Strategic Human Resource Management (SHRM) ဆိုတာဘာလဲ

Strategic Human Resource Management (SHRM) ဆိုတာဘာလဲ
Strategic Human Resource Management (SHRM) ဆိုတာဘာလဲ၊ လုပ်ငန်းတွေမှာ ဘာကြောင့် SHRM ကို လိုအပ်သလဲဆိုတာနဲ့ အတွေ့ရများတဲ့ SHRM Model တွေကိုလည်း ပြောပြပေးပါ

Strategic HR Management ဆိုတာ HR Strategy နဲ့ Business Strategy နဲ့ Integrate လုပ် ပေါင်းစပ်ပြီးတော့ Business ရဲ့ Goal ကို ပြည့်မီအောင်သွားတဲ့နည်းလမ်းကို Strategic HR Management လို့ ခေါ်ပါတယ်။ Business Strategy ဆိုတဲ့ကိစ္စမှာ Business က Future မှာ ဘယ်လို Strategy နဲ့သွားမှာလဲ။ ကိုယ့်မှာ ရှိနေတဲ့ Product တွေ၊ Service တွေကို သူများနဲ့မတူအောင် လုပ်ပြီးသွားတဲ့ Differentiate နည်းလမ်းနဲ့ သွားမှာလား။ ဒါမှမဟုတ် Cost Leadership ဆိုတဲ့ ဈေးသက်သက်သာသာနဲ့ ပစ္စည်းတွေ များများထုတ်ပြီးတော့ သွားတဲ့နည်းလမ်းနဲ့ သွားမှာလား။ အဲဒီ Business သွားချင်တဲ့နည်းလမ်းနဲ့ Strategy ကိုမှ HR ကနေ HR Strategy နဲ့လိုက်လုပ်ပေးမှာပါ။ HR Strategy ဆိုတဲ့နေရာမှာ ဘာတွေပါသွားလဲဆိုရင် ဥပမာ Business Strategy လို့ပြောရင် Differentiate နဲ့သွားမယ်၊ သူ့ရဲ့ Product နဲ့ Service တွေက သူများနဲ့မတူတဲ့နည်းလမ်းတွေနဲ့သွားမယ်ဆိုရင် မတူတဲ့နည်းလမ်း၊ ပိုမိုကောင်းမွန်တဲ့ Service တွေနဲ့ သွားမယ်လို့ ပြောပါတယ်။ အဲဒီလို ပိုမိုကောင်းမွန်တဲ့ Product ၊ Service တွေနဲ့သွားမယ်ဆိုရင် HR အနေနဲ့ကလည်း Quality အပြည့်အဝရှိတဲ့၊ Quality ကောင်းတဲ့ဝန်ထမ်းတွေကို ရှာဖွေပြီး ခန့်ရတော့မယ်။

အဲဒီဝန်ထမ်းတွေကလည်း Challenge တွေအတွက်ကိုလည်း Ready ဖြစ်နေမယ်။ Challenge တွေကို မကြောက်တဲ့လူမျိုးတွေဖြစ်နေမယ်။ Creative Thinking တွေရှိတဲ့သူမျိုးတွေဖြစ်နေဖို့လိုမယ်။ Future မှာ Change တွေရှိတယ်ဆိုရင်လည်း Change ပေါ်မှာ Adapt လုပ်ရဲတဲ့သူ၊ ရင်ဆိုင်ရဲတဲ့သူ၊ ရင်ဆိုင်ဖို့ အသင့်ရှိနေတဲ့သူမျိုးတွေကို HR ကနေ ခန့်ပေးရတော့မယ်။ ရှာပေးရတော့မယ်။

ဝန်ထမ်းတွေ ခန့်တဲ့နေရာမှာလည်း အရည်အချင်းတွေနဲ့ပြည့်စုံပြီးသားလူတွေရှိသလို Potential ရှိတဲ့ လူတွေလည်း ပါလာမယ်။ Potential ရှိတဲ့သူတွေဆိုလည်း Organization က လိုအပ်တဲ့ အရည်အချင်းတွေ ရှိလာအောင် Strategy နဲ့ HR Professional တွေက လုပ်ယူမယ်။ အဲဒီလိုလုပ်ယူတာက HR Strategy ဖြစ်သွားပါမယ်။ ဒါကြောင့် Business က သွားချင်တဲ့ Goal ကို Business Strategy နဲ့ HR ရဲ့ Strategy နဲ့ပေါင်းစပ်ပြီးတော့ လုပ်ကိုင်တာက Strategic HR Management ဖြစ်လာပါတယ်။

HR Strategy တွေမှာ ဘာကြောင့်လိုအပ်ပါသလဲ

Organization တွေမှာ HR Strategy တွေ ဘာကြောင့်လိုအပ်သလဲဆိုရင် Organization မှာတော့ Business Strategy က ရှိမှာပဲ။ အဲဒီတော့ရှိနေတဲ့ Business Strategy နဲ့ HR Strategy နဲ့ ပေါင်းလိုက်ပြီဆိုရင် HR ရဲ့ Function တွေက ပိုပြီးတော့ Effective ဖြစ်လာပါတယ်။ HR Function တွေ Effective ဖြစ်လာပြီဆိုရင် ဝန်ထမ်းတွေမှာ Competence တွေ Commitment တွေ Engagement တွေ ပိုရှိလာမယ်။ Flexible ပိုပြီးတော့ ဖြစ်လာမယ်။

ဝန်ထမ်းတွေက Competence နဲ့ Commitment တွေရှိလာတယ်။ Engagement တွေရှိလာတယ်။ Flexible လည်း ပိုဖြစ်လာကြတယ်ဆိုရင် သူတို့ဆောင်ရွက်တဲ့ ကုန်ပစ္စည်းနဲ့ ဆောင်ရွက်မှုတွေ (Goods and Services) တွေ ပိုကောင်းလာမယ်။ Productivity တွေ ပိုတက်လာမယ်။ ဒါတွေ ပိုကောင်းလာပြီဆိုရင် Financial Performance တွေက ပိုကောင်းလာပါမယ်။ အဲဒီတော့ Organization တွေအနေနဲ့ HR Strategy ရှိခြင်းအားဖြင့် နောက်ဆုံးရလဒ်အနေနဲ့ Financial Performance တွေ ပိုကောင်းလာဖို့ရှိတဲ့အတွက် Strategic HR က လိုအပ်ပါတယ်။

SHRM Model တွေထဲက အတွေ့ရများတဲ့ ပုံစံတစ်ချို့

Strategic HR Model တွေကတော့ အများကြီးရှိပါတယ်။ အသုံးများတာတွေဆိုရင်တော့ High Performance Management Model ရှိတယ်။ High Commitment Management Model ရှိတယ်။ High Involvement Management Model ရှိတယ်။

တချို့ Organization တွေက သူ့မှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ Performance တွေကို ဒီထက်ပိုပြီးတော့ မြှင့်တင်ချင်တယ်ဆိုရင် High Performance Management Model ကို သုံးပါတယ်။ ဒီ Model အရ ဝန်ထမ်းတွေကို စခန့်တဲ့ Recruitment and Selection တွေမှာ၊ Training တွေမှာ သူတို့အတွက် လိုအပ်တဲ့ Criteria တွေ ၊ System တွေကို ပိုကောင်းအောင်ဂရုစိုက်ပြန်ပြင်တယ်။ JD တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြန်လုပ်တယ်။ ဒါဆိုရင် ဝန်ထမ်းတွေက စပြီးတော့ ဝင်လာကတည်းကိုက Qualify ဖြစ်တဲ့ ဝန်ထမ်းတွေ၊ Performance ကောင်းတဲ့ဝန်ထမ်းတွေ ရလာတယ်။ Training တွေ ပေးပြီးသွားရင်လည်း Performance တွေ ပိုကောင်းလာတယ်။ နောက်ပြီး Performance Appraisal စနစ်တွေ ကောင်းကောင်းလုပ်တယ်။ လုပ်ပြီးရင် Appraisal နဲ့ချိတ်ပြီးတော့မှ Reward System တွေ၊ Promotion ပေးတာတွေ၊ Increment ပေးတာတွေစတဲ့ Recognition System တွေကိုလည်း ပြန်ပြီးတော့ ပိုကောင်းအောင်လုပ်တယ်။ ဒီအတွက်ဝန်ထမ်းတွေ Motivate ဖြစ်ပြီး Performance တွေ တက်လာတယ်။ Performance ကတော့ ကောင်းတယ်။ ဒါပေမဲ့ Commitment အားနည်းနေတယ်။ Commitment တွေ ပိုပြီးတော့မြှင့်တင်ချင်တယ်။ ဝန်ထမ်းတွေရဲ့ စိတ်ရောကိုယ်ပါ လုပ်ဆောင်ချင်စိတ်တွေကို ဒီထက်ပိုပြီးတော့ မြှင့်တင်ချင်တယ်ဆိုရင် High Commitment Management Model ကို သုံးလေ့ရှိပါတယ်။

ဝန်ထမ်းတွေရဲ့ ပါဝင်ဆောင်ရွက်မှု၊ Employee တွေနဲ့ Employer တွေကြားထဲမှာ Employee တွေက သီးသန့်ကြီးသက်သက်ဖြစ်မနေဘဲနဲ့ သူတို့ကလည်း ပါဝင်ဆောင်ရွက်တဲ့ကဏ္ဍတွေကို ဒီထက်ပိုပြီး များများဖြစ်စေချင်တယ်ဆိုရင်၊ အဲဒီလိုပါဝင်ခြင်းအားဖြင့် ဝန်ထမ်းတွေကို Partnership Mindset ရှိလာစေချင်တယ်ဆိုရင် High Involvment Management Model ကို သုံးလေ့ရှိပါတယ်။

ဒါအပြင် အတွေ့ရများတာတွေကတော့ Best Fit တို့၊ Best Practice တို့စတဲ့ Model တွေက တွေ့ရများပါတယ်။ Best Fit ဆိုတာကတော့ ကိုယ့် Organization နဲ့ လိုက်ဖက်တဲ့ System တွေကို ရေးဆွဲတယ်။ ကိုယ့် Organization နဲ့ ကွက်တိဖြစ်နေတဲ့ Model တွေ ရေးဆွဲပြီး အဲဒါကို အသုံးပြုတာပါ။ တစ်ခါတလေကျရင်တော့ Best Practice ဆိုတာ သုံးတတ်ကြပါတယ်။ Best Practice က ကျတော့ သူများအသုံးပြုလို့အောင်မြင်တဲ့ Model တွေကို ကိုယ့်အဖွဲ့အစည်းမှာ အသုံးပြုလည်း အောင်မြင်မှာပါဆိုတဲ့ အတွေးနဲ့ အသုံးပြုတာကို Best Practice လို့ ခေါ်ပါတယ်။ မြင်သာအောင်ပြောမယ်ဆိုရင် Best Fit က ကိုယ်နဲ့ ကွက်တိတိုင်းချုပ်ထားတဲ့အကျႌတစ်ထည်ကို ဝတ်လိုက်တာနဲ့တူတယ်။ Best Practice ကကျတော့ Ready Made အကျႌတစ်ထည်ကို ဝယ်ဝတ်လိုက်တာနဲ့တူတယ်။ အဲဒီအတွက် ကိုယ့် Organization အတွက်က Fit ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ နည်းနည်းချောင်တာတွေ၊ ကျပ်တာတွေ၊ လျော့တာတွေလည်းရှိနိုင်တယ်။ အဲဒီအတွက်တော့ နည်းနည်းပြန်ပြင်ရတာတွေလည်းရှိမယ်။ ကွက်တိလည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ကိုယ့် Organization နဲ့ လိုက်ဖက်မယ့် Model ကို သေချာ Analyse လုပ်ပြီးမှ ရွေးချယ်ဆောင်ရွက်သင့်တယ်။ ရွေးချယ်ပြီးရင်လည်း Monitoring လုပ်တာ၊ Evaluation လုပ်တာတွေလည်း ထပ်ချပ်ရှိသင့်ပါတယ်။

ဒေါက်တာတင်မမစိုး - HR Consultant cum MD, Billion Force Services Co Ltd
Via: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again