ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်မှာ ရှိထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၄ ခု

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်မှာ ရှိထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၄ ခု
အောင်မြင်တဲ့ ကနဦးတစ်ခုထူထောင်နိုင်ဖို့ ရှိထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Search Engine Optimization (SEO)

SEO ဆိုတဲ့ စကားလုံးကို နေရာတိုင်းမှာ ကြားနေရပါတယ်။ အခုဆိုရင် SEO ဟာ ကုမ္ပဏီတိုင်း မရှိမဖြစ် အသုံးပြုသင့်တဲ့ အရာတစ်ခုဖြစ်လာပါပြီ။ အထူးသဖြင့် ကနဦးလုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။ Search Result တွေမှာ ကိုယ်က ထိပ်ဆုံးမှာ ပေါ်နေခြင်းအားဖြင့် Customer တွေရဲ့ စိတ်ဝင်စားမှုများများရရှိနိုင်ခြင်း၊ ကိုယ့် Product နဲ့ ကိုက်ညီမယ့်ဈေးကွက် မြန်မြန်ရှာဖွေနိုင်ခြင်း၊ ကိုယ့်ရဲ့ Website ကို ကောင်းကောင်းပြင်ဆင်ထားခြင်းဖြင့် Customer တွေထံ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်း၊ လုပ်ငန်းအကြောင်းများ လွယ်ကူစွာရောက်ရှိစေနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၂။ Digital Marketing

ကိုယ့်မှာ အိုင်ဒီယာကောင်းကောင်းတစ်ခုရှိဖို့ လိုအပ်သလို ဈေးကွက်ထဲမှာ အောင်မြင်ပြီးသားကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ Digital Marketing က စီးပွားရေးလုပ်ငန်းတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ အဓိကကျတဲ့နေရာက ပါဝင်ပါတယ်။ Digital Marketing က Social Media တစ်ခုတည်းတင် မဟုတ်ပါဘူး။ အဲထက်အများကြီးပိုပါတယ်။ ဒစ်ဂျစ်ကမ္ဘာထဲမှာ Social Media ၊ ဗီဒီယိုတွေ၊ SEM (Search Engine Marketing) ၊ Geotargeting နဲ့ အခြားအရာတွေ အများကြီးပါဝင်ပါသေးတယ်။ ကနဦးအနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ချိန်ညှိပြီး သင့်လျော်တဲ့ Tool တွေနဲ့ Platform တွေမှာသာ ရင်းနှီးမှပ်နှံမှုတွေ ပြုသင့်ပါတယ်။

၃။ Outsourcing

Outsource လုပ်တယ်ဆိုတာက လုပ်ငန်းအကြီးကြီးတွေနဲ့ ဘတ်ဂျတ်အကန့်အသတ်မရှိရတဲ့ Multinational Corporation တွေအတွက်ပဲ မဟုတ်ပါဘူး ကုမ္ပဏီငယ်လေးတွေ၊ Startup လုပ်ငန်းတွေအနေနဲ့လည်း Outsource လုပ်နိုင်ပါတယ်။ Virtual Office တွေ တဖြည်းဖြည်းတိုးပွားလာတာနဲ့အမျ Outsourcing လုပ်တာကလည်း ရေပန်းစားမှုမြင့်တက်လာပါတယ်။ Startup တွေအတွက်ဆိုရင်လည်း ဝန်ထမ်းငှားခ၊ ရုံးခန်းငှားခတွေအပြင် Operating Cost တွေကိုပါ သက်သာစေတဲ့အတွက် Outsource လုပ်တာက တစ်နည်းတစ်ဖုံ အကျိုးရှိစေပါတယ်။ Human Resource ၊ Accounting ၊ Web Design ၊ Blog Management ၊ Market Research အစရှိသဖြင့် ကိုယ်လိုအပ်တဲ့ကဏ္ဍကို Third Party Company တွေကိုOutsource လုပ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် ကိုယ့်ရဲ့ဝန်ထမ်းတွေအနေနဲ့ အသစ်အသစ်သော အိုင်ဒီယာတွေ၊ တီထွင်ဖန်တီးမှုတွေအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်ဖို့ အချိန်ပိုရမှာ ဖြစ်ပါတယ်။

၄။ Productivity

ကိုယ်တိုင်စွန့်စားပြီး ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်တာနဲ့အညီ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှုက ကိုယ်ဘယ်လောက်အထိ Productivityဖြစ်သလဲဆိုတာကို ထင်ဟပ်စေနိုင်ပါတယ်။ Virtual Assistant တွေကို ကောင်းကောင်းအသုံးချနိုင်တာ၊ အချိန်ဆွဲပြီး အလုပ်လုပ်တတ်တဲ့ အကျင့်ကို ပယ်ဖျက်တာ၊ ကိုယ့်ရဲ့ Inbox ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်တာ၊ ငြင်းဆိုဖို့ အားမနာတတ်ခြင်း၊ ကိုယ်ပိုင် Dead Line သတ်မှတ်ထားတာ၊ အလုပ်ချိန်အတွင်း ပုံမှန်မိနစ်ပိုင်းမျ အနားယူခြင်းစတဲ့ နည်းလမ်းတွေအပြင် အလုပ်ကို ဘယ်လို Productive ဖြစ်ဖြစ် ဆောင်ရွက်နိုင်မလဲဆိုတာကို သိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် Productivity နဲ့ပတ်သက်ပြီး အထောက်အကူပြုမယ့် Tools တွေကိုလည်း Startup လုပ်ငန်းရှင်တွေအနေနဲ့ လေ့လာထားဖို့ လိုအပ်ပါတယ်။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again