ဆက်သွယ်ပြောဆိုတတ်တဲ့ အရည်အချင်း ပိုကောင်းလာစေဖို့

ဆက်သွယ်ပြောဆိုတတ်တဲ့ အရည်အချင်း ပိုကောင်းလာစေဖို့
ထိထိရောက်ရောက်ဆက်သွယ်တတ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာပါ အရေးကြီးတဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေရအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အောက်ပါအတိုင်းတင်ပြထားတယ်။

ဆက်သွယ်ရေးဆိုင်ရာ ကျမ်းကျင်မှုအခြေခံများ


က။ ဆက်သွယ်ခြင်း (Communication) ဆိုတာ ဘာလဲဆိုတာ သိဖို့လိုတယ်။ ။ ဆက်သွယ်တယ်ဆိုတာ မိမိပြော ချင်တာကို သူများနားလည်သိရှိသွားအောင် စာရေးလို့ဖြစ်ဖြစ် ပါးစပ်နဲ့ပြောလို့ပဲဖြစ်ဖြစ် ပြုလုပ်တာပဲ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတည်ဆောက်ဖို့နဲ့ ပိုကောင်းအောင် ပြုလုပ်ဖို့အတွက်လည်း ဒီလိုဆက်သွယ်ခြင်းဆိုတဲ့ အလုပ်ကို လုပ်ကြရတာဖြစ်တယ်။

ခ။ ထင်တဲ့အတိုင်းပြောရဲပါစေ ။ ။ မိမိပြောတဲ့စကားဟာ အကျိုးရှိနိုင်တယ်ဆိုတာ ယုံကြည်ထားပါ။ မိမိရဲ့အတွေး အမြင်တွေ၊ ခံစားချက်တွေကို နေ့စဥ်နဲ့အမျအချိန်ယူပြီး သိအောင်လုပ်ပါ။ သူများတွေကို ဒီအကြောင်းတွေ ပြောပြတဲ့အခါ အချက်အလက် လုံလုံလောက်လောက်နဲ့ ပြောနိုင်ဖို့ ဖြစ်တယ်။ မိမိပြောလည်း အပိုပါပဲ၊ အရာရောက်မှာ မဟုတ်ဘူးဆိုပြီး ပြောရမှာတွန့်ဆုတ်နေဖို့မလိုပါဘူး။ လူတစ်ယောက်အတွက် အရေးကြီးတာ တန်ဖိုးရှိနေတာဟာ နောက်တစ်ယောက်အတွက် အဲဒီလို အရေးကြီးချင်မှကြီးမယ်၊ တန်ဖိုးရှိချင်မှရှိမယ်။

ဂ။ အလေ့အကျင့်လုပ်ပေးပါ။ ။ သာမညအကြောင်း အရာလေးတွေနဲ့ စပြီးလေ့ကျင့်ပြော ဆိုကြည့်ဖို့လို တယ်။ လူမှုရေးကိစ္စလေးတွေအစ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စတွေအထိ နေ့စဥ်ပြောဆို လေ့ကျင့်နိုင်တယ်။ ဘယ်စွမ်းရည်ပဲဖြစ်ဖြစ် ပီပီပြင်ပြင်ဖြစ်ဖို့ဆိုရင် အချိန်ယူရစမြဲဖြစ်တယ်။ ပြောရင်း ပြောရင်းနဲ့ပဲ နောင်အခါပူပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေ ရလာနိုင် တယ်။

စကားစပြောတဲ့အခါ


က။ မျက်လုံးချင်းဆုံပါစေ ။ ။ စကားပြောကြတဲ့အခါ မျက်လုံးချင်းဆုံရင် ပြောရတာ အောင်မြင်တတ်တယ်။ မျက်လုံးချင်းဆုံတော့ တစ်ဦးကိုတစ်ဦး ပြောတာကို စိတ်ဝင်စားနေပါလားဆိုတဲ့အသိ ရလာတယ်။ ဒါကိုအထောက်အကူဖြစ်စေတဲ့နည်းတစ်နည်းကတော့ မိမိပြောနေတာကို နားထောင်နေသူရဲ့မျက်လုံးတစ် ဖက်ကို ကြည့်၊ အဲဒီလို ကြည့်ရာကနေ နောက်တစ်ဖက်ကို ပြောင်း ကြည့်ပေးပါ။ ဒီလိုဘယ်ညာပြောင်းပြောင်းပြီး ကြည့်ပေးရင် သင့်မျက်လုံးတွေ ရှန်းလဲ့လာနိုင်မယ်။

နောက်တစ်နည်းကတော့ အင်္ဂလိပ်အက္ခရာ T ကို နားထောင်သူရဲ့မျက်နှာပေါ်မှာ စိတ်ကူးနဲ့မြင်ကြည့်ပါ။ T ရဲ့ ဒေါင်လိုက်မျဥ်းက နှာတံပေါ်မှာ အပေါ်လက်တံ တစ်ဖက်စီက မျက်တောင် မွေးတစ်ဖက်ပေါ်မှာ ထားကြည့် ပြီး အဲဒီ T ကို မိမိမျက်စိနဲ့ ဘယ်ညာကစားကြည့်ပါ။

ခ။ ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာနဲ့ပြောပါ ။ ။ လူနည်းနည်းရှေ့မှာပြောရင် အဲဒါတွေကို နည်းနည်းပဲ သုံးသင့်ပေမဲ့ ပရိသတ်များရင်တော့ ပိုပြီးအားနဲ့မာန်နဲ့သုံးပေးပါ။


ဃ။ စကားပြောနေစဥ်၊ ကိုယ့်ခြေလက်တွေရဲ့ အနေအထားကို သတိထားကြည့်ပါ ။ ။ ဒါတွေက ပြောစကားထက် ပိုပြီး အဓိပ္ပာယ်ရှိနိုင်တယ်။ လက်နှစ်ဖက်ဘေးချပြီး အေးဆေးဆေးပုံမျိုးနဲ့နေ တာမျိုး ဆိုရင် ဒီလူဟာ ချဥ်းကပ်ရလွယ်တယ်။ အေးအေးဆေးဆေးစကားပြောလို့၊ ဆွေးနွေးလို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ လက်တစ်ဖက်ပေါ် တစ်ဖက်တင်ထားပြီး ပခုံးကိုလည်း ကိုင်းထားမယ်ဆိုရင် ဒါဟာ စကားပြောတာကို စိတ်မဝင်စား၊ အပြန်အလှန် ဆက်သွယ် ဖို့စိတ်မရှိတဲ့အဓိပ္ပာယ်ဖြစ်တယ်။ အစကတည်းက ဒီလိုကိုယ်နေဟန်ထားမျိုးဆိုရင် ဆက်ပြောဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ရောက်သွားနိုင်တယ်။ သင့်တော်မှန်ကန်တဲ့ ကိုယ်နေဟန်ထားမျိုးရှိရင် ပြောရဆိုရခက်တဲ့ကိစ္စတောင် ပြေလည်ချောမွေ့သွားနိုင်တယ်။

င။ အပြုသဘောဆောင်တဲ့သဘောထားကို ပြပါ ။ ။ စိတ်ထားသဘောထားရိုးသားပါ။ စိတ်ရှည်ရှည်ထားပါ။ အ ကောင်းဘက်ကို မျော်တွေးပါ။ စိတ်စေတနာမှန်ပါစေ။ လေးစားမှုကိုပြပါ။ တစ်ပါးသူရဲ့ခံစားချက်ကို မျဝေခံစားတတ်ပါစေ။ သူတို့ရဲ့ကျမ်းကျင်မှုကိုလည်း ယုံကြည်ဖို့လိုတယ်။

စ။ မှန်မှန်ကန်ကန် နားလည်တတ်အောင် ကြိုးစားပါ ။ ။ သူများပြောနေတဲ့စကားများရဲ့အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်။

စကားအသုံးအနှုန်းမှန်ကန်ဖို့လို


(က) စကားလုံးတွေကို ဝါးမပြောပါနဲ့ ပီပီပြင်ပြင်ပြောပါ။

(ခ) အသံထွက်မှန်ပါစေ ။ ။ လူတွေက သင့်ရဲ့စကားလုံးအသုံးအနှုန်းကိုကြည့်ပြီး ဆုံးဖြတ်ကြမှာဖြစ်တယ်။ အသံ ထွက်အမှန်မသိတဲ့စကားလုံးကို ထည့်မသုံးပါနဲ့။

(ဂ) စကားလုံးအသုံးအနှုန်းမှန်ပါစေ ။ ။ မိမိကိုယ်တိုင် အဓိပ္ပာယ်နားမလည်တဲ့စကားလုံးကိုမသုံးပါနဲ့။ နေ့စဥ် အဘိဓာန်စာအုပ်လှန်ပြီး တစ်နေ့စကားလုံးအသစ်တစ်လုံးကျ သိဖို့အကျင့်လုပ်ထားပါ။ အဲဒီစကားလုံးကို နေ့စဥ် စကားပြောတဲ့အခါ သုံးစွဲပေးပါ။

(ဃ) ဖြည်းဖြည်းပဲပြောပါ ။ ။ သိပ်ပြီးမြန်မြန်ပြောရင် လူတွေက သင်ဟာ စိတ်ကယောင်ချောက်ချားဖြစ်နေပြီလို့ ထင်သွားကြမယ်။ သိပ်နှေးလွန်းတာလည်း မကောင်းဘူး။ သင်ပြောနေတာကို လူတွေက ထောက်ထောက်ပေးနေရ တတ်တယ်။

အသံကို ဂရုစိုက်ပါ


(က) အသံကောင်းအောင်ကြိုးစားပါ ။ ။ အသံက ညောင်နာနာလေး၊ အင်အားချိနဲ့တဲ့အသံမျိုးလေးဖြစ်နေရင် အသံသြဇာမရှိလို့ လူတွေက ယူဆကြမှာပဲ။ အဲဒီလို အသံက ညောင်နာနာဖြစ်နေရင် သူများတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတိုက်အခိုက်ခံနေရတဲ့သူလို့ ထင်စရာဖြစ်သွားနိုင်တယ်။ အလေးထားလောက်တဲ့လူလို့လည်း သဘောထားကြမှာပဲ။ ဒါကြောင့် အသံကောင်းဖို့အတွက်သီချင်းဆိုပေးပါ။

(ခ) အသံမှာ အသက်ဝင် ဖို့ လိုတယ် ။ ။ အသံအနိမ့် အမြင့်မရှိဘဲပြောရင် ငြီးငွေ့စရာကောင်းတယ်။ ဒါကြောင့် လန်းလန်းဆန်းဆန်းဖြစ်အောင် အနိမ့်အမြင့်နဲ့ပြောပါ။

(ဂ) အသံအတိုးအကျယ်ကိုလည်း သင့်အောင်လုပ်ပါ ။ ။ အတိုးအကျယ်ဟာ အခြေအနေနဲ့ လိုက်ဖက်ရမယ်။ နှစ်ယောက်ချင်းဖြစ်ဖြစ်၊ လူနည်းနည်းလေးမှာ သီးသန့်အနေအထားနဲ့ ပြောရရင် ပိုပြီး တိုးတိုးလေးပြောပါ။ လူအများကြီးကိုပြောရရင်တော့၊ ဒါမှမဟုတ် အလှမ်းဝေးရင်တော့ ဒီထက်ကျယ် ကျယ်ပြောပါ။

ညှန့်သောင်း
Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ