ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀)ခု

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀)ခု
မလွယ်ပေမယ့် ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေး တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။

၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။

ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာတာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာ သန်းချီပြီးရဖို့ လို့ ဖြေမှာမဟုတ်ပါဘူး။တကယ့်အကြောင်းရင်း အစစ်အမှန်က သူတို့အားလုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကိုလက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင် ချမ်းသာလာခဲ့ကြတာ ဖြစ်ပါတယ်။

၂။ သက်သာဖို့ မစဉ်းစားပါနဲ့

ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့ တွေးပြီး နားနေဖို့ အချိန်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်ဝပြီး ဝင်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။

၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ

သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင် အောင်မြင်မှုကို အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

၄။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ

အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင် လဲပြိုကျသွားရင်တော့ ဘာမှအဖတ်ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ ဖြစ်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ

စာဖတ်တာကို ဘယ်တော့မှ မရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက် ရှေ့ရောက်နေဖို့ လိုပါတယ်။

၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ

အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေးဝ,ဝအိပ်စက်ပါ။

၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ဝန်းရံထားပါ

သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ခြင်း တူညီသူတွေနဲ့ ဝန်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှ အောင်မြင်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ဝန်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို ရှောင်ပါ။

၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို ဂရုစိုက်ပါ

စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်းကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ

လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်းရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်ကသင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့အရေးကြီးပါတယ်။

၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ

လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘဝမှာ လိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှသင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Credit: AungSoeWin

Comments


နန်းမြတ်မြတ်ဖွေး
နန်းမြတ်မြတ်ဖွေး
30 Sep 2021 07:49 AM
ကိုယ့်လက်လှုပ်ရှားမှု လုပ်ဆောင်နေနိုင်သရွေ့ ကိုယ့်ဘဝအတွက် ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့ ။ကိုယ်ယုံကြည်ထားတဲ့အတိုင် မှန်ကန်စွာ လုပ်ဆောင်နေပါ။
Myo Min Naing
Myo Min Naing
04 Aug 2023 08:22 AM
စိတ်ဓာတ်ကျနေချိန်တွေနဲ့လမ်းပျောက်နေတဲ့အခါတွေမှာ ကျနော်စာဖတ်လိုက်တယ်။ခွန်အားတြွေဖစ်တယ်။နေ့တိုင်းလည်းသာပုံမှန်ဖတ်ဖို့အကျင့်ြဖစ်လာတယ်။ဆက်ြပီးစာပေတွေကိုဖတ်သွားပါမည်။

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again