လုပ်ငန်းခွင်မှာကိုယ်ကအမှားလုပ်မိတဲ့အခါ တောင်းပန်ရမယ့်နည်းလမ်းအချို့

လုပ်ငန်းခွင်မှာကိုယ်ကအမှားလုပ်မိတဲ့အခါ တောင်းပန်ရမယ့်နည်းလမ်းအချို့

ဘယ်လိုတောင်းပန်မလဲ

တောင်းပန်တယ်ဆိုတာ တောင်းပန်ရမယ့်လူ၊ တောင်းပန်တဲ့ လူနဲ့တောင်းပန်တဲ့နည်းအပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားစေပါတယ်။ တောင်းပန်တဲ့အခါမှာ အသုံးဝင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမြန်ဆုံးတောင်းပန်ပါ။

မကျေနပ်ချက်တွေကို ရင်မှာမျိုသိပ်ထားရတာကို ရှောင်ရှားနိုင်ဖို့ အမြန်ဆုံးတောင်းပန်လိုက်ပါ။ တစ်ခါတစ်ရံမှာ ကိုယ်ပြုမိတဲ့အသေးအမွှားအမှားတွေအတွက် ချက်ချင်းတောင်းပန်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းစားဖို့ ချိန်းထားတာကို နောက်ကျတာမျိုးကိုပေါ့။ ကြီးကြီးမားမားအမှားတွေဆိုရင်တော့ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ခဲ့တဲ့ လူတွေအားလုံး စိတ်ပြန်လည်တည်ငြိမ်သွားဖို့အတွက် နာရီအနည်းငယ်ပဲဖြစ်ဖြစ်၊ တစ်ရက်ပဲဖြစ်ဖြစ်စောင့်ပြီးမှ တောင်းပန်သင့်ပါတယ်။

၂။ ဆင်ခြင်မပေးပါနဲ့။

မိမိလုပ်ခဲ့တဲ့အမှားနဲ့ပတ်သက်ပြီး ဆင်ခြေမပေးပါနဲ့။ အမှားကို ဝန်ခံတောင်းပန်ပါ။ 'ဒါပေမဲ့'၊ 'ဒါမှမဟုတ်' ဆိုတဲ့ စကားလုံးမျိုးကိုသတိထားပြီးရှောင်ရှားပါ။ 'တကယ်လို့ ကျွန်တော့်ရဲ့လုပ်ရပ်က ခင်ဗျားအပေါ်မှာ ထိခိုက်သွားစေရင် တောင်းပန်ပါတယ်ဗျာ၊ ဒါပေမဲ့' ဆိုတဲ့ စကားမျိုးက တောင်းပန်တာ မဟုတ်ပါဘူး။ ဆင်ခြေပေးတာပါ။ မိမိရဲ့အမှားကို အမှန်တကယ် နောင်တရလို့ တောင်းပန်တဲ့စကားလုံးမျိုးကိုပဲ ရွေးချယ်ပြီးသုံးပါ။

၃။ တာဝန်ယူပါ။

တောင်းပန်စကားပြောပြီးရင် မိမိအမှားကို တိုတိုနဲ့ရှင်းရှင်းပဲ ဝန်ခံပါ။ မိမိရဲ့အမှားကြောင့် ဖြစ်လာတဲ့ကိစ္စတွေကြောင့် တာဝန်ယူမယ့်အကြောင်း သေသေချာချာဝန်ခံပါ။

၄။ အမှားကို ဘယ်လိုပြင်မယ်ဆိုတာကို ရှင်းပြပါ။

တစ်ကြိမ်တောင်းပန်ပြီးသွားရင် နောက်တစ်ခါ ဒီလိုအမှားမျိုးမပြုလုပ်မိအောင် ဘယ်လိုလုပ်သွားမယ်ဆိုတာကို သေသေချာချာ ရှင်းပြပါ။ မိမိရဲ့အလုပ်တာဝန်ကို သတ်မှတ်ထားတဲ့အချိန်မှာ မပြီးခဲ့ဘူးဆိုရင် နောက် တစ်ခါအခုလိုအမှားမျိုးထပ်မဖြစ်အောင် ဘယ်လိုအစီအစဉ်တွေ ပြုလုပ်ထားတယ်ဆိုတာကို မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သေသေချာချာရှင်းပြပါ။ အမှားကို နောက်တစ်ခါထပ်မဖြစ်အောင် လုပ်ဆောင်ထားတဲ့အစီအစဉ်တွေကို ရှင်းပြရင်းနဲ့ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူးလို့ သေသေချာချာ တောင်းပန်ပါ။ မိမိတောင်းပန်တဲ့ လူအပေါ်မူတည်ပြီး မိမိအမှားအတွက် ဘာတွေလုပ် ဆောင်ပေးရမယ်ဆိုတာကို သေသေချာချာမေးပါ။

၅။ ပြောထားတဲ့အတိုင်း လုပ်ဆောင်ပါ။

ပြဿနာဖြေရှင်းမယ့် နည်းလမ်းအတိုင်း ကြိုးစားလုပ် ဆောင်ပါ့မယ်လို့ ကတိပေးထားရင် ကတိအတိုင်း သေသေချာချာလုပ်ပါ။ ကတိတွေပေးထားပြီး ကတိမတည်ရင်လည်း တောင်းပန်တာက အဓိပ္ပာယ်မရှိတော့ပါဘူး။

၆။ တောင်းပန်ဖို့နည်းလမ်း စဉ်းစားပါ။

တချို့ကိစ္စတွေကို တစ်ဦးချင်းတွေ့ဆုံပြီး တောင်းပန်သင့်ပါတယ်။ မိမိရဲ့အလုပ်ရှင်ပတ်သက်ပြီး အမှားလုပ်မိခဲ့ရင် အလုပ် ရှင်နဲ့ သီးသန့်တွေ့ဆုံပြီး အမှားကို တောင်းပန်ဖို့ လိုအပ်ပါတယ်။ အကယ်၍ မိမိအနေနဲ့ တွေ့ဖို့ကို အဆင် မပြေဘူး။ ဒါမှမဟုတ် မိမိပြောလိုက်တဲ့အပေါ်မှာ အမှားပါသွားမှာကို အရမ်းစိုးရိမ်နေတယ်ဆိုရင် Email ပို့ပြီး တောင်းပန်ပါ။ Email နဲ့ တောင်းပန်တဲ့အခါမှာလည်း မိမိရဲ့အမှားနဲ့ပတ်သက်ပြီး တစ်ဦးချင်းတွေ့ဆုံဆွေးနွေးချင်သလားဆိုတာကို မေးပါ။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again