လုပ်ငန်းသစ်တစ်ခုစတင်လုပ်ရာမှာ ထားရှိဖို့လိုအပ်တဲ့သဘောထားနဲ့ ခံယူချက်တွေ

လုပ်ငန်းသစ်တစ်ခုစတင်လုပ်ရာမှာ ထားရှိဖို့လိုအပ်တဲ့သဘောထားနဲ့ ခံယူချက်တွေ
ကုမ္ပဏီတစ်ခုတည်ထောင်နေစဉ်မှာ အရည်အချင်းတွေ၊ အကြံကောင်းတွေနဲ့ တီထွင်ကြံဆနိုင်စွမ်းတွေရှိဖို့ လိုအပ်သလို သဘောထားနဲ့ ခံယူချက်တွေကလည်း အရေးကြီးတဲ့အရာတွေပဲ ဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုတည်ထောင်ရတာက စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရပါ တအားအားစိုက်ရပါတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ်နဲ့ ကြံ့ကြံ့ခိုင်နိုင်တဲ့ဆန္ဒရှိရင် လုပ်ငန်းစလုပ်တဲ့အချိန်မှာ ဘယ်လိုအကောင်းအဆိုးတွေနဲ့ ကြုံတွေ့ရပါစေ ကောင်းကောင်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

သက်သောင့်သက်သာဘဝမှ ရုန်းထွက်ပါ

လုပ်ငန်းတစ်ခုစတင်တယ်ဆိုတာက စိတ်အားပျော့တဲ့သူတွေအတွက် မဟုတ်ပါဘူး။ ကြီးမားတဲ့အတားအဆီးတွေက ရှိနေမှာပါ။ ငွေရေးကြေးရေးပိုင်းအရ စိတ်ဖိစီးရတာတွေလည်းရှိမယ်။ အားလုံးအဆင်ပြေနေပြီလို့ တွေးနေစဉ်မှာပဲ အဲဒါတွေအားလုံးက ပျက်စီးသွားနိုင်ပါတယ်။

လုပ်ငန်းတစ်ခုစလုပ်ပြီဆိုတာနဲ့ လုပ်ငန်းရဲ့ Website တည်ထောင်ဖို့နဲ့ ဝယ်ယူသူတွေကို ကိုယ့်လုပ်ငန်းဆီကို ရောက်လာဖို့အတွက် အားလုံးကို လက်တွေ့ကျကျ လုပ်ဆောင်ဖို့လိုအပ်ပါလိမ့်မယ်။ လုပ်ငန်းစတင်ကာစမှာ စိတ်အားတက်ကြွမှုတွေရှိနိုင်ပေမယ့် နောက်ပိုင်းမှာ ရုပ်ပိုင်း၊စိတ်ပိုင်းနဲ့စိတ်ခံစားချက်ဆိုင်ရာ ပင်ပန်းမှုတွေကို ခံစားလာရနိုင်ပါတယ်။ လုပ်ငန်းလုပ်နေစဉ်တစ်လျှောက်မှာ ဒီလိုမျိုးက တောက်လျှောက်ဖြစ်နေမှာပါ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင် အမြဲတမ်းကြံဆနေရမှာဖြစ်ပါတယ်။

ကျရှုံးခြင်းကို တုံ့ပြန်ရင်ဆိုင်ခြင်းက သော့ချက်ဖြစ်တယ်

ကျရှုံးမှုကို ဘယ်လိုတုံ့ပြန်လဲပေါ်မူတည်ပြီး လူတော်တော်များများက လုပ်ငန်းမှာ အရှုံးတွေနဲ့ ရင်ဆိုင်ရပါတယ်။ တကယ်လို့ ကိုယ်သွားနေတဲ့ လမ်းကြောင်းပေါ်မှာ တစ်စုံတရာဖြစ်လာပြီဆိုရင် လူတွေက စိတ်ဓာတ်ကျသွားပြီး လုပ်ငန်းကို လက်လျှော့ပစ်တတ်ကြပါတယ်။ ကျရှုံးခြင်းက အလုံးစုံဆုံးရှုံးမှုမဟုတ်ပါဘူး။ ဒါက လုပ်ငန်းကို ပိုပြီးကောင်းမွန်အောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ The Last Jedi ထဲက Yoda ရဲ့ စကားအရဆိုရင် ကျရှုံးခြင်းဆိုတာအ ကောင်းဆုံးဆရာဖြစ်ပါတယ်။ အောင်မြင်နေတဲ့ စွန့်ဦးတီထွင်သူတော်တာ်များများက ဒါကိုလက်တွေ့ကျင့်သုံးပါတယ်။

Bill Gates က Traf-O-Data ကို တည်ထောင်ခဲ့ပြီး လုံးဝအရှုံးပေါ်ခဲ့ပါတယ်။ Milton Hershey ဆိုရင်လည်း သူ့ရဲ့အဦးဆုံးသကြားလုံးနဲ့ဆိုင်တဲ့ လုပ်ငန်းသုံးခုလုံးမှာလည်း အရှုံးတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အစောပိုင်းကာလ ကျရှုံးမှုတွေက သူတို့ကို သူတို့ရဲ့အိပ်မက်တွေဆီကနေ ကွာဝေးသွားအောင်မလုပ်နိုင်ပါဘူး။ Walt Disney ကုမ္ပဏီ၊ Microsoft Corporation နဲ့ The Hershey ကုမ္ပဏီတွေက အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ဆန္ဒပြင်းပြမှုတွေရဲ့ စွမ်းအားတွေရဲ့ ပြယုဂ်တွေပဲဖြစ်ပါတယ်။

ကိုယ်လုပ်တဲ့အလုပ်အပေါ် စိတ်အားထက်သန်မှုရှိ

စိတ်အားထက်သန်မှုဆိုတာ သင်ယူလို့မရပါဘူး။ အဲဒီအရာက စိတ်ထဲကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ဘာလုပ်ငန်းပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ကို ကြိုက်နှစ်သက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စိတ်အားထက်သန်မှုသာ ရှိမယ်ဆိုရင် ဘယ်လိုအခြေအနေ၊ လူပုဂ္ဂိုလ်တွေနဲ့မဆို ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။

ကျရှုံးမှုအပေါ် ကြောက်ရွံ့မှုမရှိပါစေနဲ့

ကိုယ့်ဆီမှာ ကောင်းမွန်တဲ့စီးပွားရေး Plan တွေရှိနိုင်တယ်၊ တစ်ရက်ကို ၁၆ နာရီ အလုပ်လုပ်နိုင်တယ်၊ လုပ်ငန်းတစ်ခုကို စတင်ဖို့ အရင်းအနှီးကလည်း လိုအပ်တာထက် ပိုရှိချင်ရှိနေနိုင်တယ်။ ဒါပေမဲ့ ကျရှုံးမှာကို ကြောက်နေမယ်ဆိုရင် အဲဒါက အလုပ်မဖြစ်ပါဘူး။

ကျရှုံးမှုဆိုတာက အပျက်သဘော ဆောင်ကောင်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကို ကြောက်ရွံ့တာက ပိုဆိုးရွားပါတယ်။ ကျရှုံးမှုကို ကြောက်ရွံ့နေမယ်ဆိုရင်တော့ ဘာမှအောင်မြင်မှုရရှိမှာ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ် ကျရှုံးခြင်းက ဘာမှစမလုပ်ရသေးတဲ့သူတွေနဲ့ယှဉ်ရင် ကိုယ့်ကို ပိုပြီးကြံ့ခိုင်စေပါတယ်။

အလုပ်တစ်ခုစတင်ရင် စိုးရိမ်ပူပန်ရတာက ပုံမှန်ပါ။ ဒါပေမဲ့ အဲဒီစိုးရိမ်ပူပန်တာမျိုးကို ခွင့်မပြုသင့်ပါဘူး။ ကိုယ့်ရဲ့ကုမ္ပဏီကို ကိုယ်ယုံကြည်ပါ။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ။ ယုံကြည်မှုဆိုတာက ကူးစက်တတ်ပါတယ်။ ဝန်ထမ်းတွေ၊ ဖောက်သည်တွေနဲ့ ရင်းနှီးမြှပ်နှံသူတွေက ကိုယ့်မှာယုံကြည်ချက်ရှိတာကို တွေ့မြင်ခံစားနိုင်မယ်ဆိုရင် ကိုယ့်ကုမ္ပဏီကိုလည်း ယုံကြည်ကြမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အပြုသဘောဆောင်တဲ့ အားတွေက အောင်မြင်မှုကို ရစေမှာဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံယူချက် သဘောထားထဲမှာရှိတယ်

ဘယ်အရာတွေက ဘယ်လောက်ထိခက်ခဲ၊ ခဲယဉ်းပါစေ ကြိုးစားဖြတ်ကျော်ဖို့အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပါ။ လိုအပ်တဲ့စွမ်းရည်တွေသင်ယူဖို့၊ လိုအပ်တဲ့သူတွေနဲ့တွေ့ဆုံဖို့၊ ဖုန်းဆက်ခေါ်ဖို့ လိုအပ်တဲ့သူတွေကို ဖုန်းခေါ်ဖို့တွေ လုပ်ပေးရပါမယ်။ ဘယ်အရာပဲလုပ်လုပ် ဘယ်တော့မှ အရှုံးမပေးပါနဲ့။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again