အောင်မြင်တဲ့အသင်း တစ်သင်းဖြစ်အောင် ထူထောင်ပါ

အောင်မြင်တဲ့အသင်း တစ်သင်းဖြစ်အောင် ထူထောင်ပါ
စွမ်းဆောင်ရည်မြင့်မားတဲ့အသင်းတစ်သင်း၊ ဌာနတစ်ခုဆိုတာ အဖွဲ့ဝင်အားလုံး စည်းစည်းလုံးလုံးရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်တတ်တဲ့ အဖွဲ့အစည်းလို့ အဓိပ္ပာယ်ရပါတယ်။

တစ်နည်းအားဖြင့်ပြောရရင် အဖွဲ့ဝင်အားလုံး စည်းစည်းလုံးလုံးရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်တတ်တဲ့အဖွဲ့အစည်းကို အောင်မြင်တဲ့အသင်းတစ်သင်းလို့ခေါ်ပါတယ်။ အားကစားအသင်းတစ်ခုရဲ့ မန်နေဂျာတွေဟာအဲဒီလိုအခြေအနေမျိုးရောက်အောင် အိပ်ရေးပျက်ခဲ့ရတဲ့ ညပေါင်းများစွာကိုဖြတ်သန်းပြီး ကြိုးပမ်းခဲ့ကြကြောင်း တွေ့ရပါတယ်။ လုပ်ငန်းခွင်တစ်ခုမှာရှိတဲ့ အဖွဲ့တစ်ဖွဲ့၊ ဌာနတစ်ခုဟာလည်း အဲဒီအတိုင်းပါပဲ။ မိမိအဖွဲ့မှာပါဝင်တဲ့ အဖွဲ့သားတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုင်းပင်းကူညီကြရပါတယ်။

ပထမပိုင်းမှာတော့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကူညီမှုမရှိတဲ့အပြင် ရံဖန်ရံခါ ခိုက်ရန်ဖြစ်ပွားတာ (စကားစစ်ထိုးကြတာ) ရှိခဲ့ပေမဲ့ စီမံခန့်ခွဲမှုမှာ ကျမ်းကျင်လိမ္မာတဲ့မန်နေဂျာ တစ်ယောက်ရဲ့လက်အောက်မှာအတူတူ တာဝန်ထမ်းဆောင်ကြရတဲ့အခါ သူတို့ဟာအလုပ်တွေကို လက်တွဲလုပ်ဆောင်ရင်းနဲ့ ရင်းနှီးခင်မင်မှုရလာရာကနေ ရဲဘော်ရဲဘက်စိတ်ဓာတ်ပါ ပေါက်ဖွားလာပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်လာကြပါတယ်။ အဲဒီရဲဘော်ရဲဘက်စိတ်နဲ့သံယောဇဉ်ကို အခြေခံပြီးအလုပ်တွေကို သူတို့ရဲ့စုပေါင်းစွမ်းအား (ကျမ်းကျင်မှု)နဲ့ ကြိုးကြိုးစားစား ဆောင်ရွက်ကြပါတယ်။ ဒီလိုနဲ့အဖွဲ့သားတိုင်းဟာ မိမိတာဝန်ယူဆောင်ရွက်ရမယ့် အလုပ်တာဝန်ကိုရော အခြားအဖွဲ့သား (မိမိရဲ့လုပ်ဖော်ကိုင်ဖက်) တွေ တာဝန်ယူဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကိုပါနားလည်သိရှိလာကြပါတယ်။

မိမိအဖွဲ့ (မိမိအသင်း) တာဝန်ယူရမယ့်လုပ်ငန်းတွေကို အတိအကျသတ်မှတ်ပြဋ္ဌာန်းပေးပါ။
အောင်မြင်တဲ့လုပ်ငန်းဌာန၊ အသင်းကြီးတွေမှာ မတူညီတဲ့စွမ်းရည်အမျိုးမျိုး ပေါင်းစပ်ပါဝင်နေပါတယ်။ အဲဒီမှာပါဝင်တဲ့ အဖွဲ့သားတစ်ဦးချင်းက သူတို့တာဝန်ယူလုပ်ဆောင်နေတဲ့လုပ်ငန်းမှာ မတူညီတဲ့အရည်အသွေးတစ်မျိုးစီနဲ့ ပါဝင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အဲဒီမတူညီတဲ့စွမ်းရည်တွေကို အချိုးညီညီပေါင်းစပ်နိုင်တဲ့မန်နေဂျာတစ်ယောက်ဟာ တကယ့်အောင်မြင်မှုကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းဌာန၊ အသင်းရဲ့ကိုယ်ပိုင်စွမ်းအားစုတစ်ရပ်ကို ဖန်တီးနိုင်ပါတယ်။
အသင်းတစ်သင်း၊ ဌာနတစ်ခုအတွင်းမှာ အဲဒီလို မတူညီတဲ့အရည်အသွေးတွေ ပေါ်ထွက်လာနိုင်ကြောင်းကို သိရှိနားလည်တဲ့ပုဂ္ဂိုလ်တွေထဲက ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာမဲရဒစ်သ်ဘယ်လ်ဘင်က သူ့ရဲ့သုတေသနပြုလုပ်ချက်အရ အသင်းတစ်သင်းမှာ ပါဝင်သူတွေဟာ လူအမျိုးအစား (ဝန်ထမ်းအမျိုးအစား) ကိုးမျိုးရှိတယ်လို့ ဆိုပါတယ်။

–         လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်တတ်သူ(Implementer) 
သူတို့ဟာ အသင်းတစ်သင်းရဲ့ လက်တွေ့ကျကျ စည်းရုံးရေးသမားတွေ ဖြစ်ပါတယ်။

–         ညှိနှိုင်းဆောင်ရွက်တတ်သူ (Coordinator)  
သူတို့ဟာ တရားဝင်ခန့်အပ်ထားတဲ့ဦးဆောင်သူ (တာဝန်ခံ)တွေ မဟုတ်တဲ့တိုင် အသင်းတစ်သင်းမှာအလိုအလျောက် ဖြစ်ပေါ်တဲ့ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

–         ပုံဖော်သူ (Shaper) 
အသင်းတစ်သင်းမှာအဓိကလှုပ်ရှား ဆောင်ရွက်သူဖြစ်ပြီး များသောအားဖြင့် ဦးဆောင်သူ (တာဝန်ခံ) အဖြစ် တရားဝင်ခန့်အပ်ထားသူ ဖြစ်တတ်ပါတယ်။

–         အမာခံအဖြစ် မှုပ်နှံထားသူ (Plant)  
အသင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းမှန်သမျကို ကြံစည်တွေးတောဖော် ထုတ်တတ်သူ၊ ပင်ကိုအားဖြင့် အတွေးအခေါ်ကောင်းသူ ဖြစ်ပါတယ်။

–         ကြံရည်ဖန်ရည်ကောင်းသူ၊ ဒါမှမဟုတ် လိုအပ်တဲ့ အကူအညီ (လူ၊ ပစ္စည်း)ကို စုံစမ်းရှာဖွေတတ်သူ (Resource Investigator) 
အသင်းရဲ့ဆက်ဆံရေး၊ တာဝန်ခံဖြစ်ပြီး ပြင်ပမှာရှိတဲ့စွမ်းအားအရင်းအမြစ်၊ အကူအညီတွေနဲ့ အဆက်အသွယ်ကောင်းရှိသူဖြစ်ပါ တယ်။

–         လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်စစ်ဆေးသူ၊ အကဲဖြတ်သူ (Monitor, Evaluator) အသင်း၊ အလုပ်ဌာနရဲ့ တရားသူကြီးလို လုပ်ဆောင်တတ်ပြီး များသော အားဖြင့် လုပ်ငန်းဆောင်ရွက်မှုတွေမှာ ကိုယ်တိုင်ပါဝင်မှု မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေကို စောင့်ကြည့်အကဲဖြတ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပေး သူဖြစ်ပါတယ်။

–         ပူးပေါင်းဆောင်ရွက်တတ်သူ (Team Worker)  
အသင်းတစ်ခုလုံး ပြေပြေပြစ်ပြစ်နဲ့ သဟဇာတဖြစ်အောင်ပေါင်းစည်းပေးတတ်သူဖြစ်ပြီး ကျန်တဲ့ဝန်ထမ်းတွေ က သူ့ကို အသင်းရဲ့ ‘ကော်ဘူး’ လို့ခေါ်ကြပါတယ်။

–         အလုပ်ကို လက်စသတ်သူ၊ ဒါမှမဟုတ် အပြီးသတ်တဲ့အထိ လုပ်ဆောင်တတ်သူ  (Completer/ Finisher) 
အသင်းရဲ့လုပ်ငန်းစစ်ဆေးသူဖြစ်ပြီး သူ့သဘောနဲ့ သူလုပ်ငန်းပြီးဆုံးရမယ့်ရက်နဲ့ လုပ်ငန်းအသေးစိတ်ကို လိုက်လံကြပ်မတ်ဆောင်ရွက်သူဖြစ်ပါတယ်။

–         အထူးကျွမ်းကျင်သူ (Specialist) 
အသင်းရဲ့အမာခံကျွမ်းကျင်ပညာရှင်ဖြစ်ပြီး လိုအပ်တဲ့အသိပညာ၊ ဗဟုသုတနဲ့ နည်းပbusiness team copy ပညာတွေကို ပေးအပ်သူဖြစ်ပါတယ်။
အသင်းတစ်သင်း၊ ဌာနတစ်ခုမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ မတူညီတဲ့စွမ်းရည်တွေကို ဖော်ပြတဲ့ အခြားသော သဘောတရားနဲ့ အယူအဆတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်လ်ဆင်ရဲ့အယူအဆကို လှမ်းမိုးနိုင်မှုမရှိကြပါဘူး။ ဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းတာဝန်နှစ်ခု၊ သုံးခုလောက် ထမ်းဆောင်နိုင်တာမျိုးလည်း ရှိပါတယ်။ နမူနာအနေနဲ့ပြောရရင် လုပ်ငန်းတစ်ခုကို အသေးစိတ် လိုက်လံဆောင်ရွက်တတ်တဲ့အရည်အချင်း (စွမ်းရည်) ရှိသူတစ်ယောက်ဟာ အလုပ်တစ်ခုကို တာဝန်ခံပြီး အောင်မြင်ပြီးမြောက်တဲ့အထိ စွမ်းဆောင်နိုင်သူမျိုး ဖြစ်တတ်ပါတယ်။
ကျမ်းကျင်လိမ္မာတဲ့ မန်နေဂျာတစ်ယောက်ဟာ သူ့လုပ်ငန်းဌာန/ အသင်းက အဖွဲ့သားတွေ ရဲ့ကျမ်းကျင်မှု (အရည်အသွေး) တွေကို လေ့လာအကဲဖြတ်ပြီး ဟာကွက်၊ လွတ်ကွက်ရှိ၊ မရှိ သေသေ ချာချာ ကြည့်ရှုလေ့ရှိပါတယ်။ အဲဒီဟာကွက်၊ လွတ်ကွက်တွေဟာ များသောအားဖြင့် မိမိဌာန/ အသင်းက အဖွဲ့သားတွေထဲမှာ လောလောဆယ် မရှိသေးတဲ့ ကျမ်းကျင်မှုမျိုး ဖြစ်တတ်ပါတယ်။ မန်နေဂျာအနေနဲ့ အဲဒီလိုအပ်ချက်ကို တွေ့ပြီဆိုရင် အဲဒီကွက်လပ်ကို ဘယ်လိုဖြည့်မလဲဆိုတာ အလေးအနက် စဥ်းစားရပါတယ်။ နမူနာအနေနဲ့ပြောရရင် ကျန်တော်တို့ဌာနမှာ စိတ်ကူးစိတ်သန်း (အတွေးအခေါ်) ကောင်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ကူးစိတ်သန်းတွေဟာ တကယ်တမ်းဖြစ်နိုင်ခြေရှိ၊ မရှိဆိုတာနဲ့ ဘယ်လိုအားနည်းချက်မျိုးရှိသလဲဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ (အရှိကို အရှိအတိုင်း) မှန်မှန် ကန်ကန် မြင်တတ်သူ မရှိဘူး ဆိုပါတော့။ အဲဒီတာဝန်ကို ကျန်တော် ယူရမလား။ ဒါမှမဟုတ် အဲဒီလို အရည်အသွေးရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေပြီး အလုပ်ခန့်ထားရမလားဆိုတာ ဆုံးဖြတ်ရပါမယ်။

သီချင်းတစ်ပုဒ်ရဲ့သံစဥ်တစ်ခုတည်းကို အဖွဲ့သားအားလုံးက ဝိုင်းပြီး သီဆိုနေရင် သံစဥ်ကွဲတွေနဲ့ လိုက်ဖက်အောင်သီဆိုပေးတဲ့ သာယာနာပျော်ဖွယ်အသံမျိုး (Harmony) ကို ခင်ဗျားကြားရမှာ မဟုတ်ဘူး။

တစ်မိနစ်စဥ်းစားခန်းဝင်ခြင်း ။   ။ ခင်ဗျားကိုယ်တိုင် ပါဝင်ခဲ့တဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း၊ ဌာနတစ်ခုအကြောင်းကို ပြန်ပြီးစဥ်းစားကြည့်ပါ။ အဲဒီအသင်း မှာပါဝင်တဲ့အဖွဲ့သားတွေရဲ့ အရည်အသွေး (ကျမ်းကျင်မှု) ဘယ်လောက်အထိ အမျိုးအစားစုံလင်ပါသလဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ဝန်ထမ်း အမျိုးအစား ကိုးမျိုးကိုကြည့်ပြီး ခင်ဗျားဟာ ဘယ်လိုတာဝန်မျိုး ထမ်းဆောင်ခဲ့သလဲဆိုတာ စဥ်းစားကြည့်ပါ။ တစ်ချိန်တည်းမှာ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုတာဝန် အမျိုးအစားတွေ ထမ်းဆောင်ခဲ့သလဲဆိုတာကိုလည်း ပြန်ပြီး စဥ်းစားကြည့်ပါ။

အသင်းတစ်သင်း၊ ဌာနတစ်ခုမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ မတူညီတဲ့ကျမ်းကျင်မှု (အရည်အသွေး) တွေ ပိုပြီး အားကောင်းလေလေ၊ အဲဒီအသင်း/ ဌာနရဲ့စွမ်းဆောင်နိုင်မှုက ပိုပြီးမြင့်မားလေလေ ဖြစ်ပါတယ်။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again