အဆီဖရီး အာလူးကြော်

အဆီဖရီး အာလူးကြော်
စားသောက်ဆိုင်တစ်ခုရှေ့တွင် 'ဖတ်ဖရီး အာလူးကြော် (အဆီလွတ်အာလူးကြော်) ဟူသော ဆိုင်းဘုတ်၏ ဆွဲဆောင်မှုကြောင့် လူတစ်ယောက်က ကားရပ်ပြီး ဖတ်ဖရီး အာလူးကြော်မှာလိုက်သည်။ သူ့ရှေ့မှာပင် အာလူးကြော်ကို ဆီထဲထည့်ကြော်ပြီး စကာဖြင့် စစ်ကာအိတ်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုအခါ ဈေးဝယ်သူက''ဟင်၊ မင်းတို့ပြောတော့ ဖတ်ဖရီးအာလူးကြော် ဆို'' ဟု ဆိုသောအခါ ဆိုင်အလုပ်သမားက ''ဟုတ်ကဲ့၊ ဖတ်(အဆီ)က ဖရီး(အလကား) ပါ၊ ကျွန်တော်တို့က အာလူးအတွက်ပဲ ပိုက်ဆံယူထားပါတယ် ခင်ဗျ'' ဟု ဆိုပါသည်။

ဥပဒေသ။ ။ ကြော်ငြာကောင်းလျှင် ပုံမှန်ဖောက်သည်များစွာရရှိစေနိုင်သည်။ သို့သော် ကျော်အောင်ညာသော ''ကျော်ညာ'' ဖြစ်လျှင်တော့ တစ်ခါဆက်ဆံ ပြန်မလာချင်သူများနှင့်သာ ဆုံရလိမ့်မည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ
ရီနေနိုင်

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ