ကမ္ဘာ့အချမ်းသာဆုံး သူဌေးများရဲ့ တူညီတဲ့ အလေ့အကျင့် ၆ ခု

ကမ္ဘာ့အချမ်းသာဆုံး သူဌေးများရဲ့ တူညီတဲ့ အလေ့အကျင့် ၆ ခု
လူချမ်းသာကြီးများဖြစ်ကြတဲ့ Bill Gate ၊ Jack Ma ၊ Sir Richard Branson နဲ့ Apple ရဲ့ CEO ဖြစ်သူ Tim Cook တို့အားလုံးမှာ တူညီတဲ့အချက်တွေရှိကြပါတယ်။ သူတို့ဟာ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးများဖြစ်ကြမယ်။ သူတို့မှာ တူညီတဲ့အချက်တွေ၊ တူညီတဲ့ အလေ့အထတွေရှိကြတယ်။ တကယ်တော့လည်း ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ အလေ့အထလိုက်ပြီး ဘဝမှာဖြစ်တည်လာကြတာပါဘဲ။ အောင်မြင်ကြသူတွေဟာ သူတို့ရဲ့ အလုပ်အောင်မြင်ရေးအတွက် လိုအပ်တဲ့ အလေ့အထများကို မွေးမြူကြရပါတယ်။

အဲဒီလိုအောင်မြင်သူများနဲ့ ရှိကြတဲ့အလေ့အထ ၆ ခုကို တင်ပြလိုက်ပါတယ်။

၁။ ချမ်းသာကြွယ်ဝသူများဟာ အိပ်ယာစောစောထတဲ့ အကျင့်ရှိကြတယ်။

Apple CEO  ဖြစ်သူ Tim Cook ဟာ မနက်လေးနာရီခွဲမှာ အိပ်ယာထလေ့ရှိတယ်။ ပြီးတာနဲ့ ကုမ္ပဏီရဲ့ E-mail တွေကို စပို့တော့တာပါပဲ။ နာရီဝက်အတွင်းမှာပဲ ကိုယ်လှုပ်ရှားအား ကစားရုံကိုသွားတယ်။ ငါးနာရီလောက်မှာ သူအဲဒီကိုရောက်ပြီး ၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တယ်။ ဒီလို အိပ်ယာစောစောထကြသူတွေထဲမှာဆိုရင် သူ့အပြင် Disney ရဲ့ CEO Robert Iger  ၊ Starbucks ရဲ့ CEO ဟောင်း Howard ၊ Virgin Group ရဲ့ Founder Sir Richard Branson  နဲ့ Pepsi Co ရဲ့ CEO Indra Nooyi တို့လည်းပါပါတယ်။ သိပ္ပံနည်းကျလေ့လာချက်တစ်ရပ်အရ မနက်စောစောအိပ်ပါထကြသူများဟာ အလုပ်တွေ ပိုမိုတွင်တွင်ကျယ်ကျယ်များ များစားစားလုပ်နိုင်ကြပုံသာမက ပိုလည်းစိတ်ချမ်းသာကြတယ်လို့ သိရတယ်။

၂။ ဘာမှမလုပ်ဘဲ အပျင်းထူနေတဲ့အချိန်တွေ မရှိသလောက်ပါဘဲ။

လူချမ်းသာများဖြစ်ကြတဲ့ Opera Winfrey နဲ့ Warren Buffett  တို့ဟာ သူတို့ဘာလုပ်မယ်ဆိုတာကို ပြောနေတာက နည်းတယ်။ ပထမဦးဆုံးလုပ်စရာရှိတာကို ပြီးအောင်စလုပ်ကြသူတွေဖြစ်တယ်။ သူတို့အဖို့ အချိန်ဟာငွေပါပဲ။ သူတို့လုပ်စရာရှိပြီဆိုရင် ဘယ်သူ့ရဲ့ သဘောတူညီချက်ကိုမှ မစောင့်ဘဲလုပ်ကြတယ်။ ဆင်းရဲသူတွေနဲ့ချမ်းသာ သူတွေကွာခြားတာကတော့ ချမ်းသာသူတွေက လုပ်စရာကိုတွေးပြီး ထလုပ်ကြတယ်။ လူအများအပြား မကြီးပွားကြတာဟာ အပျင်းကြီးနေကြလို့ပါပဲ။ အများစုဟာ အတွေးတွေများပြီး အလုပ်နည်းကြပါတယ်။

၃။ ငြင်းဆန်တတ်ကြတယ်။

သူတို့ဟာ သူတို့ရဲ့ အလုပ်ပျက်မယ့်ဟာဆိုရင် အားလုံးကိုမလုပ်ဖို့ငြင်းဆန်တတ်ကြတယ်။ သူတို့ရိုင်းစိုင်းရာရောက်အောင် ငြင်းဆန်တတ်ကြသူတွေဖြစ်တယ်။ သူတို့ဟာ သူတို့လုပ်စရာရှိတာကို အပျက်မခံကြဘူး။

၄။ ငွေကို တိုးပွားအောင်လုပ်တတ်ကြတယ်။

ရှိတဲ့ငွေကို ဘယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာ သိကြတယ်။ ကံကိုအားကိုး မနေကြဘူး၊ လုပ်သင့်တာတွေ လုပ်နေရင် ကံကောင်းလာမှာပဲလို့ ယူဆကြသူတွေဖြစ်ပါ တယ်။

၅။ ဦးတည်ချက်တွေရှိတယ်။

ဦးတည်ချက်တွေကို မှန်မှန်ကန်ကန်ချထားကြတယ်။ လူအများအပြားဟာ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်စွာ တွေးတတ်ကြတယ်။ ဒီလူချမ်းသာများကတော့ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ ဦးတည်ချက်တွေသာ ထားကြတယ်။ အောင်မြင်အောင်လည်း အာရုံစိုက်လုပ်ကိုင် ကြတယ်။

၆။ အသိတရားတွေ ရရှိတိုးပွားအောင် ကိုယ့်အားကိုယ်ကိုးကြိုးစား ကြတယ်။

သူတို့ဟာ တီဗွီကြည့်ပြီး အချိန်မဖြုန်းကြဘူး။ စာတွေဖတ်ကြတယ်။ မတတ်သေးတာတွေကို တတ်အောင်သင် ကျက်မှတ်လေ့လာတယ်။ လုပ်ငန်းအတွက်ကိုအပ်တဲ့ ဆီလျော်ဆက်စပ်မှုရှိတဲ့ ကျွမ်းကျင်မှုတွေ ရအောင်ကြိုးစားကြတယ်။ အသိပညာရှိသွားရင် လုပ်မှားကိုင်မှားတွေ ရှောင်လို့ရတယ်။

ညွန့်သောင်း (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)
Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ