ကိုယ့်အထက်လူကြီးကို အလုပ်ဖြုတ်သင့်တဲ့ အကြောင်းရင်း ၅ ခု

ကိုယ့်အထက်လူကြီးကို အလုပ်ဖြုတ်သင့်တဲ့ အကြောင်းရင်း ၅ ခု
လူတော်တော်များများရဲ့ ကိုယ်ရေးကိုယ်တာငွေကြေးကိစ္စရပ်တွေက သူတို့အလုပ်နဲ့ ပတ်သက်ဆက်နွှယ်နေ တတ်ပါတယ်။လစာနည်းတာပဲဖြစ်ဖြစ်၊ များတာပဲဖြစ်ဖြစ် အဲဒီငွေပမာဏအပေါ်မှာ သူတို့မှီခိုရပ်တည်ကြပါတယ်။ သူတို့အလုပ်အတွက် နေ့နေ့ညညအချိန်ပေးပြီး လုပ်ကြပါတယ်။ သူတို့ရဲ့အလုပ်အတွက် သူတို့ရှင်သန်နေသလို မျိုးပါ။

ကိုယ့်ရဲ့အထက်လူကြီးက ပေါင်းသင်းဆက်ဆံရခက်တဲ့အခါ အခက်ကြုံတတ်ပါတယ်။ မန်နေဂျာပဲဖြစ်ဖြစ်၊CEO ပဲဖြစ်ဖြစ် ခေါင်းဆောင်ကောင်းမပီသဘူးဆုိရင် အဖွဲ့အစည်းအတွက် အကျိုးမပေးပါဘူး။ အထူးသဖြင့် ကိုယ့်ဘဝ၊ ကိုယ့်ရဲ့စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကိုယ့်ရဲ့အထက်လူကြီးကိုအလုပ်ထုတ်သင့်တဲ့ အချက် ၅ ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အထက်လူကြီးက အမြဲတမ်းအော်ငေါက်ပြောဆိုနေတဲ့အခါ။

အော်ငေါက်တတ်တဲ့ အထက်လူကြီးတွေက သူတို့ကိုယ်သူတို့ မထိန်းနိုင်ကြသလို သူတို့ဝန်ထမ်းတွေကိုလည်း မထိန်းနိုင်ကြပါဘူး။ အမိန့်နာခံစေချင်လို့ အော်ငေါက်တာမျိုးကို ဘယ်သူမှလေးစားမှာမဟုတ်ပါဘူး။ ဆူပူလိုက်လို့ ဝန်ထမ်းတွေ အလုပ်မြန်မြန်ပြီးအောင်လုပ်မယ်လို့ ထင်တဲ့အထက်လူကြီးတွေကသာ မှားနေတာပါ။

အမြဲတမ်းဆူပူနေတတ်တဲ့ အထက်လူကြီးကို ဘယ်ဝန်ထမ်းကမှ ယုံကြည်မှာမဟုတ်ပါဘူး။ အထက် လူကြီးဆူပူမှာကို လန့်နေရတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်အပေါ် ဘယ်တော့မှ ချစ်ခင်လေးစားမှာမဟုတ်ပါဘူး။

အဖွဲ့ခေါင်းဆောင်က အော်ငေါက်နေရင် ဘယ်အဖွဲ့မှ အလုပ်မဖြစ်ပါဘူး။ အဖွဲ့သားတွေက အလုပ်ပြီး မြောက်အောင်မြင်ဖို့ ဇွဲတစ်ခုနဲ့ တက်ညီလက်ညီလုပ်ဆောင်မှ အဖွဲ့တိုင်းဟာ အလုပ်ဖြစ်မှာပါ။ အဖွဲ့တစ်ဖွဲ့ အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်နဲ့လည်းသက်ဆိုင်ပါတယ်။

ခေါင်းဆောင်တွေဟာ အဖွဲ့သားတွေအပေါ်မှာ သြဇာသက်ရောက်မှုလုံးဝမရှိရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဖွဲ့သားတွေကို ပြောဆိုဆက်ဆံတဲ့ပုံစံတွေ ကွဲပြားသွားလို့သာ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့ ခေါင်းဆောင်ဆိုတာရှိတာပါ။ အဖွဲ့သားတွေကို ဘယ်လိုစီမံမလဲဆိုတာ ခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်ပါ တယ်။ ဝန်ထမ်းတွေကို ကောင်းကောင်းမအုပ်ချုပ်နိုင်ရင် အလုပ်လည်းမဖြစ်သလို အဖွဲ့အစည်းကိုလည်း နစ်နာစေမှာပါ။

၂။ အထက်လူကြီးက ကိုယ့်အလုပ်အကြောင်းကို တကယ်နားမလည်တဲ့အခါ။

ကိုယ်ကဒုဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲရေးအရာရှိပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းအကြောင်းကို နှံ့နှံ့စပ်စပ် သိကျွမ်းနားလည် နေရပါမယ်။ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတွေအပြင် လုပ်ငန်းတစ်ခုလုံးကို နားလည်ထားသင့်ပါတယ်။

အဖွဲ့သားတွေရဲ့ အလုပ်မှန်သမျကို ခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်။ ခေါင်းဆောင်က နေရာတိုင်းမှာ ထူးချွန်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အလုပ်ပြီးမြောက် အောင်ကူညီပေးနိုင်ရပါမယ်။

ခေါင်းဆောင်တော်တော်များများက ပြဿနာဖြစ်လာရင်မဖြေရှင်းဘဲ အသင်းသားတွေကို အပြစ်ပုံချ လေ့ရှိပါတယ်။ သူတို့တွေဟာ လုပ်ငန်းအကြောင်းကို သေချာနားမလည်တဲ့အတွက် အရေးကြီးတဲ့အရာတွေကို အလေးထားပြီး ဖြေရှင်းမှာမဟုတ်ပါဘူး။

၃။ အထက်လူကြီးကအလုပ်အပေါ် တကယ်စိတ်ဝင်တစားမလုပ်ဘဲ အလုပ်ခိုကပ်တဲ့သူဆိုရင်။

ဒီမေးခွန်းက မခက်ခဲပါဘူး။ အထက်လူကြီးက လုပ်ငန်းတိုးတက်စေဖို့အတွက် ကြိုးပမ်းနေသူလား၊ အလုပ်လုပ်ရမှာကို တွက်ကပ်နေသူလား။ အလုပ်ကို စိတ်ဝင်တစားလုပ်တဲ့သူလား၊ အလုပ်ခိုကပ်တဲ့သူလားဆိုတာ ခွဲခြားရလွယ်ပါတယ်။ လုပ်ငန်းတစ်ခုလုံး တိုးတက်အောင်မြင်ဖို့ကို အဓိကထားပြီး ကြိုးစားနေတဲ့အထက်အရာရှိဆိုရင် အလုပ်ကိုစိတ်ပါပါနဲ့ လုပ်နေတဲ့သူပါ။ အလုပ်မှာဟန်ပြ လုပ်နေတဲ့အထက်လူကြီးဆိုရင် သူ့ကိုယ်ကျိုးအတွက်ပဲကြည့်ြပီး တခြားဘာကိုမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူဟာ လုပ်ငန်း၊ ရှယ်ယာရှင်တွေ၊ ဝန်ထမ်းတွေကို အဓိကထားပြီးလုပ်ပေးရမယ့်အစား သူတို့အတွက်ပဲ သူတို့လုပ်ဆောင်ကြပါတယ်။

အလုပ်ခိုကပ်တဲ့ အထက်အရာရှိ၊ အလုပ်ရှင်တွေအကြောင်းကို အသင်းသားတွေနဲ့ ဖောက်သည်တွေ သိလာရင် အဲဒီအလုပ်ရှင်တွေဟာ ကြာကြာမခံနိုင်ပါဘူး။ ခေါင်းဆောင်နိုင်စွမ်းကျဆင်းလာမယ့်အပြင် လုပ်ငန်းကို ပါထိခိုက်လာပါလိမ့်မယ်။

Harry Truman ရဲ့ ''ဘယ်သူက ဘယ်လိုပဲအမှတ်ရရ ဂရုမစိုက်ဘဲ ကိုယ်သာအလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ'' ဆိုတဲ့ အမှာစကားကို မမေ့လိုက်ပါနဲ့။

၄။ အထက်လူကြီးက လုပ်ငန်းရဲ့ဓလေ့ထုံးစံကို နားမလည်တဲ့အခါ။

အထက်လူကြီးက လုပ်ငန်းတစ်ခုလုံးရဲ့ ဓလေ့ထုံးစံကို နားမလည်ရင်တော့ တော်တော်ကို ဆိုးဝါးပါတယ်။ အ ထက်အရာရှိတွေ၊ မန်နေဂျာတွေက သူတို့ရဲ့မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ပြီး ကုမ္ပဏီရဲ့ဓလေ့ထုံးတမ်းတည်မြဲအောင်၊ ကုမ္ပဏီအတွက် ခိုင်မာတဲ့ရည်မှန်းချက်တွေ ချမှတ်ဖိို့လိုပါတယ်။

အရေးတယူနားထောင်တတ်ဖို့၊ စေ့စပ်ညှိနှိုင်းတတ်ဖို့အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ ဓလေ့ထုံး တမ်းကို နားမလည်တဲ့ အထက်လူကြီးတွေက လုပ်ငန်းနဲ့ တဖြည်းဖြည်းဝေးကွာလာမှာဖြစ်ပြီး ဝန်ထမ်းတွေကိုလည်း မစီမံနိုင်တော့ပါဘူး။ ခိုင်မာတဲ့ ရည်ရွယ်ချက်မရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ကျရှုံးသွားမှာပဲ ဖြစ်ပါတယ်။

၅။ အထက်လူကြီးက အရေးကြီးတဲ့ ကိစ္စရပ်တွေမလုပ်ဘဲ အသေး အဖွဲတွေကို အလေးထားလုပ်နေတဲ့အခါ။

အထက်လူကြီးက အသေးအဖွဲတွေကိုပဲ အရေးယူပြီး လုပ်နေသလား။ လုပ်နေတယ်ဆိုရင်တော့ သူတို့ဟာအရေးကြီးတဲ့ ကိစ္စတွေလုပ်ဖို့အာရုံမရှိပါဘူး။ အမှားသေးသေးလေးကို ပုံကြီးချဲ့ပြီး အပြစ်တင်တတ်တဲ့ မန်နေဂျာတွေ၊ အရေးမပါတဲ့ အလုပ်တွေအတွက် အချိန်ယူပြီး လုပ်ခိုင်းတတ်တဲ့ မန်နေဂျာတွေနဲ့လည်း ကြုံဖူးပြီ။ ခေါင်းဆောင်ကောင်းတွေဟာ အရေးကြီးတဲ့ကိစ္စတွေကို အရင်ဆုံးစီမံခန့်ခွဲသလို တခြားလူတွေရဲ့အချိန်ကိုလည်းလေးစားသူဖြစ်ပါတယ်။

အရာရာကို အသေးစိတ်နားလည်ထားရမယ့်အပြင် အရေးကြီးတဲ့ကိစ္စရပ်တွေအတွက် အရေးတယူဖြေ ရှင်းတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှဝန်ထမ်းတွေကို တာဝန်ကိုယ်စီခွဲဝေပေးပြီး ကုမ္ပဏီအတွက် အကောင်းဆုံးလုပ်ပေးနိုင်မှာပါ။

Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ