ပိုတော်တဲ့ ခေါင်းဆောင်ဖြစ်စေနိုင်တဲ့ ၁၀ မိနစ်စာ နေ့စဉ်လေ့ကျင့်ခန်း

ပိုတော်တဲ့ ခေါင်းဆောင်ဖြစ်စေနိုင်တဲ့ ၁၀ မိနစ်စာ နေ့စဉ်လေ့ကျင့်ခန်း

ပိုတော်တဲ့ ခေါင်းဆောင်ဖြစ်စေနိုင်တဲ့ ၁၀ မိနစ်စာ နေ့စဉ်လေ့ကျင့်ခန်း


အစွမ်းထက်ဆုံး စီအီးအိုတွေကအစ ကမ္ဘာကျော်အားကစားသမားတွေအဆုံး သတိရှိမှုရဖို့အတွက် တရားထိုင်တာဟာ စွမ်းဆောင်ရည်မြှင့်တင်ဖို့ အသုံးများတဲ့လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါပြီ။ သတိရှိခြင်းကြောင့် ကိုယ်ဟာ ပိုတော်တဲ့ခေါင်းဆောင်၊ မိတ်ဆွေနဲ့ ကိုယ့်ဝန်းကျင်ကို ထိန်းချုပ်သူ ဖြစ်လာနိုင်ပါတယ်။ သတိရှိမှုကို နာရီပေါင်းများစွာ နှုတ်ဆိတ်နေဖို့ လိုအပ်တဲ့အပြုအမူတစ်ခုအဖြစ် မကြာခဏယူဆခံရတဲ့ တရားထိုင်ခြင်းအားဖြင့် ရယူနိုင်ပါတယ်။

နေ့စဉ် အချိန်ကြာမြင့်စွာ အလုပ်လုပ်၊ အိပ်ချိန်ကိုလျှော့ပြီး ဖြစ်သလိုစားသောက်ခြင်းတွေကြောင့် စိတ်ဖိစီးမှုခံစားရပြီး ခြေကုန်လက်ပန်းကျလာနိုင်ပါတယ်။

တကယ်တော့ လူဟာ ထိန်းချုပ်လို့ရနိုင်တာတွေကို ထိန်းချုပ်ဖို့ပဲ စိတ်ပူသင့်ပါတယ်။ လက်ရှိ ကိုယ့်ရဲ့ထိန်းချုပ်မှုနဲ့ဝေးတဲ့ ပြင်ပကိစ္စများစွာအတွက် စွမ်းအင်တွေအကုန်ခံပြီး စိုးရိမ်မနေသင့်ပါဘူး။ ခေါင်းဆောင်မှုပညာ၊ ဈေးကွက်တင်မှုနဲ့ စာနာမှုဆိုင်ရာ စာအုပ်တွေဖတ်ပြီး အွန်လိုင်းရေဒီယိုတွေ နားထောင်တဲ့အခါမှာ အဲဒီမှာ အများစုက တရားထိုင်ဖို့နဲ့ သတိရှိဖို့ အကြံပေးထားကြတယ်။ အဲဒါနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုလေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်ကြောင်းပြန်တွေးမှုတွေ လျော့နည်းသွားတယ်

ဆက်တိုက်စိတ်ပူခြင်းနဲ့ အပျက်သဘောအတွေးတွေကို သရုပ်ပြခြင်းဟာ စိတ်ကျန်းမာရေးအတွက် စိုးရိမ်မကင်းဖွယ် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ နောက်ကြောင်းပြန်တွေးတာဟာ စိုးရိမ်သောကနဲ့ စိတ်ကျရောဂါဖြစ်ပွားနှုန်းကို မြှင့်တင်ပေးနိုင်ကြောင်း၊ သတိရှိတဲ့လူတွေဟာ အပျက်သဘောအတွေးတွေ လျော့နည်းဖွယ်ရှိကြောင်း BMC Psychiatry စာစောင်မှာ ၂၀၁၃ ခုနှစ်က လေ့လာချက်မှာဖော်ပြထားပါတယ်။ မကောင်းတဲ့ စိတ်ကူးမှန်းဆမှုတွေကို ထည့်စဉ်းစားဖို့ အရေးကြီးပေမယ့် အဲဒါတွေကို မစွဲလမ်းသင့်ပါဘူး။ ဘယ်သူမှအရာရာကို အဖြေရှာမထားသေးတာက ရယ်စရာကောင်းပါတယ်။ စီအီးအိုတိုင်းမှာ သူတို့ကုမ္ပဏီ လုပ်သင့်တဲ့လုပ်ငန်းလည်ပတ်မှုဆိုင်ရာနဲ့ နည်းဗျူဟာပြုပြင်မှုတွေကို စာရင်းပြုစုထားပါတယ်။ သူ့ရဲ့ လုပ်ငန်းတစ်ခုတည်းတွေကသာ မဟုတ်ဘဲ ဘယ်လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ အဲဒီစိတ်ဖိစီးမှုတွေ ရှိနေကြောင်း သဘောပေါက်တဲ့အခါ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အများကြီး ပိုလွယ်ကူလာပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ခံစားချက်နဲ့ စိတ်အခြေအနေတွေကို ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ တပည့်တပန်းတွေဆီ ကူးစက်စေပြီး ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ကျန်းမာရေးကို နောက်ဆုံးမှာ သက်ရောက်မှု ဖြစ်စေပါလိမ့်မယ်။

၂။ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပေးတယ်

စိတ်ဖိစီးမှုတိုးပွားလာခြင်းဟာ ကျန်းမာရေးပြဿနာအတော်များများ၊ ညံ့ဖျင်းတဲ့သိမြင်မှုလုပ်ဆောင်ချက်နဲ့ တစ်စိတ်တစ်ပိုင်း အနေတော်ဆုံးဖြတ်ချက်ချမှတ်ခြင်းစတဲ့ လုံးဝရှောင်ရှားချင်တဲ့ အရာအားလုံးနဲ့ ဆက်စပ်နေပါတယ်။ သတိရှိမှုလေ့ကျင့်ထားတဲ့ လူတွေဟာ မကျင့်ကြံတဲ့ လူတွေနဲ့ယှဉ်ရင် ဖိစီးမှုရှိတဲ့အခြေအနေတွေကို အပြုသဘောပိုဆန်စွာတုံ့ပြန်နိုင်စွမ်းရှိကြကြောင်း Psychiatry Research မှာပါဝင်တဲ့ လေ့လာချက်အရ သိရပါတယ်။ ဖိစီးမှုရှိတဲ့ အခြေအနေတွေကို စီးပွားရေးလုပ်ငန်းမှာ ရှောင်ရှားလို့ မရပါဘူး။ အဲဒါတွေကို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြေရှင်းပုံတွေက အတော်လေးကျယ်ပြန့်စွာ ကွဲပြားနိုင်ပါတယ်။ ဒီအခြေအနေပြီးဆုံးသွားပြီး ဖိစီးမှုဟာ ရေတိုသာဖြစ်မှန်း သင်သဘောပေါက်နိုင်ရင် ဆက်လက်ပြီး ပိုတည်ငြိမ်နေပါလိမ့်မယ်။ ကိုယ့်ပြုမူလှုပ်ရှားမှုတွေဟာ ကူးစက်နိုင်ပါတယ်။

ကိုယ့်လုပ်ငန်းအခြေအနေယိမ်းယိုင်နေကြောင်း ပထမဆုံးလက္ခဏာကို မြင်တာနဲ့ ဆောက်တည်ရာမရဖြစ်ပြီဆိုရင် ကိုယ့်အဖွဲ့ဝင်တွေက ကိုယ့်ကို စတင်စွန့်ခွာသွားပါလိမ့်မယ်။ သီတင်းပတ်ကုန်ရက် (စနေ၊ တနင်္ဂနွေ) မှာ အလုပ်လုပ်ဖို့၊ ဒါမှမဟုတ် အနားယူဖို့ စိတ်မပူဘဲ ပုံမှန်အချိန်ရုံးဆင်းစပြုတဲ့အခါ အလုပ်မှာ ဖိစီးမှုနည်းလာမှန်း ကိုယ်တိုင်ရိပ်မိလာပါမယ်။ စာရေးသူသိထားတဲ့ မှန်ကန်တဲ့ အချက်နှစ်ချက်က

- အလုပ်ကို နှစ်ရက်လောက်ပစ်ထားရုံနဲ့ လုပ်ငန်းက ဘာမှမဖြစ်ပါဘူး။

- အလုပ်ဟာ ဘဝတစ်ခုလုံးမဟုတ်ဘဲ ဘဝရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်။

အဲဒီလိုရှင်းလင်းစွာ သိရှိရခြင်းကြောင့် မိမိဘာသာသတ်မှတ်ထားတဲ့ ဖိအားတွေလျော့ပြီး ဖောက်သည်တွေအတွက် ပိုကောင်းမွန်တဲ့အလုပ်တွေကို ဖန်တီးပေးခွင့်ရရှိကြောင်း တွေ့ရှိရပါတယ်။

၃။ တုံ့ပြန်တဲ့ဆုံးဖြတ်ချက်တွေကို ပိုလျှော့ပြီးချမှတ်တယ်

Frontiers Human Neuroscience စာစောင်ထဲက လေ့လာချက်အရ သတိရှိမှုကျင့်သုံးခြင်းက ဆုံးဖြတ်ချက်ချမှတ်ရာမှာ ကိုယ့်ကိုတုံ့ပြန်မှု လျော့နည်းစေကြောင်း သိရပါတယ်။ ယခုနှစ်ဆန်းပိုင်းတုန်းက စာရေးသူတို့လုပ်ငန်းက လုပ်ပေးတဲ့ဒီဇိုင်းကို မကြိုက်လို့ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းကို ပြန်လုပ်ပေးနိုင်မလားလို့ ဖောက်သည်က မေးလာပါတယ်။ စာရေးသူအနေနဲ့ ချက်ချင်းမတုံ့ပြန်သေးဘဲ ဒီဖောက်သည်ဆီက အနာဂတ်မှာ ရရှိလာမယ့် ဝင်ငွေနဲ့အသစ်ပြန်လုပ်ပေးမယ့် ဒီဇိုင်းတွေရဲ့ စရိတ်တို့ကို နှိုင်းယှဉ်ကြည့်ပါတယ်။ အဲဒီမှာ အသစ်ပြန်လုပ်ပေးဖို့ ဘာမှမခဲယဉ်းဘူးဆိုတာ တွေ့ရပါတယ်။ ကိုယ်ကခေါင်းဆောင်ဖြစ်ရင် ကိုယ့်သက်တမ်းတစ်လျှောက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ လုပ်ရမှာပါ။ အလိုအလျောက် တုံ့ပြန်မှုမပြုခြင်းဟာ အောင်မြင်မှုအတွက် အင်မတန်အရေးပါလှပါတယ်။

၄။ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ရဲ့အထွေထွေလုပ်ဆောင်ချက်တို့ကို မြှင့်တင်ဖို့ အထောက်အကူပြုတယ်

ပိုကောင်းမွန်တဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်ရရှိပြီး ယေဘုယျအာရုံစိုက်နိုင်စွမ်းရှိခြင်းတို့ဟာ ခေါင်းဆောင်အားလုံး ရယူသင့်တဲ့အရာဖြစ်တယ်။ တရားထိုင်ခြင်းနဲ့ တိုးတက်တဲ့ သိမြင်တတ်မှု လုပ်ဆောင်ချက်တို့ကြားမှာ အပြုသဘောချိတ်ဆက်မှုကို ဆန်တာဘာဘရာမြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် (USSB) ရဲ့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။ သတိရှိမှုကို လေ့ကျင့်ခြင်းအားဖြင့် အရေးကြီးတဲ့ သတင်းတွေပြန်မှတ်မိနိုင်စွမ်း၊ စိတ်ဖိစီးတဲ့ အခြေအနေတွေ လျှော့ချနိုင်စွမ်းရှိကာ စိတ်ကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်။

ဘယ်လိုစတင်မလဲ

Headspace ၊ ဒါမှမဟုတ် Calm တို့လို အခမဲ့တရားထိုင်နည်းဆော့ဖ်ဝဲတွေ အများကြီးရှိပါတယ်။ ကိုယ်က အခုမှ စတင်တယ်ဆိုရင် တစ်ပတ်မှာ နှစ်ကြိမ်၊ တစ်ကြိမ်မှာ ငါးမိနစ်၊ ဆယ်မိနစ်စီ လမ်းညွှန်ပြသထားတဲ့ တရားထိုင်နည်းအတိုင်း စတင်နိုင်ပါတယ်။

နိုင်သီဟ
Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ