မင်းမကြည့်လို့ မသိတာပါ၊ အချစ်က မင်းအနားမှာပါ

မင်းမကြည့်လို့ မသိတာပါ၊ အချစ်က မင်းအနားမှာပါ
အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ဝေဖန်ခဲ့ဖူးပါတယ်။ ကိုယ်က အခွန်ပေးပြီး ဘာမှ ပြန်မရဘူးလို့ ထင်ခဲ့ မိတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ (မင်းမကြည့်လို့ မသိတာပါ၊ အချစ်ကမင်းအနားမှာပါ) ဒီ သီချင်းလေး လိုပါပဲ။

တိုင်းပြည် အေးချမ်းသာယာရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး စသည် စသည်ဖြင့် တိုင်းပြည်အကျိုးပြု လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဘယ်သူလည်း ဆိုရင် အားလုံးသိတဲ့အတိုင်း အစိုးရအဖွဲ့အစည်း (Government) ပဲဖြစ်ပါတယ်။

အစိုးရက ရိုးသားတယ်၊ စေတနာရှိတယ်၊ လုပ်ပေးချင်စိတ် ရှိတယ် ဘယ်လိုပဲ လုပ်ပေးချင်စိတ် ရှိရှိ ပိုက်ဆံ မရှိရင် ဘာမှ လုပ်လို့ မရပါဘူး။ အစိုးရအတွက် လိုအပ်နေတဲ့ ငွေ ကို ဘယ်လိုရှာ မလဲ ဆိုတာ စဉ်းစား ရပါတယ်။ (၁) အစိုးရကိုယ်တိုင် စီးပွားရေးလုပ်မလား၊ (၂) သဘာဝ သယံဇာတ ပစ္စည်းတွေ ရောင်းမလား၊ (၃) ချေးငွေယူမလား၊ (၄) လုပ်ငန်းရှင်များထံမှ အခွန်ကောက်မလား။

(၁) အစိုးရကိုယ်တိုင် စီးပွားရေးလုပ်မလား

ယခင်က သမဝါယမ ဆိုင်တွေဖွင့်ပြီး ပြည်သူကို စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချခဲ့တယ် (ကိုယ်တွေတော့ မမှီခဲ့ပါဘူး)။ အရှံူးခံပြီးရောင်းတော့ အစိုးရကိုယ်တိုင် တခြားတစ်ဖက်မှာ စီးပွားရေး ပြန်လုပ်ရတယ် (ဒါမှလည်း အဆင်ပြေမှာကိုး)။ ပို့ကုန်၊ သွင်းကုန် စသည် စသည်ဖြင့် ကိုယ်တိုင် စီးပွားရေး လုပ်ခဲ့တယ်။ ဒီလို လုပ်တာ အဆင်မပြေဘူးဆိုတာ ပြန်ကြည့်ရင် အားလုံးလည်း သိနိုင်ပါတယ်။

(၂) သဘာဝ သယံဇာတ ပစ္စည်းတွေ ရောင်းမလား

ဒီနည်းလမ်းကလည်း အားလုံး သိတဲ့အတိုင်းပဲ သစ်တောတွေလည်း ပြောင်နေပြီ၊ တောင်တွေလည်း ချိုင့်တွေ ဖြစ်ကုန်ပါပြီ။ လူနည်းစုပဲ အလုပ်ဖြစ်သွားတယ် ဆိုတာ အားလုံးလည်း သီပြီး ဖြစ်နေပါပြီ။ သယံဇာတ ဆိုတာကလည်း အချိန်တန်ရင် ကုန်သွားမှပဲ ဆိုတော့ ဒီနည်းလမ်းကလည်း အဆင်မပြေပြန်ပါဘူး။

(၃) ချေးငွေယူမလား

မြင်သာအောင် ဥပမာလေး တစ်ခုအနေနဲ့ ပြောရရင်တော့ ရပ်ကွက်ထဲမှာ ဦးဘ ဆိုတဲ့ လူတစ်ဦး ရှိတယ်။ ရပ်ကွက် ရဲ့ သာရေး၊ နာရေး ဆို ငွေအား အပြည့်အဝ စိုက်ထုတ်ပြီး ကူညီတက်သူ တစ်ယောက်ပေါ့။ ရပ်ကွက်လမ်းခင်းမယ်ဆိုလည်း တခြားအိမ်တွေ လိုက်ခံမနေနဲ့တော့ သူပဲ အကုန်အကျ ခံမယ်ဆိုတဲ့ သူမျိုးပေါ့။ ဒီလို လူမျိုးကို ကျွန်တော်လမ်းမှာ တွေ့ရင် ရိုရိုသေသေ လေးလေးစားစား ဆက်ဆံ ပြောဆိုရပါတယ်။ နေရာပေးရပါတယယ်။ နိုင်ငံ တစ်ခုအနေနဲ့လည်း ဒီလိုပါပဲ တခြားနိုင်ငံတစ်ခုကနေ ချေးငွေ ယူတဲ့အခါ ဘာမှ ပြန်မလုပ်ပေးရဘူးလို့ မထင်လိုက်ပါနဲ့။ အလျော့ပေးရတယ်၊ လုပ်ခွင့်တွေ ပေးရတယ် စတဲ့ ဝင်ရောက် စွတ်ဖက်မှုတွေကို ခံရပြန်ပါတယ်။

(၄) လုပ်ငန်းရှင်များထံမှ အခွန်ကောက်မလား

နောက်ဆုံးတော့ သူလေး(Government) ခင်ဗျာ ဒီနည်းလမ်းက အကောင်းဆုံး ဖြစ်မယ်ဆိုတာ သဘောပေါက်သွားတယ်။ ပုဂ္ဂလိက ကို လုပ်ပိုင်ခွင့်တွေ ခွဲပေးတယ် ပြီးရင် အဲ့အပေါ်မှာ အခွန်ကောက်တယ်။ လိုအပ်တဲ့ infrastructure တွေ ထောက်ပံ့ပေးတယ်။ ပတ်ဝန်းကျင်၊ ကျန်းမာရေးတွေကို ထိခိုက်စေမယ့် ထုတ်ကုန်၊ သွင်းကုန်တွေအတွက် အထူးကုန်စည်ခွန် ထပ်ကောက်တယ်။ ဘာလို့လည်းဆိုတော့ စည်ပင်တို့ ၊ ဆေးရုံတို့ကိုထောက်ပံ့ ပေးထား ရတဲ့အတွက် ပေါ့နော်။ တွေးကြည့်ရင် သိနိုင်ပါတယ် အများကြီးပါပဲ။ မိသားစု ၂ ယောက်ရှိတုန်းက အလုပ်တစ်ခုတည်းနဲ့ အဆင်ပြေပေမယ့် ၃၊ ၄ ယောက် ဖြစ်လာတဲ့အခါ အလုပ်တစ်ခုတည်းနဲ့ အဆင်မပြေတော့ပါဘူး။ ကလေး ကျောင်းစရိတ်၊ ကျန်းမာရေး စရိတ် စသည်စသည်ဖြင့် တိုးလာတဲ့အခါ အလုပ်ပိုလေးတွေ ရှာလုပ်ရသလိုပါပဲ အစိုးရအနေနဲ့လည်း အခွန်ကို တစ်မျိုးတည်းနဲ့ ကောက်လို့ အဆင်မပြေတဲ့အခါ ပုံစံအမျိုးမျိုးနဲ့ ပြန်ကောက်ရပါတယ်။ ဒါမှလည်း အကုန်အကျတွေနဲ့ ကာမိ မှာပါ။

အစိုးရ (Government) အနေနဲ့လည်း အခွန်ဆောင်တဲ့ သူတွေကို ပြန်ကြည့်ပါတယ်။ အိမ်၊ ကား ဝယ်တဲ့အခါ အခွန်ဆောင်ထားပါက ထိုအချိန်တွင် ပြန်လည်ခုနှိမ် နိုင်ပါတယ်။
အခွန်ပေးဆောင်တယ်ဆိုတာကလည်း တိုင်းပြည်ကောင်းဖို့အတွက် တစ်ဖက်က ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

Ref: Seminar
2008

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again