Business တစ်ခုအတွက် New Customer နှင့် Existing Customer ဘယ်အရာက ပိုအရေးကြီး သလဲ

Business တစ်ခုအတွက် New Customer နှင့် Existing Customer ဘယ်အရာက ပိုအရေးကြီး သလဲ

Business တစ်ခုအတွက် New Customer နှင့် Existing Customer ဘယ်အရာက ပိုအရေးကြီး သလဲ?
Business တစ်ခုအတွက် Customer က အဓိက အရေးကြီးဆုံးပါပဲ။ တချို့ဆို "Customer is God" ဒီလိုတောင် တင်စားထားပါသည်။
New Customer နဲ့ Existing Customer ဘယ်အရာက ပို့အရေးကြီးလဲဆိုတော့ ၂ ခုလုံးကတော့ အရေးကြီးပါတယ်။ တစ်ခုကို ရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ Existing Customer ကိုရွေးချယ် ပါမည်။ ဘာလို့လဲဆိုတော့...
ကျွန်တော်မှာ coffee shop လေးတစ်ဆိုင် ရှိတယ်ဆိုပါတော့။ ကျွန်တော့်ရဲ့ target market က focus ကို ဦးတည်ထားသည်။
New Customer ရဖို့အတွက် လိုအပ်တာက Advertising ပါ။ New Customer က သူမသောက်ဖူးသေးတဲ့ Coffee ဆိုင်တစ်ခုမှာ စမ်းသောက်ကြည့်ချင်တဲ့အခါ သင့်ရဲ့ Coffee shop ကို ရောက်လာနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ change ကို လုပ်ကြည့်ချင်တာရယ်၊ သူ့အတွက် စွဲစွဲမြဲမြဲဖြစ်တဲ့ brand တစ်ခုမရှိသေးတာရယ်ကြောင့်ပါပဲ။
ဒီလိုနည်းလမ်းတွေနဲ့ New Customer တွေက သင့်ဆီကို ရောက်လာကြတာပါ။
Existing Customer က ဘာကြောင့်ပိုပြီး အရေးကြီးသလဲ ဆိုရင်...
နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ ကိုယ့်ဆိုင်မှာ coffee တစ်ခါသောက်ဖူးပြီးရင် သူ တခြား coffee shop မှာ ဘယ်တော့မှ မသောက်ဖြစ်ပဲ ကိုယ့်ဆိုင်မှာပဲ အမြဲသောက်ချင်စိတ်ဖြစ်နေတာပါပဲ။
အဲ့လိုဖြစ်နေဖို့ လွယ်တယ်လို့ထင်ရင်တော့ သင်မှားပြီပေါ့။ Quality & Service က သူများဆိုင်ထက် သာနေရမယ်။ Customer ရဲ့ need and want ကို ကြိုသိနေရမယ်။
ဒီလောက်ဆိုရင်တော့ Existing Customer ရဲ့အရေးကြီးပုံကို သိလောက်မယ်လို့ ထင်ပါတယ်။
One time customer ကို many times customer ဖြစ်အောင်လုပ်နိုင်ပြီး Existing customer ကို အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးနိုင်ကြပါစေ...

Ye Tay Zar Shein


မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ