကသိုလ်အားလုံးပြန့်သွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ သြဂုတ်လမှာ Facebook .com ဆိုတဲ့နာမည်ကို ဒေါ်လာနှစ်သိန်းနဲ့ဝယ်ခဲ့ပြီး နာမည်ပြောင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကစပြီး အမေရိကန်အထက်တန်းကျောင်းတွေအားလုံးအပြင် အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ် တွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ ခြောက်နှစ်တာကာလနောက်ပိုင်း တစ်ကမ္ဘာလုံးမှာ လူပေါင်းသန်းခုနစ်ရာနီးပါးအ သုံးပြုလာပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အချက်အလက်တွေကို Google က ပိုင်ဆိုင်တယ်ဆိုရင် Facebook က သင်နဲ့သင့်သူငယ်ချင်းတွေကို သိနေပါတယ်။တစ်နည်းအားဖြင့် လုပ်စရာရှိတာတွေလုပ်ဖို့ Google ကို အသုံး ပြုတတ်ကြပြီး ကိုယ့်ရဲ့အချိန်ဖြုန်းဖို့ဆိုရင် Facebook ကို သုံးတတ်ကြပါတယ်။ ဒီနေ့မှာဆိုရင်တော့ ကမ္ဘာပေါ် ရှိလူဦးရေ တစ်ဘီလီယံခန့်ဟာ Facebook ကို အသုံးပြုကြပြီး အဲဒီထဲက သုံးပုံနှစ်ပုံက နေ့တိုင်းအသုံးပြုနေတာ ကို တွေ့ရပါတယ်။ Facebook ရဲ့အဆိုအရ တစ်လကို ၁.၆ ဘီလီယံ အသုံးပြုသူဦးရေရှိနေကြောင်း သိရပါ တယ်။

အမေရိကန်မှာဆိုရင် Facebook အသုံးပြုသူ ၂၂ ရာခိုင်နှုန်းရှိပြီး ၁၁ ရာခိုင်နှုန်းကတော့ YouTube နဲ့ Google ကို သုံးကြပါတယ်။ လက်ရှိအချိန်အထိ Facebook ကို အခမဲ့မှတ်ပုံတင်သုံးစွဲခွင့်ရရှိပြီး Facebook ရဲ့ ဝင်ငွေ က ကြော်ငြာတွေကတစ်ဆင့်ရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်ထက် နှစ်ဆတိုးပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တစ်ကမ္ဘာ လုံးရဲ့ Digital ကြော်ငြာဝင်ငွေ ၇၀ ဘီလီယံရှိပြီး Google က ၃၅ ရာခိုင်နှုန်း၊ Facebook က ၁၉ ရာခိုင်နှုန်း Twitter က ၂.၅ ရာခိုင်နှုန်းနဲ့ Yahoo က ၁.၅ ရာခိုင်နှုန်း ရရှိပါတယ်။

ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Friendster နဲ့ Myspace တို့က အခြေအနေဆိုးနေပေမဲ့ Facebook ကတော့ ပန်းပန်မြဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Yahoo က Facebook ကို တစ်ဘီလီယံနဲ့ဝယ်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပေမယ့် Mark ဟာ အမြော်အမြင်ကြီးစွာနဲ့ ငြင်းပယ်ခဲ့ပါတယ်။ Facebook အနေနဲ့ Internet လောကမှာ အဓိကကြုံတွေ့နေရတဲ့ ပြဿနာသုံးခုဖြစ်တဲ့ လူမှုကွန် ရက် (Social Network) တွေရဲ့ ရပ်တည်နိုင်မှု တိုတောင်း ခြင်း၊ ဝင်ငွေရရှိဖို့ ခက်ခဲခြင်းနဲ့ မိုဘိုင်းကြော်ငြာကနေ ပိုက်ဆံရရှိဖို့ မသေချာခြင်းတို့ကို ကျော်လွှားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Facebook ဟာ သန်း ၇၀၀ ကျော် User ရှိတဲ့သူ့ရဲ့ Messenger Platform ရဲ့ အားသာချက်ကိုယူပြီး Customer Service နယ်ပယ်ထဲကိုဝင်ဖို့ ခြေလှမ်းစလာနေပြီ။ လုပ်ငန်းတွေကို အလို အလျောက် Customer Support ပေးနိုင်တဲ့ ဝန်ဆောင်မှု၊ E-commerce လမ်းညွှန်၊ Content တွေနဲ့ အပြန်အ လှန် ဆက်သွယ်ပြော ဆိုမှုတွေကို Chatbot တွေကတစ်ဆင့် လုပ် နိုင်စေမယ့် Messenger Platform အသစ် ကို ၂၀၁၆ ခုနှစ်၊ ဧပြီလအစောပိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။Facebook Messenger Platform က အနာဂတ်မှာ Customer Service တွေနဲ့ပတ်သက်လို့ ဖြေရှင်းဝန်ဆောင်မှုတွေကို ကိုင်တွယ်ပေးမယ့် Platform တွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။

လုပ်ငန်းချဲ့ထွင်ခြင်းကာလ

၂၀၀၈ ခုနှစ်မှာ ကုမ္ပဏီရဲ့ ငွေကြေးအကျိုးအမြတ်ဆိုင်ရာ ရည်မှန်းချက်နဲ့ ထိရောက်တဲ့ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းဖြစ်ဖို့ Google ရဲ့ကနဦး ဝန်ထမ်းဟောင်းဖြစ်သူ Sheryl Sanberg ကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာ ရှိချုပ် (Chief Operating Officer - COO) အနေနဲ့ ငှားရမ်း ပြီး လုပ်ကိုင်စေခဲ့ပါတယ်။ Facebook ရဲ့ ထောင်ပေါင်း များစွာရှိတဲ့ Account တွေရဲ့ သက်ဆိုင်ရာ အချက်အ လက်တွေဟာ ကြော်ငြာရှင်လုပ်ငန်းရှင်ကြီးတွေအတွက် အလွန်ကိုတန်ဖိုးရှိပါတယ်။ အထူးသဖြင့် ကိုယ့်ကုန် ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို အသုံးပြုစေလိုတဲ့ ဖောက်သည်တွေဆီ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန် ဆန် အသိပေးကြော်ငြာနိုင်တာဟာ လုပ်ရိုးလုပ်စဉ် မီဒီ ယာတွေဖြစ်တဲ့ သတင်းဂျာနယ်နဲ့ TV တို့ ထက် ပိုမိုထိ ရောက်မှုရှိပါတယ်။ ၂၀၁၂ ခုနှစ်အထိမိုဘိုင်းကြော်ငြာတွေကနေ ပိုက်ဆံမရရှိသေးပါဘူး။ အဲဒီအချိန်မှာ Twitter က အခြေအနေကောင်းသယောင် ရှိနေခဲ့ပေမဲ့ မနှစ်ကဆိုရင် Facebook ရဲ့ ကြော်ငြာဝင်ငွေဟာ Twitter ထက် ရှစ်ဆများခဲ့ပါတယ်။ အဓိကက Facebook အသုံးပြုသူတွေရဲ့ သုံးစွဲတဲ့အချိန် ပိုကြာမြင့်တာကြောင့်လည်း ဖြစ်ပါတယ်။

ကွန်ပျူတာထက်စာရင် မိုဘိုင်းဖုန်း အသုံးပြုမှုများတဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုးဆိုရင် Facebook အသုံး ပြုသူ ပိုများလာပါတယ်။ လက်ရှိမှာဆိုရင် Facebook ကို အဓိကအသုံးပြုသူတွေရဲ့သုံးပုံတစ်ပုံဟာ အာရှနိုင်ငံ တွေက ဖြစ်ပြီး (စကားချပ်။ ။ တရုတ်နိုင်ငံဟာ Facebook သုံးစွဲခွင့်ပိတ်ပင်ထားပါတယ်။) နောက်သုံးပုံတစ်ပုံ က အမေရိကနဲ့ ဥရောပဖြစ်ကာ ကျန်တာက ကမ္ဘာအနှံ့မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ လူသုံးများတဲ့ App တွေထဲ မှာ Facebook က နံပါတ်သုံးနေရာမှာ နေရာယူထား ပါတယ်။

လောလောဆယ် Facebook က Google ရဲ့ နောက်မှာ ရှိနေပါသေးတယ်။ Mark Zuckerberg ရဲ့ ပေါ်လစီ၊ တနည်းအားဖြင့် Facebook ရဲ့ ဆောင်ပုဒ် ' မြန်မြန်လှုပ်ရှားလေ၊ အခွင့်အရေးရလေ' ဆိုတဲ့အတိုင်း ဖောက်သည်တွေအ တွက် အကျိုးရှိတဲ့၊ အ ကျိုးရှိနိုင်တဲ့ App တွေ ကို တီထွင်ဝယ်ယူခြင်း လုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သက်ဆိုင်တဲ့ သတင်းတွေကိုစုစည်းကြည့်နိုင် တဲ့ New Feed ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် ဝန်ထမ်းသုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်ပုံ Share လို့ရတဲ့ Instagram ကို တစ်ဘီလီယံနဲ့ ဝယ်ခဲ့ပါတယ်။ မနှစ် ကစပြီး Instagram မှာ ကြော်ငြာတွေ ရောင်းခဲ့ရတာ ဒီ နှစ်မှာဆိုရင် ကြော်ငြာနှစ် ဘီလီယံရခဲ့ပါတယ်။ ၂၀၁၃ ခု နှစ်မှာတော့ ဘယ် App တွေကို လူကြိုက်များလဲဆို တာကို လေ့လာလို့ရတဲ့ အစ္စရေးကုမ္ပဏီတစ်ခုဖြစ် တဲ့ ONABO ကို ဒေါ်လာ သန်း ၁၂၀ နဲ့ ဝယ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Oculus ကို နှစ်ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး Whatsapp ကိုတော့ ၂၂ ဘီလီယံဝယ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ဒီနေ့ ဒီအချိန်ထိ နည်းပညာကုမ္ပဏီတွေ ဝယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီ ယံ အသုံးချပြီးဖြစ်ပါတယ်။

New York Stock Exchange တက်ပြီးနောက် . . .

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ New York Stock Exchange မှာ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာတွေ စတင်ထုတ်ရောင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Facebook ရဲ့ ကြော်ငြာချက်မှာ သုံးစွဲသူပေါင်း ၈၄၅ သန်း ရှိပြီး နေ့စဉ် Like ၊ Comment ပေးတာ ၂.၇ ဘီလီယံ အကြိမ်ရှိပါတယ်။ အဲဒီအချိန်မှာ ရှယ်ယာတစ်စောင်ရဲ့ တန်ဖိုးဟာ ၃၈ ဒေါ်လာရှိပြီး ကုမ္ပဏီတစ်ခုလုံးရဲ့ တန် ဖိုးဟာ ၁၀၄ ဘီယီယံရှိပါတယ်။ အဲဒါဟာ ကုမ္ပဏီ အသစ်တစ်ခုအနေနဲ့ အစုရှယ်ယာတန်ဖိုးမှာ အကြီးဆုံး ဈေးဖြစ်ပါတယ်။ အဲဒီလို ှStock Exchange တက်ပြီး နောက်မှာMark Zuckerberg က ကုမ္ပဏီရဲ့ ၂၂ ရာခိုင် နှုန်း ပိုင်ဆိုင်ပါတယ်။ ဒီနေ့ဒီအချိန်မှာဆိုရင် Facebook ဟာ တန်ဖိုးအကြီးဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရပ် တည်နေကာ ဈေးကွက်တန်ဖိုးကတော့ ၃၂၅ ဘီလီယံ ရှိနေပြီး၊ Mark Zuckerberg က တရုတ်စကားကျွမ်း ကျင်သူဖြစ်တဲ့အတွက် တရုတ်ပြည်သာ Facebook သုံးစွဲခွင့်ရမယ်ဆိုရင် သူ့အတွက် အခွင့်အလမ်းကောင်းကြီး ဖြစ်မှာသေချာပါတယ်။

အနာဂတ်စိန်ခေါ်မှုများ

Mark Zuckdrbergရဲ့ ပင်ကိုဓာတ်ခံက ကြီးပွားလိုစိတ်ထက်သန်တာကြောင့် Facebook ကို ဒီထက်ကြီးအောင် လုပ်နေမှာပါပဲ။ စပ်စပ်စုစုရှိတတ်ပြီး ပြင်းပြတဲ့စိတ်ရှိတဲ့ Mark Zuckerberg ဟာ Amazon ရဲ့ ကနဦးတည်ထောင်သူJeff Bezosလိုပဲ သေးသေးလေးကနေ ဒီထက်ကြီး အောင် ချဲ့ထွင်သုံးသွားမှာ သေချာပါတယ်။ ငွေကြေး ချမ်းသာမှုကို အဓိကမထားတဲ့အတွက် သူနဲ့သူ့အမျိုး သမီးက သူတို့ပိုင်ဆိုင်မှုတွေကို အချိန်တန်ရင် လှူဒါန်း သွားမှာဆိုတာ အတိအလင်းကြေညာပြီး ဖြစ်ပါတယ်။ အရင်က ကွန်ပျူတာဟက်ကာလို့ နာမည်ရခဲ့တဲ့Mark Zur Zuckerberg ဟာ Silicon Valley ရဲ့ တရားဝင်သတ်မှတ်မထားတဲ့ စည်းမျဉ်းတွေကို လိုက်နာသူမဟုတ်ခဲ့ပါဘူး။ Facebook ကို ချဲ့ထွင်မယ်ဆိုရင် ကြုံတွေ့ရမယ့် အခက်အခဲနှစ်ခုကတော့ ဈေးကွက်ထိန်းချုပ်ခြင်းနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံစေခြင်းတို့ပဲ ဖြစ်ပါတယ်။ Microsoft နဲ့ Google တို့ရဲ့ နမူနာအတိုင်း ဈေးကွက်ကြီးလာတာနဲ့အမျ သက်ဆိုင်ရာနိုင်ငံအလိုက် ထိန်းချုပ်မှုတွေကို လိုက်နာရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း WhatsApp လို ပြိုင်ဘက်မျိုး ထပ်ဝယ်ပြီးကြိုးစားရင် အရင်ကလို လွယ်ကူဖို့မရှိတော့ပါဘူး။ ဥရောပနိုင်ငံတွေက Facebook ကို ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုနဲ့ပတ်သက်ပြီး စိတ်မချရတဲ့အတွက် စောင့်ကြည့်နေကြပါတယ်။ အဲဒါကလည်း Facebook အနေနဲ့ ကိုယ်ရေးကိုယ်တာ အချက်လက်ထိန်းချုပ်ခြင်းဆိုင်ရာ Policy နဲ့ သတင်းအချက်အလက်တွေကို မကြာခဏ ပြောင်းလဲခဲ့တဲ့ သမိုင်းရှိခဲ့လို့ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက Facebook ဖောက်သည်တွေရဲ့ တခြား Website တွေကို အသုံးပြုတဲ့ အမူအကျင့်တွေကို ခွင့်ပြုချက်မယူဘဲ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Facebook ကို နားလည်မှုလွဲတဲ့အချက်က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရောင်းချနေ ခြင်းဖြစ်တယ်လို့ Facebook ရဲ့ တာဝန်ရှိသူ Chris Cox ဖြေရှင်းထားပါတယ်။ အမှတ်တံဆိပ်ယုံကြည်ခြင်း စစ် တမ်းကောက်ခံတဲ့ Reputation Institute အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ Facebook ရဲ့ အမှတ်တံဆိပ် (Brand) ဟာ အခြားနည်းပညာပိုင်းဆိုင်ရာ အမှတ်တံဆိပ်တွေရဲ့အောက်ကို ရောက်နေပါတယ်လို့ဆိုပါတယ်။ အဲဒါက လူတွေရဲ့ ယုံကြည်မှုအားနည်းခြင်းရဲ့ ရလဒ်ဖြစ်နေပါတယ်။ အဲဒါဟာလည်း တည်ထောင်ချိန်က ကလေး အရွယ်ကနေ တဖြည်းဖြည်း ကြီးပြင်းလာတဲ့ Facebook ရဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒါဟာလည်း တည်ထောင်ချိန် က ကလေးအရွယ်ကနေ တဖြည်းဖြည်းကြီးပြင်းလာတဲ့ Facebook ရဲ့ လူကြီးအဆင့်ကို တက်လှမ်းရမယ့်အချိန် မှာ ကြုံရတဲ့စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။


Credit: CEO Myanmar Facebook Page



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again