Entrepreneur တွေ အကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့် အချက် ၃ ချက်

Entrepreneur တွေ အကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့် အချက် ၃ ချက်

(၁) မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာအောင် မကြိုးစားခြင်း

CEO တွေ ဘာလို့ လစာတွေ မယုံနိုင်လောက်ေအာင် ကောင်းရတယ်ဆိုတာကို စဉ်းစားဖူးပါသလား၊ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့သွားစေချင်တဲ့ ရည်မှန်းချက်ကို လူပေါင်းများစွာရဲ့ အင်အားတွေကိုသုံးကာ ရရှိအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီလိုလုပ်ဖို့ အရမ်းအားထုတ်နေတာမျိုးမဟုတ်ပဲ အေးဆေးသက်သာစွာနဲ့ လုပ်နေတာဖြစ်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းတည်ဆောက်ပုံ Design ကို သေချာခိုင်မာစွာ ရေးဆွဲပြီး စီမံခန့်ခွဲမှု အလွှားများကြားချိတ်ဆက်မှုကို ကောင်းမွန်အောင် ဆောင်ရွက်ထားနိုင်သူများဖြစ်ကြတယ်။ သူတို့ရဲ့ဝန်ထမ်းတွေဟာ သူတို့တွေကို လေးစားချင်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို လုပ်ဆောင်ချင်ကြပါတယ်။ အဲဒီ CEO တွေဟာ ပြင်ပအနေအထားအရ မာကျောရင် မာကျောပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ဟာ တစ်ဖက်သားကို သနားစိတ်ရှိပြီး တစ်ဖက်သားပြောတာ နားထောင်လိုတဲ့ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာတရာရှိတဲ့ လူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက အကျဆုံးအရည်အချင်းတွေကတော့ စွန့်စားမှုကို မကြောက်ဘဲ တာဝန်ယူရဲတာနဲ့၊ တီထွင်လိုစိတ်ရှိတာတွေပါပဲ၊ ဒါပေမယ့် Entrepreneur အများစုဟာ ကိုယ်နဲ့ Start-up team ကိုဦးဆောင်နိုင်ဖို့ကိုတောင် သိပ်ပြီးအရည်အချင်း အပြည့်မှီကြပါဘူး။ သူတို့ရဲ့ team ထဲကလူတွေကို ဖိဖိစီးစီး အုပ်ချုပ်လိုက်ရင် သူတို့ team ထဲကလူတွေက team ကနေထွက်ခွာသွားမှာကို ကြောက်တာနဲ့ပဲ သေချာစွာ မစီမံနိုင်ကြပါဘူး၊ သူတို့ team ရဲ့ အများဆုံး အလုပ်လုပ်နိုင်စွမ်းကို အကုန်ညှစ်ထုတ်ပြီး လုပ်လာအောင် မစွမ်းဆောင်နိုင်သေးပါဘူး။

(၂) လောဘကြီးသင့်သလောက်မကြီးခြင်း

Entrepreneur အများစုဟာ သူတို့အလုပ်အပေါ်မှာ လောဘကြီးသင့်သလောက် မကြီးကြပါဘူး။ သူတို့ဟာ သူတို့ လုပ်ငန်းကို ပုံမှန်ထက်နည်းနည်းကျော်ရုံ၊ အရင်းကျေပြီးနောက် အမြတ်နည်းနည်းလောက် ပုံမှန်ရနေရုံဆိုရင်ပဲ သူတို့အတွက် လုပ်ငန်းက အောင်မြင်နေပြီလို့ သတ်မှတ်ကြပါတယ်။ သူတို့ဘဝ ပုံမှန်ဝင်ငွေတစ်ခုလောက်ကို ရချင်ရုံ၊ ဒါမှမဟုတ်သူတို့ကို သူတို့ လုပ်ငန်းရှင်လို့ မိတ်ဆက်ချင်ရုံထက်ပိုပြီး သူတို့မမျှော်လင့်ပါဘူး။ သူတို့ဟာ စွန့်စားမှု ပြုလုပ်ဖို့ကို ကြောက်လေ့ရှိပြီး စွန့်စားတာကနေ ရလာမယ့် အကျိုအမြတ်ထက် ပုံမှန်လေးရနေတဲ့ အမြတ်အစွန်းကို ပိုနှစ်သက်ကြပါတယ်။ အဲ့ဒါတွေရဲ့ အဓိကအကြောင်းအရင်းကတော့ လောဘမရှိတာပါ။ လောဘမရှိလို့ မစွန့်စားချင်၊ မစွန့်စားချင်လို့ အကျိုးအမြတ် အများကြီးရမှာနဲ့ လွဲချော်ရတာပါ။ ဒါပေမယ့် တကယ့်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ လောဘကြီးရပါမယ်၊ စွန့်စားရပါမယ်၊ စွန့်လွှတ်ရပါမယ်။ လုပ်ငန်းအောင်မြင်ဖို့ လောဘဟာ ဘဝရဲ့ တခြားသော အရာအားလုံးကို လိုချင်တဲ့ လောဘထက်ပိုကြီးနေရပါမယ်၊ ထို့ကြောင့် Entrepreneur အနေနဲ့ အကြီးအကျယ်အောင်မြင်ချင်ရင် အလုပ်နဲ့ပတ်သက်ရင် လောဘကြီးနိုင်သမျှ ကြီးဖို့လိုပါတယ်။

(၃) အလုပ်ကို အင်ပြည့်အားပြည့်မလုပ်ခြင်း

Start-up Entrepreneur အများစုဟာ အလုပ်ကို လုပ်လို့ဖြစ်လောက်ရုံပဲလုပ်ပါတယ်။ အလုပ်အပေါ် အကောင်းဆုံး လုပ်တယ်ဆိုပေမယ့် တကယ့်အကောင်းဆုံး မဟုတ်ပါဘူး၊ သူတို့ဟာ သူတို့အလုပ်အပေါ်ကို ဒီထက်ပိုပြီး လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဖြစ်ကြပါဘူး။ ဒါဟာ မကောင်းတဲ့ အလေ့အကျင့်ဖြစ်ပြီး တကယ်အောင်မြင်ချင်တဲ့ သူတွေက ဒီလိုမလုပ်ကြပါဘူး။ တကယ် အောင်မြင်ချင်တဲ့ သူတွေက သူတို့အလုပ်ကို ဘယ်လိုအောင်မြင် တိုးတက်အောင် လုပ်ရပါ့မလဲဆိုတာကို အမြဲလေ့လာနေသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ အောင်မြင်ချင်တယ်ဆိုရင် အလုပ်ကို အင်ပြည့်အားပြည့်လုပ်၊ တိုးတက်အောင် အမြဲကြံဆ၊ အချိန်ရှိတိုင်းလေ့လာဆည်းပူးနေဖို့လိုပါတယ်။ အလုပ်ဖြစ်ရုံး လုပ်မယ်ဆိုရင် ဘဝဟာလည်း အလုပ်ဖြစ်ရုံလောက်သာ အောင်မြင်ပါလိမ့်မယ်။

ဒီအချက် ၃ ချက်ဟာ အမြဲမှန်နေတဲ့ အချက် ၃ ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြီးအကျယ် အောင်မြင်ချင်တယ်ဆိုတဲ့ Entrepreneur တိုင်းဟာ ဒီအချက်ကိုရှောင်ရပါမယ်။ အောင်မြင်မှုတိုင်းဟာ လုပ်ရမယ့်ကိစ္စတွေကို လုပ်ခဲ့တာအပြင် ရှောင်ရမည့်ကိစ္စတွေကိုလဲ ရှောင်ခဲ့တာကြောင့် ရရှိခဲ့တာပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Credit: ZTK

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ