ဆာဗာတွေ ဟက်ခံခဲ့ရပေမယ့်လည်း အချက်အလက် ပေါက်ကြားမှုမရှိကြောင်း Apple ထုတ်ပြန်

ဆာဗာတွေ ဟက်ခံခဲ့ရပေမယ့်လည်း အချက်အလက် ပေါက်ကြားမှုမရှိကြောင်း Apple ထုတ်ပြန်
သြစတြေးလျ ဆယ်ကျော်သက် အထက်တန်းကျောင်းသားတစ်ယောက်ဟာ Apple ဆာဗာတွေကို ဟက်ပြီး အချက်အလက် 90 GB ကို download လုပ်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် အဆိုပါဖြစ်ရပ်ကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေနဲ့ ထိန်းချုပ်ခံရမှုတွေ မရှိကြောင်း Apple က ထုတ်ပြန်ချက်တစ်စောင်နဲ့ အတည်ပြုခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် သြစတြေးလျနိုင်ငံသားဟာ အဓိကကျတဲ့ Apple ဆာဗာတစ်ခုကို တစ်နှစ်ပတ်လုံး ကြိမ်ဖန်များစွာ ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ထားတဲ့ ကုမ္ပဏီဖိုင် gigabyte ပေါင်းများစွာကို ရယူကာ ‘hacky hacky hack’ လို့ အမည်ပေးထားတဲ့ folder တစ်ခုမှာ သိမ်းဆည်းခဲ့ပါတယ်။

Apple က အဲ့ဒီလို အခွင့်မရှိဘဲ ဝင်ရောက်သုံးစွဲနေမှုကို သတိပြုမိခဲ့တဲ့နောက် ရှာဖွေမှုပြုလုပ်ဖို့ FBI ကို အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီနောက် FBI က အဆိုပါအမှုကို သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပါတယ်။

“အခွင့်မရှိဘဲ အချက်အလက်တွေကို ရယူစုဆောင်းနေတာတွေကို ကုမ္ပဏီရဲ့ အချက်အလက်လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့တဲ့နောက် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်းမှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထိန်းချုပ်ခံရမှုမရှိကြောင်း ကျွန်တော်တို့ အခိုင်အမာ ပြောကြားလိုပါတယ်” လို့ Apple ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Apple ဆာဗာတွေကို ဟက်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကိုတော့ နောက်လမှာ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ သိရပါတယ်။

Credit: Internet Journal

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ