Cloud Service ဝန်ဆောင်မှုများလုပ်ကိုင်ရန် အလီဘာဘာကုမ္ပဏီရုံးခွဲကို ရန်ကုန်မြို့တွင်ဖွင့်လှစ်

Cloud Service ဝန်ဆောင်မှုများလုပ်ကိုင်ရန် အလီဘာဘာကုမ္ပဏီရုံးခွဲကို ရန်ကုန်မြို့တွင်ဖွင့်လှစ်
တရုတ်နိုင်ငံအခြေစိုက် အလီဘာဘာ နိုင်ငံပေါင်းစုံလုပ်ငန်းအင်အားစု ကုမ္ပဏီအုပ်စုဟာ မြန်မာနိုင်ငံမှာ e Government ဝန်ဆောင်မှု၊ Smart City ဝန်ဆောင်မှုနဲ့ Cloud Service ဝန်ဆောင်မှုများလုပ်ကိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ခဲ့တယ်လို့ Whale Cloud နည်းပညာ ကုမ္ပဏီစီအီးအို (တောင်အာရှ) Mr.Louis Lu က ပြောပါတယ်။

e Commerce ဝန်ဆောင်မှုလုပ်ငန်းနဲ့ လူသိများပြားတဲ့ အလီဘာဘာ ကုမ္ပဏီဟာတရုတ်နိုင်ငံအခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီ ZTEsoft မှာ အစုရှယ်ယာ ၄၃ ဒသမ ၇ ရာခိုင်နှုန်းကို ကန်ဒေါ်လာသန်း ၁၉၀ ကျော်နဲ့ ၂၀၁၈ ဖေဖော်ဝါရီအတွင်း ဝယ်ယူပြီးနောက် Whale Cloud နည်းပညာကုမ္ပဏီအမည်နဲ့ Software Solution ဈေးကွက်အတွင်းကို ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

‘‘ZTEsoft က မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဝန်ဆောင်မှုပေးနေတာ ၁၀ နှစ် လောက်ရှိပြီ။ အခု Whale Cloud နည်းပညာကုမ္ပဏီအနေနဲ့ ဘဏ်လိုမျိုးငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ကြီးဌာန တွေကို e Government ဝန်ဆောင်မှု၊ Smart City ဝန်ဆောင် မှု၊ Cloud Service ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ဆွေးနွေးနေတာတွေရှိတယ်’’လို့ Mr.Louis Lu က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ Whale Cloud နည်းပညာကုမ္ပဏီရုံးခွဲကို Sule Square တွင် ၂၀၁၉ မတ်လအတွင်း အလီဘာဘာ နိုင်ငံပါင်းစုံလုပ်ငန်းအင်အားစုကုမ္ပဏီအုပ်စုက ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးပေးဖို့ စိတ်ဝင်စားနေတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

‘‘Whale Cloud က ကမ္ဘာမှာ အဆင့်(၃) နေရာမှာရှိနေတယ်ဆိုတာ အင်တာနက်မှာ ရှာကြည့်ရင်လည်း သိနိုင်ပါတယ်။ အလီဘာဘာရဲ့ Cloud ဒေတာစင်တာလည်း အာရှမှာဟောင်ကောင်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် တရုတ်မှာရှိနေတယ်’’လို့လဲပြောပါတယ်။

အလီဘာဘာဟာ ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet Group လက်အောက်ခံ Daraz ကုမ္ပဏီပိုင်ဆိုင်တဲ့ Shop.com.mm အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်ကို ၂၀၁၈ မေလအတွင်းဝယ်ယူပြီး မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်ခဲ့ပါတယ်။

Credit: Myanmar ICT Directory

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ